What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 17 January 2018 15:41

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေတတ်သော အကြောင်းရင်းများ

အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေတတ်သော အကြောင်းရင်းများ google.com

သင်ဟာ ဆေးလိပ်မသောက်တတ်သလို အရက်ကိုလည်း နည်းနည်းပဲ သောက်တတ် တယ်ဆိုပေမဲ့ သင့်မှာ ကျန်းမာရေး ကို ထိခိုက်စေနိုင်တဲ့ အကျင့်ဆိုးတွေ မရှိဘူးလို့ မဆိုနိုင်ပါဘူး။

သဘောကတော့  သင့်မှာ အရွယ်မတိုင်ခင် အိုမင်းစေနိုင်တဲ့ အမှားတွေ အများကြီး လုပ်မိနိုင်တယ်ဆိုတာပဲ ဖြစ်ပါတယ်။

သင့်အနေနဲ့ အရေပြား အရေးအကြောင်းတွေကို လျော့ပါးစေပြီး အသားအရေကို တင်းရင်းစေတဲ့ ခရင်မ်တွေ မလိမ်းရသေးခင်ကာလမှာ နေ့စဉ်နေထိုင်မှုဘဝပုံစံမှာ လုပ်ဆောင်နေတဲ့ နည်းလမ်းလေးတွေကို လေ့လာသင့်သလို လက်ရှိ လုပ်ဆောင်နေတဲ့ နည်းလမ်းတွေက သင့်ကို အသက်အရွယ်ထက် ပိုမိုအိုမင်းရင့်ရော်နေစေသလားဆိုတာကိုလည်း သိရှိထားသင့်ပါတယ်။

အိပ်ချိန်အလုံအလောက် မရှိခြင်း

အိပ်ရေးဝဝလင်လင် မအိပ်တာက ကျန်းမာရေးကို ထိခိုက်စေ တဲ့ အဆိုးရွားဆုံးအကြောင်းအရာ ဆိုတာကို အရင်ကလည်း အကြိမ် ထောင်နဲ့ချီပြီး ကြားဖူးမှာပါ။ အိပ်ရေးမဝတာက နောက်ပိုင်းမှာ ခန္ဓာကိုယ်မှာ ရောဂါတွေ ဝင်လာစေပါတယ်။

သင့်အနေနဲ့ ညက ငါးနာရီလောက်ပဲ အိပ်စက်ခဲ့ရပေမဲ့ အဆင်ပြေတယ်လို့ ထင်ချင်ထင်ပါလိမ့်မယ်။ ဒါပေမဲ့ အိပ်စက်အနားယူချိန် တအားနည်းတာက အရေပြားကို ဆိုးဆိုးရွားရွားထိခိုက်စေပါတယ်။ သည်အကြောင်းရင်းက သင့်ကို အရွယ်မတိုင်ခင် အိုမင်းရင့်ရော်တာကို ဖြစ်စေပါတယ်။ အိပ်စက်နေတဲ့အချိန်မှာ ဝက်ခြံလိုမျိုး အရေပြားထိခိုက်မှုတွေကို သက်သာအောင် လုပ်ဆောင်ပေးတာကြောင့် ငယ်ရွယ်နုပျိုတဲ့ ရုပ်သွင်ကို ထိန်းသိမ်းဖို့အတွက် အိပ်ရေးဝဝ အိပ်စက် အနားယူတာက အရေးပါပါတယ်။ ငယ်ရွယ်တဲ့ ရုပ်သွင်ပြင်ကို ထိန်းသိမ်းနိုင်ဖို့ တစ်ညကို အနည်းဆုံး ခုနစ်နာရီကနေ ရှစ်နာရီခန့် အိပ်စက်ပေးရပါမယ်။

အချိုဓာတ် များများစားသုံးခြင်း

အချိုရည်တွေနဲ့ စတိုးဆိုင်တွေက ဝယ်ယူတဲ့ ကွတ်ကီးတွေကို စားသုံးတာက ခန္ဓာကိုယ်အချိုးအစားကိုသာ ထိခိုက်စေတာမဟုတ်ဘဲ အသားအရေကိုလည်း ထိခိုက် ပျက်စီးစေပါတယ်။ ပြုပြင် ပြင်ဆင် ထားတဲ့ အသင့်စား အစားအစာ တွေ၊ အချိုရည်တွေကို အလွန်အ ကျွံစားသုံးတာက အသားအရေကို မစိုမပြည် ဖြစ်စေပါတယ်။ သွေးတွင်း အချိုဓာတ်မြင့်နေတဲ့သူတွေက အသက်အရွယ်ထက် ပိုမိုအိုမင်းရင့်ရော်ကြပါတယ်။

အမြဲလိုလို စိတ်ဖိစီးနေခြင်း

သင်ဟာ အမြဲလိုလိုဝယ်ရမယ့် ကုန်စည်ပစ္စည်းတွေ၊ လျှော်ဖွပ်ရမယ့် အဝတ်အစားတွေရဲ့ အကြောင်း၊ အလုပ်အပြီးသတ်ရမယ့် သတ်မှတ်ရက်မှာ အချိန်မီ ပြီးစီးအောင် လုပ်ဆောင်ရမယ့် အကြောင်းတွေကို အမြဲလိုလို တွေးတောနေမယ်ဆိုရင် တွေးတောဆောင်ရွက်တာတွေ ပြီးတဲ့အချိန်မှာ အနားယူပြီး အသက်ဝဝရှူဖို့ အချိန်ထားရှိသင့်ပါတယ်။ အာ့လို အစဉ်မပြတ် စိတ်ဖိစီးစရာတွေကို တွေးတောနေတာက အိပ်စက်မှုပုံစံကို ထိခိုက်စေရုံသာမက နှလုံးရောဂါဖြစ်နိုင်ခြေကို တိုးစေနိုင်သလို အသက်အရွယ်ကိုလည်း ပုံမှန်ထက် ၁၀ နှစ်လောက် အိုမင်းရင့် ရော်စေပါတယ်။

ကိုယ်အလေးချိန်ကျစေဖို့ 

သင်ဟာ ကိုယ်အလေးချိန် ကျချင်တာကြောင့် လိုချင်တဲ့ကိုယ်အ လေးချိန်ရောက်အောင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစား အစာတွေကို ရွေးချယ်စားသုံးတာ၊ လေ့ကျင့်ခန်း လုပ်ဆောင်တာတွေက ခန္ဓာကိုယ် ကြံ့ခိုင်ကျန်းမာစေဖို့အတွက် အကောင်းဆုံးသော နည်းလမ်းတွေပဲ ဖြစ်ပါတယ်။
ကိုယ်အလေးချိန် ကျဆင်းစေဖို့ အစားအစာအုပ်စုတွေကို ဖယ်ထုတ် စားသုံးတာတွေက ဆိုးရွားတဲ့ ရွေးချယ်မှုဖြစ်သလို အရေပြားကို နေလောင်ဒဏ်နဲ့ အခြားထိခိုက် ပျက်စီးမှုအန္တရာယ်တွေကနေ ကာကွယ်ပေးတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေကိုလည်း အလုံအလောက် မထုတ်လုပ်ပေးနိုင်ဘဲ ဖြစ် စေပါတယ်။

မျက်နှာသစ်တာနဲ့ လက် ဆေး အကြိမ်ရေ များလွန်းခြင်း

 ပြီးပြည့်စုံတဲ့ အသားအရေနဲ့ သန့်ရှင်းစင်ကြယ်တဲ့ လက်အစုံကို ပိုင်ဆိုင်ချင်ကြတာကြောင့် မျက်နှာသစ်တာနဲ့ လက် ဆေးတာတွေကို အကြိမ်များစွာ လုပ်ဆောင်လေ့ ရှိပါတယ်။ သည် လို လုပ်ဆောင်တာဟာလည်း အ သားအရေကို ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးစေပြီး အရွယ်မတိုင်ခင် အိုမင်းစေနိုင်ပါတယ်။

Source: Kumudra

Read times
Rate this item
(0 votes)