What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 02 January 2020 11:56

ကမ္ဘာ့ပထမဆုံး မျိုးဗီဇပြုပြင်ထားသော ကလေးများ ဖန်တီးမွေးဖွားခဲ့သည့် တရုတ်သိပ္ပံပညာရှင် ထောင်ချခံရ

ကမ္ဘာ့ပထမဆုံး မျိုးဗီဇပြုပြင်စီမံထားသည့် ကလေးများ ဖန်တီးမွေးဖွားခဲ့မှုကို အဓိကလုပ်ဆောင်ခဲ့သော တရုတ်သိပ္ပံပညာရှင်တစ်ဦးကို ဒီဇင်ဘာ ၃၀ ရက်တွင် တရုတ်တရားရုံးတစ်ခုက ထောင်ဒဏ်သုံးနှစ် ချမှတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

တရုတ်သိပ္ပံပညာရှင် ဟီ ကျန်ကွေးသည် HIV ပိုး ကူးစက်နိုင်စွမ်းမရှိအောင် မျိုးဗီဇပြုပြင်ပြောင်းလဲဖန်တီးထားသော အမွှာကလေးနှစ်ဦးအား မွေးဖွားပေးနိုင်ခဲ့ကြောင်း ယမန်နှစ်က ထုတ်ဖော်ကြေညာခဲ့ရာ နိုင်ငံတကာ သိပ္ပံအသိုင်းအဝိုင်းကို တုန်လှုပ်စေခဲ့သည်။

ယင်းကဲ့သို့ မျိုးဗီဇပြုပြင်စီမံထားသည့် ကလေးများ မွေးဖွားစေခဲ့သည့် ၎င်း၏ လုပ်ရပ်အပေါ် ရှုတ်ချဝေဖန်မှုများလည်း ထွက်ပေါ်ခဲ့သည်။

ယခုအခါ အဆိုပါ မျိုးဗီဇပြုပြင်စီမံထားသော ကလေးများ ကူညီမွေးဖွားပေးခဲ့မှုအတွက် အဓိက တာဝန်ရှိသူ ပါမောက္ခ ဟီ ကျန်ကွေးအား ထောင် သုံးနှစ် နှင့် ဒဏ်ငွေ ကန်ဒေါ်လာ ၄၃၀,၀၀၀ ချမှတ်လိုက်ကြောင်း Xinhua သတင်းအေဂျင်စီက ဖော်ပြသည်။

တရားဥပဒေနှင့် ဆန့်ကျင်နေသည့် ဆေးပညာ ကျင့်သုံးဆောင်ရွက်ခဲ့မှုအတွက် တရုတ် သိပ္ပံပညာရှင် ဟီ အား ရှန်ကျန်းမြို့ တရားရုံးက တစ်ခုက အထက်ပါ ပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းအေဂျင်စီက ဖော်ပြသွားခဲ့သည်။

အလားတူ အဆိုပါ ကိစ္စတွင် ပါမောက္ခ ဟီနှင့် အတူ ပူးပေါင်းပါဝင်လုပ်ဆောင်ခဲ့သည့် အခြားသော တရုတ် သိပ္ပံပညာရှင် နှစ်ဦးအားလည်း တရားရုံးက ထောင်ဒဏ်နှင့် ငွေဒဏ်များ အသီးသီး ချမှတ်ခဲ့သေးကြောင်း သိရသည်။

Mizzima Burmese

"အရည်အိတ် အလုံး၊ အဖုများနှင့် သင့်အရေပြား ကျန်းမာရေး" ဖတ်ရှုရန် နှိပ်ပါ။

အရည်အိတ် အလုံး၊ အဖုများနှင့် သင့်အရေပြား ကျန်းမာရေး

{Zawgyi}

=====

ကမာၻ႔ပထမဆုံး မ်ိဳးဗီဇျပဳျပင္ထားေသာ ကေလးမ်ား ဖန္တီးေမြးဖြားခဲ့သည့္ တ႐ုတ္သိပၸံပညာရွင္ ေထာင္ခ်ခံရ

ကမာၻ႔ပထမဆုံး မ်ိဳးဗီဇျပဳျပင္စီမံထားသည့္ ကေလးမ်ား ဖန္တီးေမြးဖြားခဲ့မႈကို အဓိကလုပ္ေဆာင္ခဲ့ေသာ တ႐ုတ္သိပၸံပညာရွင္တစ္ဦးကို ဒီဇင္ဘာ ၃၀ ရက္တြင္ တ႐ုတ္တရား႐ုံးတစ္ခုက ေထာင္ဒဏ္သုံးႏွစ္ ခ်မွတ္လိုက္ၿပီျဖစ္ေၾကာင္း သိရသည္။

တ႐ုတ္သိပၸံပညာရွင္ ဟီ က်န္ေကြးသည္ HIV ပိုး ကူးစက္ႏိုင္စြမ္းမရွိေအာင္ မ်ိဳးဗီဇျပဳျပင္ေျပာင္းလဲဖန္တီးထားေသာ အမႊာကေလးႏွစ္ဦးအား ေမြးဖြားေပးႏိုင္ခဲ့ေၾကာင္း ယမန္ႏွစ္က ထုတ္ေဖာ္ေၾကညာခဲ့ရာ ႏိုင္ငံတကာ သိပၸံအသိုင္းအဝိုင္းကို တုန္လႈပ္ေစခဲ့သည္။

ယင္းကဲ့သို႔ မ်ိဳးဗီဇျပဳျပင္စီမံထားသည့္ ကေလးမ်ား ေမြးဖြားေစခဲ့သည့္ ၎၏ လုပ္ရပ္အေပၚ ရႈတ္ခ်ေဝဖန္မႈမ်ားလည္း ထြက္ေပၚခဲ့သည္။

ယခုအခါ အဆိုပါ မ်ိဳးဗီဇျပဳျပင္စီမံထားေသာ ကေလးမ်ား ကူညီေမြးဖြားေပးခဲ့မႈအတြက္ အဓိက တာဝန္ရွိသူ ပါေမာကၡ ဟီ က်န္ေကြးအား ေထာင္ သုံးႏွစ္ ႏွင့္ ဒဏ္ေငြ ကန္ေဒၚလာ ၄၃၀,၀၀၀ ခ်မွတ္လိုက္ေၾကာင္း Xinhua သတင္းေအဂ်င္စီက ေဖာ္ျပသည္။

တရားဥပေဒႏွင့္ ဆန႔္က်င္ေနသည့္ ေဆးပညာ က်င့္သုံးေဆာင္႐ြက္ခဲ့မႈအတြက္ တ႐ုတ္ သိပၸံပညာရွင္ ဟီ အား ရွန္က်န္းၿမိဳ႕ တရား႐ုံးက တစ္ခုက အထက္ပါ ျပစ္ဒဏ္မ်ား ခ်မွတ္ခဲ့ျခင္း ျဖစ္ေၾကာင္း အဆိုပါ သတင္းေအဂ်င္စီက ေဖာ္ျပသြားခဲ့သည္။

အလားတူ အဆိုပါ ကိစၥတြင္ ပါေမာကၡ ဟီႏွင့္ အတူ ပူးေပါင္းပါဝင္လုပ္ေဆာင္ခဲ့သည့္ အျခားေသာ တ႐ုတ္ သိပၸံပညာရွင္ ႏွစ္ဦးအားလည္း တရား႐ုံးက ေထာင္ဒဏ္ႏွင့္ ေငြဒဏ္မ်ား အသီးသီး ခ်မွတ္ခဲ့ေသးေၾကာင္း သိရသည္။

"အရည္အိတ္ အလုံး၊ အဖုမ်ားႏွင့္ သင့္အေရျပား က်န္းမာေရး" ဖတ္ရႈရန္ ႏွိပ္ပါ။

အရည်အိတ် အလုံး၊ အဖုများနှင့် သင့်အရေပြား ကျန်းမာရေး

Read times
Rate this item
(1 Vote)