What's New




Monday, 02 January 2023 10:12

မှတ်ဉာဏ်မလျော့ပါးဖို့ ခြေလှမ်း ၉၀၀၀

မှတ်ဉာဏ်မလျော့ပါးဖို့ ခြေလှမ်း ၉၀၀၀

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

မှတ်ဉာဏ်လျော့ပါးရောဂါ Dementia ကို အသက် ၆၀ ကျော်လာချိန်မှာ ဖြစ်ပွားလေ့ရှိပါတယ်။

မှတ်သားနိုင်စွမ်း ကျဆင်းခြင်း၊ စိတ်နှင့်ကိုယ်လမကပ်ခြင်း၊ စဉ်းစားနိုင်စွမ်း လျော့ကျခြင်း၊ နှုတ်ဖျားတင် မေ့သွားခြင်း စတဲ့ ဦးနှောက်စွမ်းရည် လျော့ကျခြင်းများ တဖြည်းဖြည်းချင်း ပိုဆိုးလာပါတယ်။

ကာယကံရှင်က ကိုယ့်ကိုယ်ကိုယ် မှတ်ဉာဏ်လျော့ပါးလာနေတာ သတိထားမိတာ ရှိသလို သတိမပြုမိတာလည်း ရှိပါတယ်။ အတူနေသူ ဘေးလူတွေက သတိထားမိတတ်ပါတယ်။

အစာ စားပြီးပြီလားဆိုတာ မမှတ်မိတာ၊ အလိုလို ထိတ်ပြာကြောက်လန့်နေတာ၊ အကြောင်းမဲ့ ဒေါသထွက်နေတတ်တာမျိုးတွေဟာ ရောဂါလက္ခဏာ ဖြစ်ပါတယ်။

မှတ်ဉာဏ်လျော့ပါးရောဂါ Dementia ကို အသက်အရွယ် ရလာချိန်မှာ မဖြစ်ပွားအောင် ကာကွယ်နည်းတစ်ခုက နေ့စဉ်နေ့တိုင်း ခြေလှမ်း ၃,၈၀၀ မှ ၉,၈၀၀ အထိ လမ်းလျှောက်ပေးခြင်း ဖြစ်ပါတယ် ။လေ့လာမှုအသစ်အရ စိတ်စွမ်းရည်များ ကျဆင်းနိုင်ခြေကို လျှော့ချပေးကြောင်း သိကြရပါတယ်။

 

JAMA Neurology က ပြုလုပ်ခဲ့တဲ့ လေ့လာမှုမှာ  လက်ကောက်ဝတ်မှာ အရွေ့တိုင်းကိရိယာ ဝတ်ဆင်ထားတဲ့ အသက် ၄၀ နှင့် ၇၉ နှစ်ကြား လူ ၇၈,၀၀၀ ကျော်ထံမှ အချက်အလက်များကို မှတ်တမ်းတင်ခဲ့ပါတယ်။

 

သုတေသီများက လူတစ်ဦးစီရဲ့ တစ်နေ့တာ ခြေလှမ်းတွေကို ဆန်းစစ်ပါတယ်။

အမျိုးအစား ၂ ခု ခွဲပါတယ်။

တစ်မိနစ်လျှင် ခြေလှမ်း ၄၀ ထက်နည်းတဲ့ အမျိုးအစား ဖြစ်ပါတယ်။စိမ်ပြေနပြေ လျှောက်လှမ်းတဲ့ အမျိုးအစား ဖြစ်ပါတယ်။ အခန်းတစ်ခန်းမှ တစ်ခန်းသုိ့ လမ်းလျှောက်ပြီး သွားတာမျိုး ဖြစ်ပါတယ်။

နောက်တစ်မျိုးက တစ်မိနစ်လျှင် ခြေလှမ်း ၄၀ အထက်မှာရှိတဲ့ အမျိုးအစား ဖြစ်ပါတယ်။ လေ့ကျင့်ခန်းယူတဲ့ ရည်ရွယ်ချက်ဖြင့် လမ်းလျှောက်တာမျိုး ဖြစ်ပါတယ်။ 

သုတေသီတွေက တစ်နေ့တာ လမ်းလျှောက်တဲ့ ခြေလှမ်း စုစုပေါင်းမှာ အနှေးအမြန် ကွာခြားချက်ကြောင့် မိနစ်၃၀ အတွင်း ခြေလှမ်းအများစုကို လျှောက်လှမ်းတဲ့သူတွေကိုလည်း ဆန်းစစ်ပါတယ်။

 ၇ နှစ်ကြာပြီးချိန်မှာ ဆန်းစစ်ပြီး အဖြေထုတ်ပါတယ်။ 

အစာတစ်နပ်စားပြီးတိုင်း ၂ မိနစ် လမ်းလျှောက်သူတွေ သွေးထဲမှ သကြားဓာတ်ကို ထိန်းဖို့ အထောက်အကူ ဖြစ်ပါတယ်။

 

တစ်နေ့လျှင် ခြေလှမ်းပေါင်း ၉၈၂၆ လှမ်းသော အသက် ၄၀ နှင့် ၇၉ နှစ်ကြားရှိသူများသည် ၇ နှစ်အတွင်း ဒီမန့်ရှာ Dementia ရောဂါဖြစ်နိုင်ချေ ထက်ဝက် လျော့နည်းပါတယ်။

တစ်မိနစ် ‌ခြေလှမ်း ၄၀ အထက် လေ့ကျင့်ခန်း ယူသူတွေမှာ တစ်ရက် ခြေလှမ်း ၆၃၁၅ မျှသာ လှမ်းသော်လည်း Dementia ရောဂါဖြစ်နိုင်ချေ ၅၇% လျော့နည်းပါတယ်။

“ဒါဟာ သွက်သွက်လက်လက် လမ်းလျှောက်တဲ့ လှုပ်ရှားမှုပါ။ အမြန်ဆုံး လျှောက်တဲ့ power walk အမျိုးအစားပါ" လို့ လေ့လာမှုမှာ ပါဝင်သူ University of Southern Denmark မှ ပါမောက္ခ Borja del Pozo Cruz က ပြောကြားပါတယ်။

 

တစ်မိနစ် ခြေလှမ်း ၁၁၂ လှမ်းဖြင့် တစ်ရက်လျှင် မိနစ် ၃၀ လမ်းလျှောက်သူတွေ Dementia ရောဂါဖြစ်နိုင်ချေ ၆၂% လျော့နည်းပါတယ်။

"အခုလို နာရီဝက် အမြန်လျှောက်တာကို တနေ့လုံး လှုပ်လှုပ်ရှားရှား မရှိတဲ့သူတွေ လျှောက်ကြရမယ်" ဟု ၎င်းက ပြောကြားသည်။

 

အနှေးအမြန် ထည့်မစဉ်းစားဘဲ တစ်ရက် ခြေလှမ်း ၃၈၀၀ လမ်းလျှောက်တဲ့သူတွေ Dementia ရောဂါဖြစ်နိုင်ချေ ၂၅% လျော့နည်းပါတယ်။

"အလုပ်မှာ အထိုင်များတဲ့သူတွေ့အဖို့ အစပိုင်းမှာ ခြေလှမ်း ၃၈၀၀ ကိုတော့ နေ့စဉ် လမ်းလျှောက်ရပါမယ်" လို့ del Pozo Cruz က ပြောကြားသည်။

" အထိုင်များတဲ့ သက်ကြီးပိုင်းတွေ တစ်နေ့ ခြေလှမ်း ၄၀၀၀ (4k) လျှောက်ဖို့ ဖြစ်နိုင်ရမယ်။ နည်းတယ်လို့ ထင်ရင် ၁၀,၀၀၀ (10k) လျှောက်ပါ" လို့ ၎င်းက ပြောကြားပါတယ်။

Source cnn

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Read times Last modified on Monday, 02 January 2023 10:12
Rate this item
(0 votes)