What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 14 December 2017 13:33

မနက်ခင်းမှာ ရေနွေးသောက်ပေးရင် ဘယ်လိုအကျိုးထူးမလဲ

မနက်ခင်းမှာ ရေနွေးသောက်ပေးရင် ဘယ်လိုအကျိုးထူးမလဲ google.com

မနက်ခင်းနိုးလာတဲ့အခါ ကော်ဖီတစ်ခွက် ဒါမှမဟုတ် လက်ဖက်ရည်တစ်ခွက်လောက်တော့ သောက်မိမှာပါ။

အချို့ကတော့ မနက်ခင်းကို ရေအေးအေးတစ်ခွက်နဲ့ စတင်လေ့ရှိကြပါတယ်။

မနက်ခင်း ဘာမှမစားရသေးခင်မှာ ရေနွေးနွေးလေး တစ်ခွက်လောက် သောက်ပေးတာက ကျန်းမာရေးအတွက် တော်တော်လေးအထောက်အကူဖြစ်စေတယ်လို့ သုတေသီတွေ တွေ့ရှိခဲ့ပါတယ်။

မနက်ခင်းရေနွေးသောက်တာကနေ ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးများမှာ

၁. အိုမင်းရင့်ရော်မှုကို ကာကွယ်

ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေရှိနေတာက အရွယ်မတိုင်ဘဲ အိုမင်းရင့်ရော်ရတဲ့ အကြောင်းရင်းခံပါ။ ရေနွေးက ကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

ပြုပြင်ပေးနိုင်သလို အရေပြားကျုံ့ဆန့်အားကိုလည်း တိုးတက်စေပါတယ်။

၂. ရာသီလာစဉ်နာကျင်မှု သက်သာ

ရေနွေးက ရာသီလာစဉ်နာကျင်မှု ဝေဒနာကို သက်သာစေနိုင်စွမ်းရှိပါတယ်။ အစာအိမ် ကြွက်သားတွေကိုလည်း ပြေလျော့စေနိုင်စွမ်းရှိပါတယ်။

ရေနွေးကဆံချည်မျှင်သွေးကြောလေးတွေထဲမှာ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး နာကျင်မှုဝေဒနာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။ ကြွက်သားတွေနာကျင်မှုကိုလည်း သက်သာစေနိုင်ပါတယ်။

၃. ကိုယ်အလေးချိန်ကျဆင်းစေနိုင်

ကိုယ်အလေးချိန်ကျဖို့ ကြိုးပမ်းနေတာဆိုရင်တော့ မနက်ခင်းတိုင်းမှာ ရေနွေးလေး တစ်ခွက်လောက် သောက်ပေးမယ်ဆိုရင် တော်တော်လေးအကျိုးပြုပေးမှာဖြစ်ပါတယ်။

ရေနွေးက ခန္ဓာကိုယ်အပူချိန်ကို တိုးစေနိုင်သလို ဇီဝတွင်းဖြစ်စဉ်တွေကိုလည်း တိုးတက် စေနိုင်ပါတယ်။

ဇီဝတွင်းဖြစ်စဉ်တွေ တိုးတက်လာတာက ကယ်လိုရီတွေကို ပိုမိုလောင် ကျွမ်းစေနိုင်တာကြောင့် ကိုယ်အလေးချိန်ကို ကျဆင်းစေနိုင်ပါတယ်။

၎. စာကျေညက်စေနိုင်

မနက်ခင်းမှာ ရေနွေးတစ်ခွက်သောက်ပေးမယ်ဆိုရင် အစာချေစနစ်ကိုလှုံ့ဆော်ပေးပြီး အစာကျေချက်မှုကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။

၅. သွေးလှည့်ပတ်မှုကို ကောင်းမွန်စေ

ရေနွေးသောက်သုံးတာက အာရုံကြောစနစ်နဲ့ ခန္ဓာကိုယ်တွင်းမှာ အဆီတွေ စုပုံမှုကို ဖယ်ရှား ပေးနိုင်ပါတယ်။ မနက်ခင်းမှာရေနွေးတစ်ခွက်လောက် သောက်သုံးပေးတာကကြွက် သားတွေကို ပြေလျော့စေနိုင်စွမ်းရှိသလို သွေးစီးဆင်းမှုနဲ့ သွေးလည်ပတ်မှုကိုကောင်းမွန်စေနိုင်ပါတယ်။

၆. ဝမ်းချုပ်တာကို သက်သာစေနိုင်

အူမကြီးလုပ်ဆောင်မှုမကောင်းတဲ့ အခါမျိုးမှာ ဖြစ်တတ်တဲ့ပြဿနာတစ်ခုက ဝမ်းချုပ်တာပါ။ သည်လိုဖြစ်ရတဲ့ အကြောင်းရင်းခံက ကိုယ်ထဲမှာရေဓာတ်မလုံမလောက်လို့ပါ။ မနက်ခင်းတိုင်းမှာ ရေနွေးနွေးလေး သောက်ပေးတာ၊ အစားမစားခင် ရေနွေးနွေးလေးသောက်ပေးတာတွေက အူမကြီးလုပ်ဆောင်မှုကို ကောင်းမွန်စေနိုင်တာကြောင့်ဝမ်းချုပ်တာကို သက်သာစေမှာ ဖြစ်ပါတယ်။

၇. အိပ်ပျော်စေနိုင်ခြင်း

အစားစားရင်းနဲ့ရေနွေးသောက်ပေးတာ၊ ညစာစားနေချိန်နဲ့ မအိပ်ခင်မှာရေနွေးတစ်ခွက်လောက် သောက်ပေးတာက ခန္ဓာကိုယ်ကို သက်သောင့်သက်သာဖြစ်စေပြီး အာရုံကြောတွေကိုလည်း ပြေလျော့သက်သာစေနိုင်ပါတယ်။ ကောင်းကောင်းလည်းအိပ်ပျော်စေပါတယ်။

Source: kumudranews

Read times
Rate this item
(1 Vote)