What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 29 June 2022 09:52

ရင်သားနာကျင်မှုကို ကုစားပေးနိုင်မယ့် နည်းလမ်းများ

ရင်သားနာကျင်မှုကို ကုစားပေးနိုင်မယ့် နည်းလမ်းများ Google.com

ရင်သားနာကျင်မှု ဝေဒနာဟာ ရာသီလာခါနီးပြီဆိုရင် အမျိုးသမီးတိုင်းလိုလို ကြုံတွေ့ရတတ်တဲ့ ပြဿနာ တစ်ခုပါ။

ရင်သားနာကျင်ရတဲ့ အဓိက အကြောင်းအရင်းနှစ်ခုရှိပါတယ်။ ရာသီလာခါနီးရင် ဟော်မုန်းအပြောင်းအလဲတွေ နာကျင်ပြီး ရာသီလာခါနီးလို့ ခံစားရတာမျိုးမဟုတ်ပဲ နာကျင်နေရတယ်ဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ပြသပါ။

ရေခဲကပ်ပါ။

ရေခဲဟာ ရောင်ရမ်းနာကျင်တာတွေကို သက်သေစေပါတယ်။ ရေခဲအတုံးသေးလေးတွေကို ပလတ်စတစ် အိတ်သေးထဲမှာ အဝတ်သန့်သန့်လေးနဲ့ ထုပ်ပြီး ထည့်ပါ။ ပြီးရင်တော့ ရင်သားတစ်ဖက်စီကို (၁၀) မိနစ်လောက်စီ ကပ်ပေးပါ။

ရေခဲ နဲ့မကပ်ချင်ရင် ရေနွေးအိတ်လေးနဲ့ကပ်ပေးရင်လည်း ရပါတယ်။ ရေခဲကိုတော့ မထုပ်မပိုးပဲ ရင်သားနဲ့ တိုက်ရိုက် ထိတွေ့ ကပ်ပေးတာမျိုးတော့ မလုပ်ပါနဲ့။

သံလွင်ဆီ

သံလွင်ဆီကို သုံးပြီး ရင်သားကို ညင်သာစွာနှိပ်နယ်ပေးပါ။ သံလွင်ဆီ လက်ဖက်ရည် ဇွန်း (၂) ဇွန်းကို ရင်သားမှာ လိမ်းပြီး နှိပ်ပေးရမှာပါ။ နာကျင်မှ လိမ်းတာ ထက် ရာသီလာခါနီး တစ်ပတ်၊ နှစ်ပတ်လိုတည်းက ကြိုလိမ်းပေးထားသင့်ပါတယ်။

စမုန်နက်

စမုန်နက်အစေ့ လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရေနွေးပူပူထည့်ထားတဲ့ ခွက်ထဲကို ထည့်ပါ။ခွက်ကို (၁၀) မိနစ်လောက်ကြာအောင် အဖုံးဖုံးပေးပါ။ ပြီးရင်တော့ ရေနွေးကြမ်း သောက်သလို သောက်ပေးပါ။

စမုန်နက်အစေ့ကို နေ့စဉ် နည်းနည်းချင်းစီ ဝါးစာပေးရင်လည်း ရာသီလာခါနီးရင် ခံစားရတဲ့ ရင်သားနာကျင်မှု ဝေဒနာကို ကြိုတင် ကာကွယ်နိုင်ပါတယ်။

ဗီတာမင်အီး၊ မဂ္ဂနီဆီယမ်

ဗီတာမင်အီးပေါကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာတွေကို စားပေးပါ။ ဥပမာ နေကြာစေ့၊ မက်မွန်သီး၊ ထောပတ်သီး၊ တရုတ်မုန်လာ၊ မုန်လာဥနီ အစရှိ တာတွေ ကိုစားပါ။

ဗီတာမင်အီးအဆီကို ရင်သားမှာ လိမ်းပြီး နှိပ်နယ်ပေးရင်လည်း ရင် သားနာကျင်တာတွေကို သက်သာစေပါတယ်။ မဂ္ဂနီဆီယမ် ဓါတ်ပါတဲ့ အစိမ်း ရင့်ရောင်အရွက်တွေ၊ မြေပဲ၊ အစေ့အဆံ၊ ငှက်ပျောသီး၊ ချောကလက် အစရှိတာတွေကိုလည်း စားပေးပါ။

တခြားလိုက်နာသင့်တဲ့ အချက်များ

ရင်သားနဲ့ fit ဖြစ်တဲ့ ဘရာမျိုးကို ဝတ်ပါ။ ဘရာကို အရမ်းပင့်တင်ပေးတဲ့ ဘရာ မျိုးကို ရှောင်ပါ။ လေ့ကျင့်ခန်းလုပ်ရင် Sport bra ကိုပဲ ဝတ်ပါ။ တခါ တလေမှာတော့ စိတ်ဖိစီးမှုတွေကြောင့် နာကျင်ရတာပါ။ ဒါကြောင့် တရားထိုင်ပါ၊ ယောဂလေ့ကျင့်ခန်း လုပ်ပါ။ ရေများများသောက်ပါ။ အဆီလျှော့စားပြီး အသီးအရွက်ကို ပိုစားပေးပါ။

Read times
Rate this item
(1 Vote)