What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 24 November 2018 13:08

ကိုယ်ဝန်ဆောင်စဉ်ကလေးကန်ခြင်းနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားဖွယ်ရာများ

မေမေတို့ရေ ဗိုက်ထဲက ကလေးကန်တာကို ကြုံဖူးဖို့ မျှော်လင့်စောင့်စားနေပါသလား။

ကလေး ကန်တာက ကလေးက ဗိုက်ထဲမှာ ကျန်းကျန်းမာမာ ရှိတယ်ဆိုတဲ့ သဘောဆိုတာကို ဆရာဝန်က မေမေတို့ကို ပြောပြပြီးပြီလား။ ဒါဆိုရင်တော့ ဒီစာကို ဖတ်တာက မေမေတို့ကို အကြံညဏ် ကောင်းတွေ ပေးနိုင်မှာပါ။

 

ကိုယ်ဝန်ဆောင်စဉ် ကလေးရဲ့ ကန်တာကို ခံစားရတာကတော့ အထူးသဖြင့် ကလေး ပထမဆုံး ယူဖူးတဲ့ မိခင်တွေ အတွက် အထူးစိတ်လှုပ်ရှားစရာ အတွေ့ အကြုံ တစ်ခုဖြစ်မှာ မလွဲပါဘူး။ ကလေးတွေရဲ့ ကန်တာက မေမေတို့ ဝမ်းဗိုက်ထဲမှာ ဖွံ့ဖြိုးမှု အဆင့်တစ်ခု အောင်မြင်စွာရောက်နေပြီး ကျန်းကျန်းမာမာ ရှင်သန် ကြီးထွားနေတယ်ဆိုတဲ့ သဘောပါ။ ကလေး ကန်တာနဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာ အချက်အလက်တွေကို လေ့လာကြည့်ရအောင်နော်။

 

ကလေးကန်တာက ကျန်းကျန်းမာမာ ဖွံ့ ဖြိုးနေတယ်ဆိုတဲ့ လက္ခဏာ တစ်ရပ်ပါ

ကလေးကန်တာက မမွေးရသေးတဲ့ ကလေးက ကျန်းကျန်းမာမာ ဖွံ့ ဖြိုးနေတယ်ဆိုတဲ့ လက္ခဏာ တစ်ရပ်ပါ။ ကလေးက လှုပ်လှုပ်ရှားရှား ရှိတယ်ဆိုတာ ဖော်ပြပါတယ်။ မေမေတို့ ဗိုက်ထဲမှာ ကလေးက ကျွတ်ထိုးတာ၊ လှည့်တာ၊လှုပ်ရှားတာ စတာတွေ လုပ်တဲ့အခါ ကလေး ကန်ကြောက်တာတွေ ခံစားရမှာပါ။ ကိုယ်ဝန်ပထမအပတ်တွေမှာ ကလေးက လက်၊ ခြေ ဆန့်တန်းတဲ့အခါ ခိုးလုခိုးလု ဖြစ်တာမျိုး ခံစားရနိုင်ပါတယ်။

 

ပတ်ဝန်းကျင်က ပြောင်းလဲမှုတွေအပေါ် ကလေးရဲ့ တုန့် ပြန်ချက်

ပတ်ဝန်းကျင်မှာ ပြောင်းလဲမှုတချို့ ဖြစ်တဲ့အခါ ကလေးက တုံ့ပြန်တဲ့ အနေနဲ့ ဗိုက်ထဲကနေ ကန်တတ်ပါတယ်။ ဆူညံသံတွေ၊ အမေစားလိုက်တဲ့ အစားအစာတွေထဲ ပြင်ပသက်ရောက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ သူ့ခြေတွေ၊ လက်တွေ ဆန့်ထုတ်ပါတယ်။ ကလေးကန်တာတွေက ပုံမှန်သင့်တော်တဲ့ ဖွံ့ ဖြိုးမှုဖြစ်စဉ် တစ်ခုဖြစ်တဲ့အတွက် စိတ်ပူစရာ မလိုပါဘူး။

 

တစ်ခုခု စားပြီးတဲ့အခါ ကလေးကပိုကန်ခြင်း

ကလေးက မေမေတို့ တစ်ခုခုစားပြီးတဲ့အခါ ပိုပြီးကန်တတ်တာကို သတိထားမိမှာပါ။ ပုံမှန်အားဖြင့် ကျန်းမာတဲ့ ကလေးတစ်ယောက်က တစ်နေ့ကို ၁၅-၂၀ ကြိမ် လောက် ကန်တတ် ပါတယ်။

ကိုယ်ဝန်ပတ် ၉ ပတ်ကြာပြီးတဲ့အခါ ကလေးတွေ စကန်တတ်ပါတယ်။

 

ကိုယ်ဝန်ကာလရဲ့ ဘယ်အချိန်မှာ ကလေးတွေ ကန်တတ်လဲ

တကယ်တော့ ကိုယ်ဝန်ပတ် (၉) ပတ်ပြီးရင် ကလေးတွေ စပြီးကန်တတ်ကြပါတယ်။ ဒါပေမယ့် အစောပိုင်း ကန်တာတွေကို အာထရာဆောင်းမှာ မြင်နိုင် ပေမယ့် မိခင်တွေအတွက် နားလည်ဖို့ အရမ်းစောပါတယ်။ မိခင်အများစုက ကိုယ်ဝန် အစောပိုင်းအဆင့်တွေမှာ ဗိုက်ထဲမှာ ခိုးလုခိုးလု ခံစားရတတ်ပါတယ်။ ကိုယ်ဝန် ၂၄ ပတ် ကြာတဲ့အခါ ကလေးက ခဏခဏ ကန်လာ တာကို ခံစားရမှာပါ။ ဒုတိယအကြိမ်ကလေးမွေးတဲ့ မေမေတွေကတော့ ကိုယ်ဝန် (၁၃) ပတ်ပြီးတာနဲ့ ကလေး ကန်တာကို ခံစားရမှာပါ။

 

ကလေးကန်တာနည်းသွားတာက သူဒုက္ခရောက်နေတာကို ဆိုလိုနိုင်ပါတယ်

ကိုယ်ဝန် (၂၈) ပတ်ပြီးတဲ့အခါ ဆရာဝန်က မေမေတို့ကလေးရဲ့ ကန်တဲ့အရေအတွက်ကို မှတ်ပြီး စောင့်ကြည့် ခိုင်းပါလိမ့်မယ်။ ကလေး(၁၀)ချက်ကန်တာကို ရေဖို့အချိန်သတ်မှတ်ဖို့တော့ လိုပါမယ်။ ဒါပေမယ့် သန္ဓေသားရဲ့ လှုပ်ရှားတာ လျော့နည်းသွားတာက အောက်ဆီဂျင် လုံလုံလောက်လောက် မရဘူးလို့ ဆိုလိုတာဖြစ်နိုင်ပါတယ်။ ကိုယ်တွင်းသကြားဓာတ် လျော့နည်းသွားရင်လည်း ကလေးအတွက် စိတ်ပူစရာဖြစ်ပြီး လှုပ်ရှားမှုတွေလည်း လျော့နည်းသွားနိုင်ပါတယ်။ မိခင်က အစားစားနေပေမယ့် ကလေးက တစ်နာရီလောက် ဘာမှမလုပ်ဘဲ ငြိမ် နေရင် စိတ်ပူစရာပါ။ ကလေးဆီက လှုပ်ရှားမှု မခံစားရဘူးဆိုရင်တော့ ရေတစ်ခွက်သောက်တာမျိုး၊ လမ်းလျှောက်တာမျိုးလုပ်ကြည့်ပါ။ နှစ်နာရီတွင်းမှာ ကလေး ကန်တာ (၁၀) ကြိမ်တောင် မရှိဘူးဆိုရင် ဒါမှမဟုတ် ကလေးရဲ့ လှုပ်ရှားမှု သိသိသာသာ နည်းသွားရင် ဆရာဝန်ကို ချက်ချင်း ဆက်သွယ်ပါ။ သိပ်မကြီးတဲ့ ဆေးစစ်ချက် ဒါမှမဟုတ် အာထရာဆောင်းရိုက်တာ၊ သန္ဓေသားရဲ့ နှလုံးခုန်တဲ့ပုံစံနဲ့ ဖြစ်ရတဲ့အကြောင်းရင်းကို ကူညီစစ်ဆေးပေး နိုင်ပါ တယ်။ ဆရာဝန်က ဆိုးရွားတဲ့ ပြဿနာတစ်ခုခုတွေ့ထားရင် ကလေးလုံခြုံမှုရှိအောင် ကလေးစောစော မွေးတာမျိုး လုပ်ခိုင်းနိုင်ပါတယ်။

 

ကိုယ်ဝန် ၃၆ ပတ် နောက်ပိုင်းကလေးကန်တာ နည်းတာက ပြသနာမရှိပါဘူး။ တချို့အချိန်တွေမှာ ကလေးတွေက မိခင်ဝမ်းဗိုက်ထဲမှာ မိနစ် ၄၀ - ၅၀ လောက် နားနေတတ်ပါတယ်။ ကိုယ်ဝန်ပတ် ၃၆ ပတ် ကျော်ပြီးတဲ့အခါ မေမေတို့ရဲ့ ကလေးက ပိုကြီးလာပြီး သိပ်မလှုပ်ရှားတော့ပါဘူး။ တစ်ခါတလေ နံရိုးအောက် ဟိုဘက်တစ်ချက် ဒီဘက်တစ်ချက် ကန်တာကိုတော့ သတိထား မိမှာပါ။

Source:Duwun

မိမိကိုယ်တိုင် လုပ်မိနေတဲ့ ဆံကေသာပျက်စီးစေသာအကြောင်းတရားများ

မိမိကိုယ်တိုင် လုပ်မိနေတဲ့ ဆံကေသာပျက်စီးစေသာအကြောင်းတရားများ

Read times Last modified on Saturday, 24 November 2018 13:24
Rate this item
(1 Vote)