What's New


Thursday, 31 October 2019 17:05

ကေလးရဲ႕ မ်က္လုံးအိမ္ ထဲမွာ အၿမဲလိုလို မ်က္ရည္ဝဲေနၿပီး ကပ္ေစးေစးျဖစ္ေနတာ စိတ္ပူရလား

ကေလးငယ္ အၿမဲလိုလိုမ်က္ရည္ဝဲေနၿပီး မ်က္ဝတ္ေတြနဲ႔ ကပ္ေစးေစးျဖစ္ေနျခင္းဟာ သူ႔ရဲ႕မ်က္ရည္ႁပြန္ ေကာင္းမြန္စြာ မဖြံ႕ၿဖိဳးေသးလို႔ျဖစ္ပါတယ္။

ဒါေၾကာင့္ သူ႔ရဲ႕မ်က္လုံးဟာ အရမ္းကို မ်က္ရည္လြယ္ေနရတာပါ။ မ်က္ရည္ေတြဟာ ကေလးငယ္ရဲ႕ မ်က္လုံးအိမ္ကို အၿမဲသန႔္စင္ေပးၿပီး မ်က္လုံးကို စိုစြတ္ေအာင္ ထိန္းသိမ္းေပးပါတယ္။

 

ေဆးပညာအေခၚအေဝၚနဲ႔ Lacrimal Gland လို႔ေခၚတဲ့ မ်က္ရည္ဂလင္းေတြမွာ မ်က္ရည္ကို ထုတ္လုပ္ပါတယ္။ မ်က္လုံးႏွစ္ဖက္က မ်က္ရည္ေတြဟာ ႏွာေခါင္းကို ဦးတည္တဲ့ ႁပြန္တစ္ခုကေန စီးဆင္းသြားပါတယ္။ ကေလးအမ်ားစုဟာ အဲဒီႁပြန္ငယ္ေလး အျပည့္အဝမဖြံ႕ၿဖိဳးဘဲ ေမြးလာတတ္ပါတယ္။

 

ႁပြန္ငယ္ေလးမဖြံ႕ၿဖိဳးေသးတာေၾကာင့္ မ်က္လုံးႏွစ္ဖက္က မ်က္ရည္ေတြဟာလည္း မစီးဆင္းသြားႏိုင္ဘဲ ျဖစ္ရတာပါ။ ရက္သတၱပတ္အနည္းငယ္ၾကာတဲ့အခါ မ်က္ရည္ႁပြန္ေကာင္းေကာင္းဖြံ႕ၿဖိဳးလာတာနဲ႔ အၿမဲမ်က္ရည္ဝဲေနတဲ့ ျပႆနာက သူ႔အလိုလိုျပန္ေကာင္းသြားမွာပါ။ 

 

ကေလးမ်က္လုံးထဲကထြက္တဲ့ မ်က္ရည္၊ မ်က္ဝတ္ေတြကို ေရက်က္ေအးေလးရယ္၊ သန႔္ရွင္းတဲ့ဂြမ္းႏုေလးရယ္ အသုံးျပဳၿပီး ဖယ္ရွားေပးႏိုင္ပါတယ္။ မ်က္ရည္ႁပြန္ဖြံ႕ၿဖိဳးေနဆဲကာလမွာ ကေလးငယ္ဟာ မ်က္ေျမႇးေရာင္နာ (မ်က္စိနာျခင္း) ျဖစ္ႏိုင္ေျခ ပိုမ်ားပါတယ္။

 

မ်က္စိနာရင္ေတာ့ ဆရာဝန္နဲ႔ျပဖို႔ လိုပါတယ္။ ကေလးမ်က္ရည္ႁပြန္ဖြံ႕ၿဖိဳးဖို႔ ကူညီေပးတဲ့အေနနဲ႔ မ်က္ရည္အိတ္ကို အသာအယာ ပုံမွန္ႏွိပ္နယ္ေပးလို႔ရပါတယ္။ ဘယ္ေနရာကိုႏွိပ္နယ္ရမလဲဆိုေတာ့ ေမေမ့ရဲ႕လက္ေခ်ာင္းေတြ အသုံးျပဳၿပီး ကေလးငယ္ရဲ႕ ႏွာေခါင္းတစ္ဖက္တစ္ခ်က္စီကို အထက္ကေနေအာက္ အသာအယာႏွိပ္ေပးႏိုင္ပါတယ္။

 

ဘယ္လိုလုပ္ရမလဲ ေသခ်ာမသိရင္ ဆရာဝန္ကို ေမးျမန္းႏိုင္ပါတယ္။ ကေလးငယ္ (၁၀) ဦးမွာ ကိုးဦးရဲ႕ မ်က္ရည္ႁပြန္ေတြဟာ သူ႔အလိုလို ဖြံ႕ၿဖိဳးလာတတ္ပါတယ္။ အကယ္လို႔ ရက္သတၱပတ္အနည္းငယ္ၾကာတဲ့အထိ အေျခအေနက တိုးတက္မႈမရွိလာရင္ က်န္းမာေရးဌာန/ တတ္ကြၽမ္းသူဆရာဝန္နဲ႔ ျပဖို႔လိုပါတယ္။ ဆရာဝန္က မ်က္ရည္ႁပြန္ပိတ္ေနလားဆိုတာကို စစ္ေဆးမွာပါ။ ပိတ္ေနခဲ့ရင္ေတာ့ မ်က္ရည္ႁပြန္ကို ျပန္ဖြင့္ဖို႔အတြက္ ခြဲစိတ္မႈအေသးစားေလးတစ္ခုလုပ္ဖို႔ လိုအပ္ႏိုင္ပါတယ္။

 

ေဒါက္တာခ်စ္ေဆြ M.B.,B.S (YGN)

{Unicode}
======

ကလေးရဲ့မျက်လုံးအိမ်ထဲမှာ အမြဲလိုလိုမျက်ရည်ဝဲနေပြီး ကပ်စေးစေးဖြစ်နေတာ စိတ်ပူရပါသလား

 

ကလေးငယ် အမြဲလိုလိုမျက်ရည်ဝဲနေပြီး မျက်ဝတ်တွေနဲ့ ကပ်စေးစေးဖြစ်နေခြင်းဟာ သူ့ရဲ့မျက်ရည်ပြွန် ကောင်းမွန်စွာ မဖွံ့ဖြိုးသေးလို့ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့မျက်လုံးဟာ အရမ်းကို မျက်ရည်လွယ်နေရတာပါ။ မျက်ရည်တွေဟာ ကလေးငယ်ရဲ့ မျက်လုံးအိမ်ကို အမြဲသန့်စင်ပေးပြီး မျက်လုံးကို စိုစွတ်အောင် ထိန်းသိမ်းပေးပါတယ်။

 

ဆေးပညာအခေါ်အဝေါ်နဲ့ Lacrimal Gland လို့ခေါ်တဲ့ မျက်ရည်ဂလင်းတွေမှာ မျက်ရည်ကို ထုတ်လုပ်ပါတယ်။ မျက်လုံးနှစ်ဖက်က မျက်ရည်တွေဟာ နှာခေါင်းကို ဦးတည်တဲ့ ပြွန်တစ်ခုကနေ စီးဆင်းသွားပါတယ်။ ကလေးအများစုဟာ အဲဒီပြွန်ငယ်လေး အပြည့်အဝမဖွံ့ဖြိုးဘဲ မွေးလာတတ်ပါတယ်။

 

ပြွန်ငယ်လေးမဖွံ့ဖြိုးသေးတာကြောင့် မျက်လုံးနှစ်ဖက်က မျက်ရည်တွေဟာလည်း မစီးဆင်းသွားနိုင်ဘဲ ဖြစ်ရတာပါ။ ရက်သတ္တပတ်အနည်းငယ်ကြာတဲ့အခါ မျက်ရည်ပြွန်ကောင်းကောင်းဖွံ့ဖြိုးလာတာနဲ့ အမြဲမျက်ရည်ဝဲနေတဲ့ ပြဿနာက သူ့အလိုလိုပြန်ကောင်းသွားမှာပါ။

 

ကလေးမျက်လုံးထဲကထွက်တဲ့ မျက်ရည်၊ မျက်ဝတ်တွေကို ရေကျက်အေးလေးရယ်၊ သန့်ရှင်းတဲ့ဂွမ်းနုလေးရယ် အသုံးပြုပြီး ဖယ်ရှားပေးနိုင်ပါတယ်။ မျက်ရည်ပြွန်ဖွံ့ဖြိုးနေဆဲကာလမှာ ကလေးငယ်ဟာ မျက်မြှေးရောင်နာ (မျက်စိနာခြင်း) ဖြစ်နိုင်ခြေ ပိုများပါတယ်။

 

မျက်စိနာရင်တော့ ဆရာဝန်နဲ့ပြဖို့ လိုပါတယ်။ ကလေးမျက်ရည်ပြွန်ဖွံ့ဖြိုးဖို့ ကူညီပေးတဲ့အနေနဲ့ မျက်ရည်အိတ်ကို အသာအယာ ပုံမှန်နှိပ်နယ်ပေးလို့ရပါတယ်။ ဘယ်နေရာကိုနှိပ်နယ်ရမလဲဆိုတော့ မေမေ့ရဲ့လက်ချောင်းတွေ အသုံးပြုပြီး ကလေးငယ်ရဲ့ နှာခေါင်းတစ်ဖက်တစ်ချက်စီကို အထက်ကနေအောက် အသာအယာနှိပ်ပေးနိုင်ပါတယ်။

 

ဘယ်လိုလုပ်ရမလဲ သေချာမသိရင် ဆရာဝန်ကို မေးမြန်းနိုင်ပါတယ်။ ကလေးငယ် (၁၀) ဦးမှာ ကိုးဦးရဲ့ မျက်ရည်ပြွန်တွေဟာ သူ့အလိုလို ဖွံ့ဖြိုးလာတတ်ပါတယ်။ အကယ်လို့ ရက်သတ္တပတ်အနည်းငယ်ကြာတဲ့အထိ အခြေအနေက တိုးတက်မှုမရှိလာရင် ကျန်းမာရေးဌာန/ တတ်ကျွမ်းသူဆရာဝန်နဲ့ ပြဖို့လိုပါတယ်။ ဆရာဝန်က မျက်ရည်ပြွန်ပိတ်နေလားဆိုတာကို စစ်ဆေးမှာပါ။ ပိတ်နေခဲ့ရင်တော့ မျက်ရည်ပြွန်ကို ပြန်ဖွင့်ဖို့အတွက် ခွဲစိတ်မှုအသေးစားလေးတစ်ခုလုပ်ဖို့ လိုအပ်နိုင်ပါတယ်။

Read times
Rate this item
(1 Vote)