What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 10 October 2019 14:51

လိင္ဆက္ဆံၿပီးေနာက္ ေဆာင္ရန္၊ေရွာင္ရန္ အခ်က္မ်ား

လိင္မႈကိစၥဆိုတာ တစ္ျခားကိုယ္လက္လႈပ္ရွားမႈ ကိစၥေတြထက္ ေရာဂါ ကူးစက္ႏိုင္ေျခ ျမင့္မားပါတယ္။

ဒါ့ေၾကာင့္ လိင္မဆက္ဆံခင္ကတည္းက သင့္အေနနဲ႔ လိင္မွတစ္ဆင့္ကူးစက္ေရာဂါ (STD) ေတြနဲ႔ သေႏၶတားဖို႔အတြက္ ႀကိဳတင္ျပင္ဆင္ထားသင့္သလို လိင္ဆက္ဆံအၿပီးမွာလည္း ေဆာင္ရန္၊ ေရွာင္ရန္ အခ်က္ေလးေတြ ရွိပါတယ္။ အခုဒီမွာေတာ့ Hello ဆရာ၀န္္ ပရိတ္သတ္ႀကီးအတြက္ လိင္ဆက္ဆံၿပီးေနာက္ လုပ္သင့္တဲ့ အရာေတြနဲ႔ ေရွာင္သင့္တဲ့ အရာ (၁၁) ခ်က္ကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ေဆးေၾကာပါ

လိင္ဆက္ဆံၿပီးတာနဲ႔ ခ်က္ျခင္း ေရခ်ိဳးခန္းကို သြားၿပီး ေဆးေၾကာစရာေတာ့ မလိုအပ္ပါဘူး။ ဒါေပမဲ့ လိင္ဆက္ဆံၿပီးေနာက္ လိင္အဂၤါေတြကို ေဆးေၾကာေပးျခင္းဟာ ဆီးလမ္းေၾကာင္းဆိုင္ရာ ကူးစက္ေရာဂါ (UTIs) ေတြကို ကာကြယ္ေပးႏိုင္ပါတယ္။ ဒီလိုေဆးေၾကာတဲ့ အခါမွာလည္း လိင္အဂၤါနားတစ္ဝိုက္ (အတြင္းကို မဟုတ္ပါ) ေနရာေတြကို ေရနဲ႔ ေဆးေၾကာေပးလို႔ရပါတယ္။ ဆပ္ျပာ အေပ်ာ့စားေလးေတြကိုလည္း သုံးလို႔ရေပမဲ့ သင္မွာ ဓာတ္မတည့္တဲ့ အေရျပား (သို႔) ကူးစက္ေရာဂါရွိမယ္ဆိုရင္ ဒီလို ဆပ္ၾကာနဲ႔ ေဆးေၾကာျခင္းဟာ အေရျပားကို ေျခာက္ေသြ႕ယားယံေစႏိုင္ပါတယ္။ အမ်ိဳးသားေတြဆိုရင္ လိင္တံထိပ္ငုံအေရျပားကို ေနာက္သို႔ ဆြဲလွန္ၿပီး ေရနဲ႔ ျဖည္းညႇင္းစြာ ေဆးေၾကာေပးႏိုင္ပါတယ္။

 

၂။ လိင္အဂၤါ အတြင္းသို႔ ေဆးေၾကာတာမ်ိဳး မလုပ္ပါနဲ႔

အမ်ိဳးသမီး တစ္ခ်ိဳ႕ကေတာ့ လိင္ဆက္ဆံၿပီးတဲ့ အခါမွာ လိင္အဂၤါ အတြင္းပိုင္းကို ေရအေျခခံၿပီး ထုတ္လုပ္ထားတဲ့ သန္႕စင္ေဆးရည္ေတြနဲ႔ ေဆးေၾကာေပးသင့္တယ္လို႔ ထင္တတ္ၾကပါတယ္။ ဒါေပမဲ့ ဒီလို လုပ္ျခင္းက ကူးစက္ေရာဂါေတြကို ပိုျဖစ္ေစႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီလို ေဆးေၾကာလိုက္တဲ့အခါမွာ ေမြးလမ္းေၾကာင္းကို ကာကြယ္ေပးေနတဲ့ ဘတ္တီးရီးယားပမာဏကို နည္းပါးသြားေစႏိုင္လို႔ပါပဲ။ ဒါေၾကာင့္ ေမြးလမ္းေၾကာင္းကို အေကာင္းဆုံး ဂ႐ုစိုက္ခ်င္တယ္ဆိုရင္ေတာ့ လိင္ဆက္ဆံၿပီး ေမြးလမ္းေၾကာင္းကို ဒီအတိုင္းထားလိုက္ဖို႔ပါပဲ။ ေမြးလမ္းေၾကာင္းဟာ သူ႔ဘာသာ သန္႕ရွင္းေရး လုပ္တဲ့အဂၤါျဖစ္ၿပီး ႏူးႏူးညံ့ညံ့ကိုင္တြယ္ဖို႔လိုပါတယ္။ ဒါ့အျပင္ ေမြးလမ္းေၾကာင္းမွ သိပ္မျပင္းတဲ့ အနံ႔တစ္မ်ိဳးထြက္ေနတာဟာ သာမန္သာျဖစ္ၿပီး ေရာဂါျဖစ္ေနတာ မဟုတ္ေၾကာင္းလည္း မွတ္ထားဖို႔လိုပါတယ္။

 

၃။ ႐ိုး႐ိုးေရ ျဖင့္သာ သန႔္ရွင္းေရး လုပ္ပါ

အမ်ိဳးသမီးေမြးလမ္းေၾကာင္း သန္႕ရွင္းေဆးရည္ေတြအျပင္ ေဆးဆိုင္ေတြမွာ သင့္ရဲ႕ အဂၤါကို သန္႕ရွင္းသြားေစႏိုင္တယ္ဆိုတဲ့ ေဆးေတြ၊ လိမ္းေဆးေတြ ဖ်န္းေဆးေတြ ေရာင္းခ်ၾကပါတယ္။ ဒီလို ပစၥည္းေတြဟာ ဆပ္ျပာအျပင္းစားေတြ၊ ေၾကးခြၽတ္ေဆးေတြ၊ ေဆးေၾကာေဆးရည္ေတြ၊ ေရေမႊးေတြ၊ လိမ္းေဆးဆီေတြနဲ႔ ျပဳလုပ္ထားၿပီး ဒီလိုျပင္းထန္တဲ့ အရာေတြက သင့္ရဲ႕ အေရျပားကို ထိခိုက္ေစႏိုင္ပါတယ္။ ဒါ့ေၾကာင့္ လိင္ဆက္ဆံအၿပီး ေဆးေၾကာခ်င္တယ္ဆိုရင္လည္း သာမန္ေရေႏြးေႏြးေလးနဲ႔သာေဆးေၾကာေပးသင့္ပါတယ္။ ဒါ့အျပင္ အထူးသျဖင့္ သင္မွာ ကူးစက္ေရာဂါရွိေနမယ္ဆိုရင္ အနံ႔ဆြတ္ထားတဲ့ မီးယပ္လာခ်ိန္တြင္ ရာသီေသြးထိန္းရန္ ထည့္ရ ေသာ အေတာင့္ေတြ၊ မီးယပ္လာခ်ိန္ကပ္ထားရတဲ့ အမ်ိဳးသမီးသုံးအခ်ပ္ေတြ၊ ေပါင္ဒါေတြနဲ႔ ဖ်န္းေဆးေတြကိုလည္း လုံးဝအသုံးမျပဳဖို႔လိုပါတယ္။

 

၄။ ဆီးအိမ္ကို ရွင္းပါ

လိင္ဆက္ဆံခ်ိန္မွာ ခႏၶာကိုယ္မွ ဆီးမ်ားကို စြန႔္ထုတ္ေပးတဲ့ ဆီးလမ္းေၾကာင္းမွာ ဘတ္တီးရီးယားေတြ ေရာက္လာႏိုင္ပါတယ္။ ဆီးလမ္းေၾကာင္းထဲ ဘတ္တီးရီးယားေတြ ရွိေနမယ္ဆိုရင္ သင့္အေနနဲ႔ ကူးစက္ေရာဂါ ခံစားရႏိုင္ေျခ မ်ားပါတယ္။ သင္ဆီးသြားလိုက္တဲ့ အခါမွာ ဒီဘတ္တီးရီးယားပိုးေတြကို ရွင္းလင္းပစ္လိုက္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ လိင္ဆက္ဆံအၿပီး ခဏအၾကာမွာ ဆီးသြားေပးဖို႔လိုၿပီး အမ်ိဳးသမီးေတြဆိုရင္လည္း ဆီးသြားၿပီးတဲ့ေနာက္ ဘတ္တီးရီးယားေတြ ပ်ံ႕ပြားျခင္းမွ ကာကြယ္ဖို႔အတြက္ ေရေဆးရင္ ေရွ႕မွ ေနာက္သို႔ေဆးေၾကာေပးသင့္ပါတယ္။

 

၅။ ေရမ်ားမ်ားေသာက္ပါ

ေရမ်ားမ်ားေသာက္တာက ခႏၶာကိုယ္က်န္းမာေရးအတြက္လည္း ေကာင္းတဲ့ အျပင္ လိင္ဆက္ဆံေတာ့မယ့္အခ်ိန္မွာလည္း ေရမ်ားမ်ားေသာက္ဖို႔မေမ့ပါနဲ႔။ ဘာေၾကာင့္လဲဆိုေတာ့ သင့္မွာ ေရဓာတ္ျပည့္ဝေနရင္ ပိုၿပီးဆီးသြားမွာ ျဖစ္ပါတယ္။ အဲ့ဒီအခါ ကူးစက္ေရာဂါ ျဖစ္ေစႏိုင္တဲ့ ဘတ္တီးရီးယားေတြကို ပိုၿပီး ရွင္းထုတ္ႏိုင္မွာ ျဖစ္ပါတယ္။

 

>>>ကာမအားတိုးေဆးေတြေၾကာင့္ ပန္းေသပန္းညိဳး ျဖစ္ေစႏိုင္<<<

ကာမအားတိုးေဆးေတြေၾကာင့္ ပန္းေသပန္းညိဳး ျဖစ္ေစႏိုင္

 

၆။ အဝတ္အစားေခ်ာင္ေခ်ာင္ခ်ိခ်ိ ဝတ္ဆင္ပါ

ပူေလာင္ၿပီး ေခြၽးထြက္မ်ားတဲ့ ေနရာေတြမွာ ဘတ္တီးရီးယားေတြနဲ႔ မႈိေတြ ပိုရွင္သန္ႏိုင္ပါတယ္။ ဒါေၾကာင့္ ေလဝင္ေလထြက္ေကာင္းမယ့္ အတြင္းခံေဘာင္းဘီမ်ိဳးကို ဝတ္ဆင္ဖို႔လိုပါတယ္။ အမ်ိဳးသမီးေတြ အေနနဲ႔လည္း အရမ္းက်ပ္တဲ့ အသားကပ္ေဘာင္းဘီေတြ၊ အမ်ိဳးသမီးအတြင္းခံေဘာင္းဘီေတြ ဝတ္ဆင္တာကို ေရွာင္ၾကဥ္သင့္ပါတယ္။ ခ်ည္သား အတြင္းခံေတြက ေလဝင္ေလထြက္ေကာင္းၿပီး ေအးျမေစႏိုင္တဲ့ အတြက္ ဒီလို ခ်ည္ထည္အတြင္းခံမ်ိဳးကိုသာ ဝတ္ဆင္ႏိုင္ပါတယ္။

 

၇။ လက္ကို ေသခ်ာေဆးေၾကာပါ

ကိုယ္အေဖာ္ရဲ႕ လိင္အဂၤါေတြကို ထိေတြ႕လိုက္မယ္ဆိုရင္ သင့္အေနနဲ႔ ဘတ္တီးရီးယားပိုးေတြ ကူးစက္ခံရႏိုင္ေျခ ျမင့္မားႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ဒီလို ထိေတြ႕ၿပီးရင္ လက္ကို ေသခ်ာေဆးေၾကာျခင္းက ကူးစက္ေရာဂါေတြ ျပန႔္ပြားျခင္းကို ကာကြယ္ဖို႔ အေကာင္းဆုံးနည္းလမ္းပါပဲ။ ဒါ့ေၾကာင့္ လိင္ဆက္ဆံအၿပီးမွာ လက္ကို ေသခ်ာေဆးေၾကာျခင္းကိုလည္း ေသခ်ာျပဳလုပ္သင့္ပါတယ္။

 

၈။ လိင္မႈဆိုင္ရာ အ႐ုပ္ေတြကို ေသခ်ာေဆးေၾကာေပးပါ

ဒီလို လိင္မႈဆိုင္ရာ အ႐ုပ္ေတြကို သင္အသုံးျပဳတဲ့အခါမွာ ဘတ္တီးရီးယားေတြ၊ ဗိုင္းရပ္စ္ပိုးေတြ နဲ႔ မႈိေတြ ကပ္တြယ္ေနႏိုင္ပါတယ္။ ဆိုလိုတဲ့ သေဘာက သင့္ရဲ႕ လိင္အ႐ုပ္ေတြက လိင္မွ တစ္ဆင့္ကူးစက္တဲ့ ေရာဂါ (STD) ေတြနဲ႔ တစ္ျခားေသာကူးစက္ေရာဂါေတြကို ပ်ံ႕ပြားေစႏိုင္တယ္ဆိုတာပါပဲ။ ဒါ့ေၾကာင့္ ဒီအ႐ုပ္ေတြကို အသုံးျပဳၿပီးတဲ့ အခါတိုင္း ဘယ္လိုေဆးေၾကာရမလဲဆိုတဲ့ ၫႊန္ၾကားခ်က္ေတြကို ဖတ္ၿပီး ေဆးေၾကာေပးပါ။ ေရာဂါပိုးေတြ ကူးစက္ေစႏိုင္တဲ့အတြက္ လိင္မႈ အ႐ုပ္ေတြကို တစ္ေယာက္တည္းသုံးတာက အေကာင္းဆုံးပါပဲ။ တကယ္လို႔ မျဖစ္မေန ေဝမွ်ၿပီး သုံးရေတာ့မယ္ဆိုရင္လည္း သုံးတဲ့အခါ ကြန္ဒုံး အသုံးျပဳသင့္ပါတယ္။

 

၉။ မႈိကူးစက္ေရာဂါေတြကို ေသခ်ာေစာင့္ၾကည့္ပါ

လိင္ဆက္ဆံခ်ိန္မွာ မႈိေရာဂါေတြဟာ တစ္ေယာက္နဲ႔ တစ္ေယာက္ အျပန္အလွန္ကူးစက္ႏိုင္ပါတယ္။ ဒါ့ေၾကာင့္ သင့္အေနနဲ႔ ယားယံျခင္း၊ ပူစပ္ျခင္းနဲ႔ အျဖဴေရာင္ ျပည္ေတြ ေမြးလမ္းေၾကာင္း (သို႔) လိင္တံမွ ထြက္လာတာကိုေတြ႕ရမယ္ဆိုရင္ ဆရာဝန္နဲ႔ အျမန္ဆုံးသြားေရာက္ျပသသင့္ပါတယ္ ။

 

၁၀။ ေသြးစစ္ဖို႔ အၿမဲတမ္း သတိရွိပါ

သင္က လိင္မႈကိစၥေတြကို ပုံမွန္လုပ္တတ္သူတစ္ေယာက္ (သို႔) လိင္ဆက္ဆံေဖာ္သစ္တစ္ေယာက္နဲ႔ လိင္ဆက္ဆံၿပီးမယ္ဆိုရင္ လိင္မွတစ္ဆင့္ကူးစက္ခံရတဲ့ ေရာဂါ (STD) ေတြကို သြားေရာက္စစ္ေဆးသင့္ပါတယ္။ အစပိုင္းမွာ ဒီေရာဂါေတြက လုံးဝ ေရာဂါ လကၡဏာမျပတဲ့ အတြက္ ေသြးစစ္ျခင္းကပဲ သင့္မွာ ေရာဂါ ကူးစက္ခံထားရလားဆိုတာ သိေစႏိုင္မွာပါ။ သင့္အေနနဲ႔ ျပည္ထြက္ျခင္း၊ နာက်င္ျခင္း၊ မီးေလာင္ရည္ၾကည္ဖုေတြ၊ အနာမ်ား၊ အနီဖုမ်ားနဲ႔ အဖုမ်ား သင့္ လိင္အဂၤါနား ေပါက္လာသလားဆုိတာကိုလည္း ၾကည့္ရႈလို႔ရပါတယ္။

 

၁၁။ ကိုယ္ဝန္ရွိေနတဲ့ အခ်ိန္ ပိုၿပီး ဂ႐ုစိုက္ပါ

ကိုယ္ဝန္ေဆာင္ေနတဲ့ အခ်ိန္ လိင္မႈကိစၥဟာ ပုံမွန္အားျဖင့္ စိတ္ခ်ရေပမဲ့ ဆီးလမ္းေၾကာင္း ကူးစက္ေရာဂါေတြ ရႏိုင္ေျချမင့္မားတဲ့ အတြက္ ကိုယ္ဝန္ရွိတဲ့အခ်ိန္ ပိုၿပီး ဂ႐ုစိုက္ဖို႔လိုပါတယ္။ ဒီလိုကာကြယ္ဖို႔အတြက္ အထက္မွာ ေဖာ္ျပထားခဲ့တဲ့ လိင္ဆက္ဆံၿပီး ဆီးသြားတာမ်ိဳး၊ ေမြးလမ္းေၾကာင္း တစ္ဝိုက္ညင္သာစြာ ေဆးေၾကာေပးျခင္းမ်ိဳးကို ျပဳလုပ္ေပးသင့္ၿပီး သင့္ရဲ႕ အေဖာ္ျဖစ္သူကိုလည္း ဒီလို ထပ္တူ လုပ္ခိုင္းသင့္ပါတယ္။

 

Hello Health Group

 

{Unicode}

======

 

လိင်ဆက်ဆံပြီးနောက် ဆောင်ရန်၊ရှောင်ရန် အချက်များ


လိင်မှုကိစ္စဆိုတာ တစ်ခြားကိုယ်လက်လှုပ်ရှားမှု ကိစ္စတွေထက် ရောဂါ ကူးစက်နိုင်ခြေ မြင့်မားပါတယ်။ ဒါ့ကြောင့် လိင်မဆက်ဆံခင်ကတည်းက သင့်အနေနဲ့ လိင်မှတစ်ဆင့်ကူးစက်ရောဂါ (STD) တွေနဲ့ သန္ဓေတားဖို့အတွက် ကြိုတင်ပြင်ဆင်ထားသင့်သလို လိင်ဆက်ဆံအပြီးမှာလည်း ဆောင်ရန်၊ ရှောင်ရန် အချက်လေးတွေ ရှိပါတယ်။ အခုဒီမှာတော့ Hello ဆရာဝန် ပရိတ်သတ်ကြီးအတွက် လိင်ဆက်ဆံပြီးနောက် လုပ်သင့်တဲ့ အရာတွေနဲ့ ရှောင်သင့်တဲ့ အရာ (၁၁) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

 

၁။ ဆေးကြောပါ

လိင်ဆက်ဆံပြီးတာနဲ့ ချက်ခြင်း ရေချိုးခန်းကို သွားပြီး ဆေးကြောစရာတော့ မလိုအပ်ပါဘူး။ ဒါပေမဲ့ လိင်ဆက်ဆံပြီးနောက် လိင်အင်္ဂါတွေကို ဆေးကြောပေးခြင်းဟာ ဆီးလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ (UTIs) တွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒီလိုဆေးကြောတဲ့ အခါမှာလည်း လိင်အင်္ဂါနားတစ်ဝိုက် (အတွင်းကို မဟုတ်ပါ) နေရာတွေကို ရေနဲ့ ဆေးကြောပေးလို့ရပါတယ်။ ဆပ်ပြာ အပျော့စားလေးတွေကိုလည်း သုံးလို့ရပေမဲ့ သင်မှာ ဓာတ်မတည့်တဲ့ အရေပြား (သို့) ကူးစက်ရောဂါရှိမယ်ဆိုရင် ဒီလို ဆပ်ကြာနဲ့ ဆေးကြောခြင်းဟာ အရေပြားကို ခြောက်သွေ့ယားယံစေနိုင်ပါတယ်။ အမျိုးသားတွေဆိုရင် လိင်တံထိပ်ငုံအရေပြားကို နောက်သို့ ဆွဲလှန်ပြီး ရေနဲ့ ဖြည်းညှင်းစွာ ဆေးကြောပေးနိုင်ပါတယ်။

 

၂။ လိင်အင်္ဂါ အတွင်းသို့ ဆေးကြောတာမျိုး မလုပ်ပါနဲ့

အမျိုးသမီး တစ်ချို့ကတော့ လိင်ဆက်ဆံပြီးတဲ့ အခါမှာ လိင်အင်္ဂါ အတွင်းပိုင်းကို ရေအခြေခံပြီး ထုတ်လုပ်ထားတဲ့ သန့်စင်ဆေးရည်တွေနဲ့ ဆေးကြောပေးသင့်တယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ ဒီလို လုပ်ခြင်းက ကူးစက်ရောဂါတွေကို ပိုဖြစ်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလို ဆေးကြောလိုက်တဲ့အခါမှာ မွေးလမ်းကြောင်းကို ကာကွယ်ပေးနေတဲ့ ဘတ်တီးရီးယားပမာဏကို နည်းပါးသွားစေနိုင်လို့ပါပဲ။ ဒါကြောင့် မွေးလမ်းကြောင်းကို အကောင်းဆုံး ဂရုစိုက်ချင်တယ်ဆိုရင်တော့ လိင်ဆက်ဆံပြီး မွေးလမ်းကြောင်းကို ဒီအတိုင်းထားလိုက်ဖို့ပါပဲ။ မွေးလမ်းကြောင်းဟာ သူ့ဘာသာ သန့်ရှင်းရေး လုပ်တဲ့အင်္ဂါဖြစ်ပြီး နူးနူးညံ့ညံ့ကိုင်တွယ်ဖို့လိုပါတယ်။ ဒါ့အပြင် မွေးလမ်းကြောင်းမှ သိပ်မပြင်းတဲ့ အနံ့တစ်မျိုးထွက်နေတာဟာ သာမန်သာဖြစ်ပြီး ရောဂါဖြစ်နေတာ မဟုတ်ကြောင်းလည်း မှတ်ထားဖို့လိုပါတယ်။

 

၃။ ရိုးရိုးရေ ဖြင့်သာ သန့်ရှင်းရေး လုပ်ပါ

အမျိုးသမီးမွေးလမ်းကြောင်း သန့်ရှင်းဆေးရည်တွေအပြင် ဆေးဆိုင်တွေမှာ သင့်ရဲ့ အင်္ဂါကို သန့်ရှင်းသွားစေနိုင်တယ်ဆိုတဲ့ ဆေးတွေ၊ လိမ်းဆေးတွေ ဖျန်းဆေးတွေ ရောင်းချကြပါတယ်။ ဒီလို ပစ္စည်းတွေဟာ ဆပ်ပြာအပြင်းစားတွေ၊ ကြေးချွတ်ဆေးတွေ၊ ဆေးကြောဆေးရည်တွေ၊ ရေမွှေးတွေ၊ လိမ်းဆေးဆီတွေနဲ့ ပြုလုပ်ထားပြီး ဒီလိုပြင်းထန်တဲ့ အရာတွေက သင့်ရဲ့ အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံအပြီး ဆေးကြောချင်တယ်ဆိုရင်လည်း သာမန်ရေနွေးနွေးလေးနဲ့သာဆေးကြောပေးသင့်ပါတယ်။ ဒါ့အပြင် အထူးသဖြင့် သင်မှာ ကူးစက်ရောဂါရှိနေမယ်ဆိုရင် အနံ့ဆွတ်ထားတဲ့ မီးယပ်လာချိန်တွင် ရာသီသွေးထိန်းရန် ထည့်ရ သော အတောင့်တွေ၊ မီးယပ်လာချိန်ကပ်ထားရတဲ့ အမျိုးသမီးသုံးအချပ်တွေ၊ ပေါင်ဒါတွေနဲ့ ဖျန်းဆေးတွေကိုလည်း လုံးဝအသုံးမပြုဖို့လိုပါတယ်။

 

၄။ ဆီးအိမ်ကို ရှင်းပါ

လိင်ဆက်ဆံချိန်မှာ ခန္ဓာကိုယ်မှ ဆီးများကို စွန့်ထုတ်ပေးတဲ့ ဆီးလမ်းကြောင်းမှာ ဘတ်တီးရီးယားတွေ ရောက်လာနိုင်ပါတယ်။ ဆီးလမ်းကြောင်းထဲ ဘတ်တီးရီးယားတွေ ရှိနေမယ်ဆိုရင် သင့်အနေနဲ့ ကူးစက်ရောဂါ ခံစားရနိုင်ခြေ များပါတယ်။ သင်ဆီးသွားလိုက်တဲ့ အခါမှာ ဒီဘတ်တီးရီးယားပိုးတွေကို ရှင်းလင်းပစ်လိုက်နိုင်ပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံအပြီး ခဏအကြာမှာ ဆီးသွားပေးဖို့လိုပြီး အမျိုးသမီးတွေဆိုရင်လည်း ဆီးသွားပြီးတဲ့နောက် ဘတ်တီးရီးယားတွေ ပျံ့ပွားခြင်းမှ ကာကွယ်ဖို့အတွက် ရေဆေးရင် ရှေ့မှ နောက်သို့ဆေးကြောပေးသင့်ပါတယ်။

 

၅။ ရေများများသောက်ပါ

ရေများများသောက်တာက ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း ကောင်းတဲ့ အပြင် လိင်ဆက်ဆံတော့မယ့်အချိန်မှာလည်း ရေများများသောက်ဖို့မမေ့ပါနဲ့။ ဘာကြောင့်လဲဆိုတော့ သင့်မှာ ရေဓာတ်ပြည့်ဝနေရင် ပိုပြီးဆီးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီအခါ ကူးစက်ရောဂါ ဖြစ်စေနိုင်တဲ့ ဘတ်တီးရီးယားတွေကို ပိုပြီး ရှင်းထုတ်နိုင်မှာ ဖြစ်ပါတယ်။

 

>>>ကာမအားတိုးဆေးတွေကြောင့် ပန်းသေပန်းညိုး ဖြစ်စေနိုင်<<<

ကာမအားတိုးေဆးေတြေၾကာင့္ ပန္းေသပန္းညိဳး ျဖစ္ေစႏိုင္

 

၆။ အဝတ်အစားချောင်ချောင်ချိချိ ဝတ်ဆင်ပါ

ပူလောင်ပြီး ချွေးထွက်များတဲ့ နေရာတွေမှာ ဘတ်တီးရီးယားတွေနဲ့ မှိုတွေ ပိုရှင်သန်နိုင်ပါတယ်။ ဒါကြောင့် လေဝင်လေထွက်ကောင်းမယ့် အတွင်းခံဘောင်းဘီမျိုးကို ဝတ်ဆင်ဖို့လိုပါတယ်။ အမျိုးသမီးတွေ အနေနဲ့လည်း အရမ်းကျပ်တဲ့ အသားကပ်ဘောင်းဘီတွေ၊ အမျိုးသမီးအတွင်းခံဘောင်းဘီတွေ ဝတ်ဆင်တာကို ရှောင်ကြဉ်သင့်ပါတယ်။ ချည်သား အတွင်းခံတွေက လေဝင်လေထွက်ကောင်းပြီး အေးမြစေနိုင်တဲ့ အတွက် ဒီလို ချည်ထည်အတွင်းခံမျိုးကိုသာ ဝတ်ဆင်နိုင်ပါတယ်။

 

၇။ လက်ကို သေချာဆေးကြောပါ

ကိုယ်အဖော်ရဲ့ လိင်အင်္ဂါတွေကို ထိတွေ့လိုက်မယ်ဆိုရင် သင့်အနေနဲ့ ဘတ်တီးရီးယားပိုးတွေ ကူးစက်ခံရနိုင်ခြေ မြင့်မားနိုင်ပါတယ်။ ဒါ့ကြောင့် ဒီလို ထိတွေ့ပြီးရင် လက်ကို သေချာဆေးကြောခြင်းက ကူးစက်ရောဂါတွေ ပြန့်ပွားခြင်းကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။ ဒါ့ကြောင့် လိင်ဆက်ဆံအပြီးမှာ လက်ကို သေချာဆေးကြောခြင်းကိုလည်း သေချာပြုလုပ်သင့်ပါတယ်။

 

၈။ လိင်မှုဆိုင်ရာ အရုပ်တွေကို သေချာဆေးကြောပေးပါ

ဒီလို လိင်မှုဆိုင်ရာ အရုပ်တွေကို သင်အသုံးပြုတဲ့အခါမှာ ဘတ်တီးရီးယားတွေ၊ ဗိုင်းရပ်စ်ပိုးတွေ နဲ့ မှိုတွေ ကပ်တွယ်နေနိုင်ပါတယ်။ ဆိုလိုတဲ့ သဘောက သင့်ရဲ့ လိင်အရုပ်တွေက လိင်မှ တစ်ဆင့်ကူးစက်တဲ့ ရောဂါ (STD) တွေနဲ့ တစ်ခြားသောကူးစက်ရောဂါတွေကို ပျံ့ပွားစေနိုင်တယ်ဆိုတာပါပဲ။ ဒါ့ကြောင့် ဒီအရုပ်တွေကို အသုံးပြုပြီးတဲ့ အခါတိုင်း ဘယ်လိုဆေးကြောရမလဲဆိုတဲ့ ညွှန်ကြားချက်တွေကို ဖတ်ပြီး ဆေးကြောပေးပါ။ ရောဂါပိုးတွေ ကူးစက်စေနိုင်တဲ့အတွက် လိင်မှု အရုပ်တွေကို တစ်ယောက်တည်းသုံးတာက အကောင်းဆုံးပါပဲ။ တကယ်လို့ မဖြစ်မနေ ဝေမျှပြီး သုံးရတော့မယ်ဆိုရင်လည်း သုံးတဲ့အခါ ကွန်ဒုံး အသုံးပြုသင့်ပါတယ်။

 

၉။ မှိုကူးစက်ရောဂါတွေကို သေချာစောင့်ကြည့်ပါ

လိင်ဆက်ဆံချိန်မှာ မှိုရောဂါတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်ကူးစက်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ ယားယံခြင်း၊ ပူစပ်ခြင်းနဲ့ အဖြူရောင် ပြည်တွေ မွေးလမ်းကြောင်း (သို့) လိင်တံမှ ထွက်လာတာကိုတွေ့ရမယ်ဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ် ။

 

၁၀။ သွေးစစ်ဖို့ အမြဲတမ်း သတိရှိပါ

သင်က လိင်မှုကိစ္စတွေကို ပုံမှန်လုပ်တတ်သူတစ်ယောက် (သို့) လိင်ဆက်ဆံဖော်သစ်တစ်ယောက်နဲ့ လိင်ဆက်ဆံပြီးမယ်ဆိုရင် လိင်မှတစ်ဆင့်ကူးစက်ခံရတဲ့ ရောဂါ (STD) တွေကို သွားရောက်စစ်ဆေးသင့်ပါတယ်။ အစပိုင်းမှာ ဒီရောဂါတွေက လုံးဝ ရောဂါ လက္ခဏာမပြတဲ့ အတွက် သွေးစစ်ခြင်းကပဲ သင့်မှာ ရောဂါ ကူးစက်ခံထားရလားဆိုတာ သိစေနိုင်မှာပါ။ သင့်အနေနဲ့ ပြည်ထွက်ခြင်း၊ နာကျင်ခြင်း၊ မီးလောင်ရည်ကြည်ဖုတွေ၊ အနာများ၊ အနီဖုများနဲ့ အဖုများ သင့် လိင်အင်္ဂါနား ပေါက်လာသလားဆိုတာကိုလည်း ကြည့်ရှုလို့ရပါတယ်။

 

၁၁။ ကိုယ်ဝန်ရှိနေတဲ့ အချိန် ပိုပြီး ဂရုစိုက်ပါ

ကိုယ်ဝန်ဆောင်နေတဲ့ အချိန် လိင်မှုကိစ္စဟာ ပုံမှန်အားဖြင့် စိတ်ချရပေမဲ့ ဆီးလမ်းကြောင်း ကူးစက်ရောဂါတွေ ရနိုင်ခြေမြင့်မားတဲ့ အတွက် ကိုယ်ဝန်ရှိတဲ့အချိန် ပိုပြီး ဂရုစိုက်ဖို့လိုပါတယ်။ ဒီလိုကာကွယ်ဖို့အတွက် အထက်မှာ ဖော်ပြထားခဲ့တဲ့ လိင်ဆက်ဆံပြီး ဆီးသွားတာမျိုး၊ မွေးလမ်းကြောင်း တစ်ဝိုက်ညင်သာစွာ ဆေးကြောပေးခြင်းမျိုးကို ပြုလုပ်ပေးသင့်ပြီး သင့်ရဲ့ အဖော်ဖြစ်သူကိုလည်း ဒီလို ထပ်တူ လုပ်ခိုင်းသင့်ပါတယ်။

Read times
Rate this item
(1 Vote)