What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 14 November 2022 10:02

လက်ဖက်စိမ်း ကပေးတဲ့ အကျိုးကျေးဇူး (၇)ချက်

Green Tea Green Tea Google

လက်ဖက်စိမ်းဟာ ကျန်းမာရေးနဲ့ကိုက်ညီတဲ့ အစားအသောက်တစ်ခု ဖြစ်တယ်  ဆိုတာ လက်ခံထားကြပြီးသား ဖြစ်ပါတယ်။ လက်ဖက်စိမ်းမှရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေထဲကမှ အချက် (၇)ချက်ကိုဖော်ပြပေးလိုက်ပါတယ်။

(၁) လက်ဖက်စိမ်း မှာ ကျန်းမာစေတဲ့ ဇီဝပစ္စည်းဒြပ်ပေါင်းများစွာ ပါဝင်နေပါတယ်။

လက်ဖက်စိမ်းထဲမှာပါ၀င်တဲ့ ဒြပ်ပေါင်းဟာ ရောင်ရမ်းခြင်းတွေကို လျော့နည်းသက်သာစေပါတယ်။ EGCG လို့ခေါ်တဲ့ ဒြပ်ပေါင်းကတော့ ဓာတ်တိုး ပစ္စည်းဖြစ်တာကြောင့် ဆဲလ်ပျက်စီးခြင်းတွေကို ကာကွယ်ပေးပါတယ်။ ခန္ဓာကိုယ်ထဲက free radicals ဆိုတဲ့ ဓာတ်တိုးပစ္စည်းတွေဟာ အိုမင်းရင့်ရော်စေခြင်းနဲ့ အခြားရောဂါတွေကို ဖြစ်စေပါတယ်။

လက်ဖက်စိမ်း ဟာ free radicals တွေ ဖြစ်ပေါ်ခြင်းကို လျော့နည်းစေတဲ့အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သတ္တုဓာတ်တွေကိုရရှိနိုင်ပါတယ်။

 

(၂) ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို တိုးတက်စေခြင်း

L-theanine ဆိုတဲ့ အမိုင်နိုအက်ဆစ်လည်း ပါဝင်တာကြောင့် စိတ်ဓာတ်ကျလွယ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ လက်ဖက်စိမ်းမှာပါ၀င်တဲ့ ကဖင်းဟာ ကော်ဖီလိုမျိုး ခန္ဓာကိုယ်အပေါ် ဘေးထွက်ဆိုးကျိုးတွေ မရှိပဲ မှတ်ဉာဏ်အားလည်း ကောင်းလာစေပြီး

တက်ကြွလန်းဆန်း နေစေတဲ့အပြင် အယ်လ်ဇိုင်းမား ရောဂါနဲ့ ပါကင်ဆန်ရောဂါဟာ ဦးနှောက်ဆဲလ်တွေ သေဆုံးပြီး မှတ်ဉာဏ်မေ့ပျောက်တဲ့ ရောဂါတွေကိုလဲ ကာကွယ်ပေးထားနိုင်ပါတယ်။

 

၃) အဆီများကို လောင်ကျွမ်းစေနိုင်ပါတယ်။

လက်ဖက်စိမ်းမှာပါ၀င်တဲ့ ကဖင်းဟာ အဆီတစ်ရှူးတွေကနေ အဆီသုံးစွဲ လောင်ကျွမ်းခြင်းကို အားပေးပါတယ်။ လောင်ကျွမ်းသွားတဲ့ အဆီတွေဟာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ Energy တွေအဖြစ်ပြောင်းလဲသွားပါတယ်။

 

(၄) လက်ဖက်စိမ်းမှာပါဝင်တဲ့ ဓာတ်တိုးပစ္စည်းကြောင့် ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်း ကျဆင်း စေပါတယ်။

လက်ဖက်စိမ်းကိုသောက်သုံးတဲ့ အမျိုးသမီးတစ်ယောက်ဟာ ရင်သားကင်ဆာ ဖြစ်ပွားမှုကို ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းထိ လျော့နည်းစေနိုင်ပါတယ်။ အမျိုးသားတွေမှာ ဆိုရင်လည်း ဆီးကြိတ်ကင်ဆာ ဖြစ်ပွားမှု နှုန်းကို လျော့နည်းစေနိုင်တယ်လို့ ဆိုထားကြပြန်ပါတယ်။

လေ့လာချက်များအရ လက်ဖက်စိမ်း ဖျော်ရည် သောက်သုံးခြင်းဟာ အူမကြီး ကင်ဆာဖြစ်ဖို့ (၄၂)ရာခိုင်နှုန်း အထိလျော့ချပေးနိုင်ပါတယ်။

 

(၅) ခံတွင်းအနံ့ဆိုးခြင်းကို တားဆီးကာကွယ်ပေးနိုင်ပါတယ်။

 Streptococcus mu-tons ဆိုတဲ့ ဘက်တီးရီးယားဟာ ခံတွင်းထဲမှာ ပေါက်ဖွားတဲ့အခါ ခံတွင်း အနံ့ဆိုးခြင်းနဲ့ သွားနှင့်သွားဖုံး ပျက်စီးခြင်းတွေကို ခံစားရစေပါတယ်။ လက်ဖက်စိမ်းမှာပါတဲ့ ပါဝင်ပစ္စည်းတစ်ခုဟာ ၎င်းဘက်တီးရီးယား မပေါက်ဖွားအောင်တားဆီးပေးနိုင်ပါတယ်။

 

(၆) ဆီးချိုရောဂါကို ကာကွယ်နိုင်ခြင်း။

ဆီးချိုဟာ ဆယ်စုနှစ်ပေါင်းများစွာကတည်းက ခြိမ်းခြောက်နေတဲ့ရောဂါပါ။ သွေးတွင်းသကြားဓာတ် များခြင်းကြောင့် ဆီးချိုဖြစ်လာတာမို့ လက်ဖက်စိမ်းဟာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိ လျှော့ချ ပေးနိုင်တယ်လို့ လေ့လာစမ်းသပ်မှုတွေအရ တွေ့ရှိရပါတယ်။

 

(၇) နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးပြန်ပါသေးတယ်။

လက်ဖက်စိမ်းဟာ သွေးကြောထဲမှာရှိတဲ့ ဓာတ်တိုးပစ္စည်းတွေရဲ့ စွမ်းအားကို မြှင့်တင်ပေးပြီး ကောင်းတဲ့အဆီ တွေကို ပိုမိုထိန်းထားစေနိုင်တာကြောင့် သွေးတိုးနှလုံးနဲ့ လေဖြတ်ခြင်းကို ကာကွယ်ပေးထားပါတယ်။

 

 

Source: mdn.gov

Read times Last modified on Monday, 14 November 2022 10:19
Rate this item
(0 votes)