What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 10 August 2022 14:26

အိပ်ရေးပျက်ခြင်းကြောင့် ကျန်းမာရေးအတွက်စိုးရိမ်စရာ

တနေ့တာလှုပ်ရှား ရှုန်းကန်နေနိုင်ဖို့အားအင်များနဲ့ လန်းဆန်းစေနိုင်ရန် အိပ်ချိန်ကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

အိပ်ရေး မဝတာကြောင့် ခန္ဓာကိုယ်ကို ပင်ပန်းနွမ်းနယ်စေတာ ၊ ဒေါသထွေက်လွယ်တာ ၊ ကိုယ်လက်ကိုက်ခဲလာတာ များကို ဖြစ်ပေါ်စေနိုင်တဲ့အတွက် အိပ်ရေး၀ ဖို့လိုအပ်ပါတယ်။ သန်မာလူတစ်ယောက်က တစ်ရက်ကို ၇နာရီမှာ ၅နာရီလောက်ကို နှစ်ရှိုက်စွာ အိပ်စက် ဖို့လိုအပ်ပါတယ်။ အိပ်ရေးမဝခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ရောဂါဝေဒနာများကို ဖော်ပြပေးလိုက်ပါတယ်။

အသက်တိုခြင်း

အိပ်ရေးမဝခြင်းက အစားစာချင်စိတ်ကိုပါ လျော့နည်းလာတာ၊ နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်ပွားစေခြင်းကြောင့် အိပ်ရေးမဝခြင်းက အသက်တိုစေနိုင်ပါတယ်။ ဒါအပြင်ဆုံးဖြတ်နိုင်စွမ်းကို ပါလျော့နည်းလာစေပါတယ်။

ဆီးချိုသွေးချို ၊ လေဖြတ်တာ ၊ နှလုံးထိခိုက်လာခြင်း

အိပ်ရေးပျက်ခြင်းက Cotisol - ကော်တီစော ဆီးချိုသွေးချိုဖြစ်စေတဲ့ ဟော်မုန်းထွက်ပေါ်လာတာ ၊ သွေးပေါင်များ ကမောက်ကမ ဖြစ်လာတာ ၊ သွေးကြောများရောင်ရမ်းတာ ၊ နှလုံးဖောက်လာတာ နဲ့ လေဖြတ်မှုကိုဖြစ်ပွားစေနိုင်ပါတယ်။

စိတ်ကျရောဂါ

အိပ်ရေးပျက်တာ ၊ အိပ်ချိန်နည်းတာ ၊ အိပ်ရေးမဝတာ များလာရင် စိတ်ပိုင်းစိတ်ရော ကမောက်ကမဖြစ်လာတာ ၊ စိုးရိမ်စိတ်လွန်ကဲတာ ၊ ဒေါသကြီးလာတာ ၊ စိတ်ခံစားလွယ်တာ စတာများဖြစ်ပေါ်ခြင်းဖြင့် အချိန်ကြာလာတဲ့အခါ စိတ်ကျရောဂါကိုဖြစ်ပေါ်စေနိုင်ပါတယ်။

youtube1.jpg

လိင်စိတ်ဆန္ဒနည်းလာခြင်း

အိပ်ရေးပျက်ခြင်းက ခန္ဓာကိုယ်တွင်လိုအပ်သော ဟော်မုန်းကိုထိခိုက်လာပြီး စိတ်ကယောင်ကလျားဖြစ်တာ ၊ စိတ်ဓာတ်ကျဆင်းလာ တဲ့အတွက် ခန္ဓာကိုယ်ပန်ပင်းနွမ်းနယ်လာခြင်းကြောင့် လိင်စိတ်ဆန္ဒလျော့နည်းမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။

သတိမေ့လွယ်တာ

အိပ်ရေးပျက်ခြင်းက ခန္ဓာကိုယ် ပန်ပင်းနွမ်းစေတာ၊ တွေဝေစေတာများကြောင့် ဦးနှောက်မှတ်ဉာဏ် အတွင်းရှိ ဟစ်ပိုကမ်းပတ်စ်- ဦးနှောက်မှတ်ဉာဏ်သိုလှောင်ခန်းတွင်း ဦးနှောက်လှိုင်းများ စွမ်းဆောင်ရည် လျော့နည်းလာခြင်းကြောင့် သတိမေ့လွယ်တာများကို ဖြစ်ပေါ်စေနိုင်ပါတယ်။

Written By Health Products Directory

youtube.jpg

Read times
Rate this item
(0 votes)