What's New




Tuesday, 06 June 2023 18:09

ဒရုန်းဖြင့် ဆေးဝါးနှင့် သွေးအိတ် ပို့ဆောင်ရေး စမ်းသပ်

ဒရုန်းဖြင့် ဆေးဝါးနှင့် သွေးအိတ် ပို့ဆောင်ရေး စမ်းသပ်

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အများပြည်သူများထံ ပိုမိုလက်လှမ်းမီစွာဖြင့် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများ ပေးဆောင်နိုင်ရန် ထုိင်းနိုင်ငံ ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနမှ စတင်ဆောင်ရွက်ခဲ့ပါသည်။

 

Skyports Swoop Aero ၏ ၁၇ ကီလိုဂရမ် အလေးချိန်ရှိသော ဒရုန်းယာဉ်သည် ၁၂ ကီလိုမီတာခရီးကို ပျံသန်းပြီး Satun ရှိ ဆေးရုံသို့ ဆေးဝါးများ ပို့ဆောင်ပေးခဲ့သည်။

 

ပြည်သူ့ကျန်းမာရေး ဝန်ကြီး၏ လက်ထောက် ဒေါက်တာ ဆိုဖွန်မက်သွန်က "စမ်းသပ်မှုဟာ ဝေးလံခေါင်သီသောဒေသများမှာ နေထိုင်ကြသူများအား ပိုမိုလက်လှမ်းမီပြီး တတ်နိုင်သမှ ဝန်ဆောင်မှုများ ပေးဆောင်ရန် နည်းပညာကို အသုံးပြုခြင်းဖြင့် ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုကို ဒစ်ဂျစ်တယ်သုိ့ ပြောင်းလဲခြင်းရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်" ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

 

“ဒရုန်းက Satun ဆေးရုံကနေ Puyu ကျွန်းပေါ်မှာ တည်ရှိတဲ့  Puyu Tambon Health Promotion ဆေးရုံဆီသို့ ၁၂ ကီလိုမီတာခရီးကို ပင်လယ်ပြင်ပေါ် ပျံသန်းပြီး သွားရောက်ခဲ့ပါတယ်။ အသွားခရီးမှာ မေးခိုင်ကာကွယ်ဆေးတွေ ယူသွားတယ်။ အပြန်ခရီးမှာ  သွေးအိတ်တွေကို Satun ဆေးရုံကို ပြန်ပို့ပေးတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

 

အသုံးပြုသော ဒရုန်းမှာ Skyports Swoop Aero မှ ထုတ်လုပ်သည့် ၁၇ ကီလိုဂရမ် အလေးချိန်ရှိ Swoop Kookaburra Mark 3 ဒရုန်း ဖြစ်သည်။

ကုန်အလေးချိန် ၃ ကီလိုဂရမ်အထိ သယ်နိုင်သည်။ တစ်နာရီ ၆၈ ကီလိုမီတာ အမြန်နှုန်းအထိ ပျံသန်းနိုင်သည်။

 

Source Bangkokpost 


TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Tuesday, 06 June 2023 18:10
Rate this item
(0 votes)