What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 23 January 2019 17:24

ဆီးသီးမှာပါတဲ့ ပိုးကောင်ကို စားမိရင် ဘာဖြစ်နိုင်မလဲ

လူအများ အလွယ်တကူ ဝယ်ယူစားသုံးနိုင်တဲ့ ဆီးသီးဟာ ကောင်းမွန်တဲ့ အသီးကောင်းတစ်ခု ဖြစ်သလို ၊ တစ်ဖက်ကနေ ကြည့်ပြန်တော့လည်း အလွန်ကြောက်စရာကောင်းတဲ့ အသီးတစ်မျိုးလည်း ဖြစ်လာပါတယ်။

ဆီးသီးကို အပြင်ဘက်နေကြည့်မယ်ဆိုရင် ပုံစံလေးက လှပေမယ့် တချို့ အသီးတွေမှာ ဆိုရင် ဆီးစားပိုးကောင်တွေ ရှိနေတက်ပါတယ်။ ကောင်ပါပြီး ဆီးသီးရဲ့ ကောင်းကျိုးလေးတွေကို အရင်ဆုံး ပြောပြပေးသွားပါမည်။

ဆီးသီးမှာ ကယ်လိုရီ ၃၀ ဒသမ ၃၆ ၊ ဗီတာမင်စီ ၆ ဒသမ ၂၇ မီလီဂရမ် ၊ ဗီတာမင်ကေ ၄ ဒသမ ၂၂ မိုက်ကရိုဂရမ် ၊ ဗီတာမင်အေ ၂၂၇ ဒသမ ၇၀ ၊ IU၊ အမျှင်ဓာတ် သုည ဒသမ၉၂ ဂရမ် ၊ tryptophan သုညဒသမ ၀၁ ဂရမ် ၊ ပိုတက်စီယမ် ၁၀၃ ဒသမ ၆၂ မီလီဂရမ်တို့ အသီးသီးပါရှိ ကြပါတယ်။ ဆီးသီး အမျိုးအစားပေါ်မူတည်၍ အရသာချဉ်လေ ဗီတာမင်စီ ဓာတ်ကြွယ်ဝလေဖြစ်ပါတယ်။

အသီးသာမက၊ အရွက်နှင့် ပင်စည် အခေါက်တို့ကလည်း လွန်စွာဆေးဘက် ဝင်ကြပါတယ်။ ဆီးသီးထဲတွင် မြင့်မာစွာပါဝင်သော phytonutrients က ဓာတ်တိုးဆန့်ကျင် ပစ္စည်းအဖြစ် အစွမ်းထက်စေသလို ၊ ဗီတာမင်စီဓာတ်လည်း အလုံအလောက်ပါရှိ သဖြင့်၊ ကိုယ်ခံစွမ်းအားကို တိုးတက်မြင့်မားစေကာ ၊ အအေးမိ၊ နှာစေး၊ ချောင်းဆိုး စသည့် ကူးစက်ရာသီဖွားများကို မဖြစ်စေပါဘူး။

ဒါကတော့ ဆီးသီးရဲ့ ကောင်းကျိုးလေးတွေဘဲ ဖြစ်ပါတယ်။ ဆီးသီးအတွင်းမှာ ရှိတဲ့ ပိုးကောင်းရဲ့ ဆိုးကျိုးများကတော့ သည်းခြေပျက်စီးခြင်း ရောဂါဖြစ်စေနိုင်ကြောင်း (ISHS သိပ္ပံသုတေသနပညာရှင် S. Al-Rsana ) ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဆိုပါ  ဆီးပိုးကောင်တွေဟာ ဆီးပင်ရဲ့ ပင်စည်ကနေ ပေါက်ပွားဖွာလာတဲ့အကောင်တွေဘဲ ဖြစ်ပါတယ်လိုလည်း ပြောဆိုခဲ့ပါတယ်။

အဆိုပါ သည်းခြေပျက်စီးခြင်းရောဂါကို ရက်ပေါင်း ၃၀ ကျော် လေ့လာခဲ့ပြီး ရှာဖွေတွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဆီးသီးရဲ့ ဆိုးကျိုးတွေကို ဖြေရှင်းနိုင်ဖို့ ဆေးဖက်ဆိုင်ရာလမ်းနည်း မရှိသေးပါဘူး။ အထူးသတိပြုရမဲ့ သူတွေကတော့ ကိုယ်ဝန်ဆောင်မိခင် နှင့် နို့တိုက်မိခင်များဘဲ ဖြစ်ပါတယ်။ ဆီးပိုးကောင်တွေနဲ့ ပတ်သက်ပြီး ဘေးကင်းလုံခြုံ မှု နှင့် အလုံအလောက်ယုံကြည့်စိတ်ချရတဲ့ သတင်းအချက်အလက်များ မရှိသေးပါဘူး။

နောက်ထက်သတိပြု ရှောင်ကျဉ်ဖို့လိုသူများကတော့ ဆီးချိုရောဂါရှိသူများ ၊ ဓာတ်မတည့်သူများ နှင့် ခွဲစိတ်ကုသမှုခံယူထားတဲ့သူများဘဲ ဖြစ်ပါတယ်။ ဒါကြောင့်  ဆီးသီးစားရင် ဦးစွာပထမ ရေများများဖြင့် စင်ကြယ်အောင် ဆေးကြောသင့်ပါတယ်။ အဲဒီလို ဆေးကြောတဲ့အခါ ဆီးသီးမှာ ပိုးပေါက် ပါမပါ စစ်ဆေးပေးရမှာ ဖြစ်ပြီး ပိုးပေါက်ပါရင် အနှမြောမရှိ လွှင့်ပစ်ပါလို့ အကြံပြုတိုက်တွန်းလိုပါတယ်။

 

Read: ဆေးဝါးကဏ္ဍနှင့်ဆက်စပ်လျက်ရှိသော ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပြန်ပြီးသော လိုက်နာရမည့် သိကောင်းစရာနည်းဥပဒေများ ရှင်းလင်းဟောပြောပွဲ

ဆေးဝါးကဏ္ဍနှင့်ဆက်စပ်လျက်ရှိသော ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပြန်ပြီးသော လိုက်နာရမည့် သိကောင်းစရာနည်းဥပဒေများ ရှင်းလင်းဟောပြောပွဲ

Read times Last modified on Wednesday, 27 February 2019 14:44
Rate this item
(1 Vote)