What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 09 February 2018 17:06

အားေဆးေသာက္တိုင္းမေကာင္းပါ....

အားေဆးေသာက္တိုင္းမေကာင္းပါ.... google.com

ေကာင္းက်ိဳးမ်ားလွတဲ့ ဗိုက္တာမင္နဲ႔ သတၱဳဓာတ္ေတြ ျဖစ္ေပမယ့္ တန္ေဆး လြန္ေဘးဆိုသလို လြန္ကဲစြာ ေသာက္သုံးမိရင္ ျပႆနာ ရွိပါတယ္။


Vitamin C နဲ႔ B အုပ္စုဝင္မ်ားဟာ ေရမွာေပ်ာ္ဝင္နိုင္တဲ့ ဗိုက္တာမင္မ်ားျဖစ္လို႔ ပိုလၽွံသြားရင္ ခႏၶာကိုယ္က ဆီး၊၀မ္းကေန အလြယ္တကူ စြန႔္ထုတ္နိုင္ေပမယ့္..A, D, E, K ဆိုတဲ့ ဗိုက္တာမင္မ်ားကေတာ့ အဆီမွာ ေပ်ာ္ဝင္တဲ့ အမ်ိဳးအစားမ်ားျဖစ္လို႔ အားေဆးေတြ ေရရွည္ အလြန္အကၽြံ ေသာက္သုံးတဲ့အခါမွာ ခႏၶာကိုယ္က မစြန႔္ထုတ္နိုင္ဘဲ စုမိေနေစလို႔ ဗိုက္တာမင္လြန္ကဲျခင္းေရာဂါ (Hypervitaminosis) လကၡဏာမ်ား ခံစားရေစတတ္ပါတယ္။
ေတာ္႐ုံတန္႐ုံ ေသာက္သုံး႐ုံနဲ႔ေတာ့ မျဖစ္နိုင္ေပမယ့္ ပုံမွန္ ေနေကာင္းၿပီး အာဟာရ မၽွတတဲ့ သူတစ္ေယာက္ဟာ အားေဆးေတြ ေန႔စဥ္ဆက္တိုက္ေသာက္သုံးမွု တစ္လေက်ာ္မယ္ဆိုရင္ အႏၲရာယ္ျဖစ္ဖို႔ နီးစပ္နိုင္တယ္လို႔ အာဟာရပညာရွင္မ်ားက ဆိုပါတယ္္။

ေအာက္မွာ ဗိုက္တာမင္မ်ားနဲ႔ ၄င္းတို႔ လြန္ကဲရင္ ခံစားရတတ္တဲ့ ေဝဒနာေတြကို ယွဥ္တြဲေဖာ္ျပေပးလိုက္ ပါတယ္။
Vitamin A :
နားအူျခင္း (ေခါင္းေလာင္းျမည္သံ ကဲ့သို႔ ခံစားရျခင္း)၊ အျမင္ေဝဝါးျခင္း၊ ဆံပင္အကၽြတ္မ်ားျခင္း၊
အမ်ိဳးသမီးမ်ား ရာသီ မမွန္ျခင္း၊ စိတ္ဆတ္လာျခင္း၊ စိတ္မပါလက္မပါ ျဖစ္ေနတတ္ျခင္း၊ အသားမဝါဘဲ မ်က္လုံးတစ္ခုတည္း ၀ါျခင္း။
Vitamin B3 :
ေသြးတြင္း သၾကားဓာတ္ ျမင့္တက္ေစ၍ ဆီးခ်ိဳ ျဖစ္ေစရန္ အားေပးျခင္း၊ အိပ္ငိုက္ျခင္း၊
ေဂါက္ေရာဂါကို အားေပးျခင္း၊ ဗိုက္ေအာင့္တတ္ျခင္း၊ သတိလစ္တတ္ျခင္း။
Vitamin B6 :
ေျခလက္မ်ား ထုံက်င္ျခင္း၊ အခ်ိဳ႕အေၾကာင္းအရာမ်ား ေမ့တတ္ျခင္း။
Vitamin D :
အၾကားအာ႐ုံ ခ်ိဳ႕ယြင္းျခင္း၊ ခံတြင္းပ်က္ျခင္း၊ ေသြးေပါင္တက္ျခင္း၊ ေသြးတြင္း ကိုလက္စထေရာ တက္လာျခင္း။
Vitamin E :
ႂကြက္သားမ်ား အားနည္းျခင္း၊ ေသြးေပါင္တက္ျခင္း၊ အနာက်က္ေႏွးျခင္း၊ ရင္သားမ်ား အထိမခံနိုင္ေအာင္ နာျခင္း။

ဗိုက္တာမင္ အစုံ ေသာက္တာထက္ ဗိုက္တာမင္ တစ္မ်ိဳးတည္း
(ဥပမာ B အုပ္စု တစ္ခုတည္း၊ အခ်ိဳ႕အမ်ိဳးသမီးေတြက Vitamin E တစ္မ်ိဳးတည္း) ေသာက္တာက ပိုအႏၲရာယ္မ်ားတယ္လို႔ ပညာရွင္မ်ားက ဆိုပါတယ္။

ဒါ့အျပင္ တုပ္ေကြး၊ အသက္ရွူလမ္းေၾကာင္းပိုးဝင္ျခင္း (ဥပမာ အဆုတ္အေအးမိ နမိုးနီးယား စသျဖင့္) ကူးစက္ေရာဂါ တစ္ခုခု ကိုယ္တြင္း ရွိသူေတြဟာ..သံဓာတ္အားျဖည့္ေဆးမ်ားကို ေရာဂါျဖစ္ေနစဥ္ အခိုက္အတန႔္မွာ ကိုယ့္သေဘာနဲ႔ကိုယ္ မေသာက္သင့္ဘူးလို႔ က်န္းမာေရး ပညာရွင္မ်ားက ဆိုပါတယ္။
သံဓာတ္နဲ႔ ေဖာလစ္အက္ဆစ္ဟာ တခ်ိဳ႕ဘက္တီးရီးယားေတြရဲ့ ေနထိုင္ေပါက္ပြားျခင္းကို အားေပးတယ္လို႔ ေတြ႕ရွိထားရလို႔ပါ။
ဆရာဝန္က လိုအပ္လို႔ ခ်ိန္ဆ ညႊန္ၾကားရင္ေတာ့ ေသာက္နိုင္ပါတယ္။

Source: ondoctor

Unicode

ကောင်းကျိုးများလှတဲ့ ဗိုက်တာမင်နဲ့ သတ္တုဓာတ်တွေ ဖြစ်ပေမယ့် တန်ဆေး လွန်ဘေးဆိုသလို လွန်ကဲစွာ သောက်သုံးမိရင် ပြဿနာ ရှိပါတယ်။
Vitamin C နဲ့ B အုပ်စုဝင်များဟာ ရေမှာပျော်ဝင်နိုင်တဲ့ ဗိုက်တာမင်များဖြစ်လို့ ပိုလျှံသွားရင် ခန္ဓာကိုယ်က ဆီး၊၀မ်းကနေ အလွယ်တကူ စွန့်ထုတ်နိုင်ပေမယ့်..A, D, E, K ဆိုတဲ့ ဗိုက်တာမင်များကတော့ အဆီမှာ ပျော်ဝင်တဲ့ အမျိုးအစားများဖြစ်လို့ အားဆေးတွေ ရေရှည် အလွန်အကျွံ သောက်သုံးတဲ့အခါမှာ ခန္ဓာကိုယ်က မစွန့်ထုတ်နိုင်ဘဲ စုမိနေစေလို့ ဗိုက်တာမင်လွန်ကဲခြင်းရောဂါ (Hypervitaminosis) လက္ခဏာများ ခံစားရစေတတ်ပါတယ်။
တော်ရုံတန်ရုံ သောက်သုံးရုံနဲ့တော့ မဖြစ်နိုင်ပေမယ့် ပုံမှန် နေကောင်းပြီး အာဟာရ မျှတတဲ့ သူတစ်ယောက်ဟာ အားဆေးတွေ နေ့စဉ်ဆက်တိုက်သောက်သုံးမှု တစ်လကျော်မယ်ဆိုရင် အန္တရာယ်ဖြစ်ဖို့ နီးစပ်နိုင်တယ်လို့ အာဟာရပညာရှင်များက ဆိုပါတယ််။

အောက်မှာ ဗိုက်တာမင်များနဲ့ ၄င်းတို့ လွန်ကဲရင် ခံစားရတတ်တဲ့ ဝေဒနာတွေကို ယှဉ်တွဲဖော်ပြပေးလိုက် ပါတယ်။
Vitamin A :
နားအူခြင်း (ခေါင်းလောင်းမြည်သံ ကဲ့သို့ ခံစားရခြင်း)၊ အမြင်ဝေဝါးခြင်း၊ ဆံပင်အကျွတ်များခြင်း၊
အမျိုးသမီးများ ရာသီ မမှန်ခြင်း၊ စိတ်ဆတ်လာခြင်း၊ စိတ်မပါလက်မပါ ဖြစ်နေတတ်ခြင်း၊ အသားမဝါဘဲ မျက်လုံးတစ်ခုတည်း ၀ါခြင်း။
Vitamin B3 :
သွေးတွင်း သကြားဓာတ် မြင့်တက်စေ၍ ဆီးချို ဖြစ်စေရန် အားပေးခြင်း၊ အိပ်ငိုက်ခြင်း၊
ဂေါက်ရောဂါကို အားပေးခြင်း၊ ဗိုက်အောင့်တတ်ခြင်း၊ သတိလစ်တတ်ခြင်း။
Vitamin B6 :
ခြေလက်များ ထုံကျင်ခြင်း၊ အချို့အကြောင်းအရာများ မေ့တတ်ခြင်း။
Vitamin D :
အကြားအာရုံ ချို့ယွင်းခြင်း၊ ခံတွင်းပျက်ခြင်း၊ သွေးပေါင်တက်ခြင်း၊ သွေးတွင်း ကိုလက်စထရော တက်လာခြင်း။
Vitamin E :
ကြွက်သားများ အားနည်းခြင်း၊ သွေးပေါင်တက်ခြင်း၊ အနာကျက်နှေးခြင်း၊ ရင်သားများ အထိမခံနိုင်အောင် နာခြင်း။

ဗိုက်တာမင် အစုံ သောက်တာထက် ဗိုက်တာမင် တစ်မျိုးတည်း
(ဥပမာ B အုပ်စု တစ်ခုတည်း၊ အချို့အမျိုးသမီးတွေက Vitamin E တစ်မျိုးတည်း) သောက်တာက ပိုအန္တရာယ်များတယ်လို့ ပညာရှင်များက ဆိုပါတယ်။

ဒါ့အပြင် တုပ်ကွေး၊ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်း (ဥပမာ အဆုတ်အအေးမိ နမိုးနီးယား စသဖြင့်) ကူးစက်ရောဂါ တစ်ခုခု ကိုယ်တွင်း ရှိသူတွေဟာ..သံဓာတ်အားဖြည့်ဆေးများကို ရောဂါဖြစ်နေစဉ် အခိုက်အတန့်မှာ ကိုယ့်သဘောနဲ့ကိုယ် မသောက်သင့်ဘူးလို့ ကျန်းမာရေး ပညာရှင်များက ဆိုပါတယ်။
သံဓာတ်နဲ့ ဖောလစ်အက်ဆစ်ဟာ တချို့ဘက်တီးရီးယားတွေရဲ့ နေထိုင်ပေါက်ပွားခြင်းကို အားပေးတယ်လို့ တွေ့ရှိထားရလို့ပါ။
ဆရာဝန်က လိုအပ်လို့ ချိန်ဆ ညွှန်ကြားရင်တော့ သောက်နိုင်ပါတယ်။
Source: ondoctor

Read times Last modified on Wednesday, 14 February 2018 16:02
Rate this item
(1 Vote)