What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 24 March 2020 10:57

ဆီးချိုသွေးချိုရောဂါကို ကြိုတင်ကာကွယ်နည်း

ဆီးချိုသွေးချိုရောဂါက ကမ္ဘာတစ်ဝှမ်း တွင်ဖြစ်ပွားနေတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။

ဆီးချိုသွေးချိုရောဂါဆိုတာ နာတာရှည် ရောဂါဝေဒနာတစ်ခုဖြစ်တဲ့အပြင် ပျောက်ကင်းနိုင်တဲ့ ဆေးဝါးများလည်းမရှိပါ။ ဆီးချိုသွေးချို ရောဂါပြင်းထန်ရင် အသက်အန္တာရာယ်ကို ထိခိုက်နိုင်တဲ့အတွက် ဆီးချိုသွေးချိုးရောဂါ ဝေဒနာရှင်များအနေဖြင့် ဆီးချိုသွေးချိုရောဂါကို ထိန်းညိုနိုင်တဲ့ အစားစာများကို စားသုံးပေးသင့်ပါတယ်။ ဒါအပြင် ဆီးချိုသွေးချို ရောဂါမဖြစ်ပွားရေလေအောင် နေထိုင်မှုပုံစံကို ဂရုစိုက်ခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။

 

ဆီးချိုးသွေးချိုရောဂါဆိုတာ ခန္ဓာကိုယ်အတွင်းရှိ Glucose များမြင့်တက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါတစ်မျိုးလည်းဖြစ်ပါတယ်။ ဒါအပြင် ဆီးချိုသွေးချိုရောဂါ ပြင်းထန်လာရင် နှလုံး၊ ဦးနှောက် ၊အာရုံကြောများနှင့် ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းများပါ ထိခိုက်လာနိုင်ပါတယ်။

 

လေ့ကျင့်ခန်းပြုလုပ်ခြင်း

လေ့ကျင့်ခန်းပြုလုပ်တဲ့ နေရာမှာဆိုရင် ဂျင်ကစားတာ ၊ အလေးမတာ များကို ပြုလုပ်ခြင်းမှမဟုတ်ဘဲ ပေါ့ပေါ့ပါးပါးလမ်းလျှောက်တာ ၊ တောင်တက်တာ များကို ပြုလုပ်ခြင်းဖြင့် ခန္ဓာကိုယ်အတွင်းရှိ အင်ဆူလေထုတ်လွှတ်မှုများ ထိန်းချုပ်နိုင်ပြီး အဆီများကို ချေဖျက်လျော့ချနိုင်သောကြောင့် ဆီးချိုသွေးချိုရောဂါဖြစ်ပေါ်ခြင်းမှ လျော့ချနိုင်ပါတယ်။

 

လွတ်လပ်ပေါ့ပါးစွာဖြင့် နေထိုင်ခြင်း

စိတ်ဖိစီးမှုများကြောင့် ခန္ဓာကိုယ်တွင်းရှိ အချိုဓာတ်များကို မြင့်တက်စေပြီ၊ ဟော်မုန်းထွက်နှုန်း မြင့်တက်စေသောကြောင့် ဆီးချိုသွေးချိုရောဂါကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် ဆီးချိုသွေးချိုရောဂါကို စိတ်ဖီစီးမှုလျော့ချခြင်းဖြင့် ဆီးချိုသွေးချိုရောဂါပြင်းထန်မှုကို သက်သာစေနိုင်သလို မဖြစ်ပွားအောင်လည်း ကာကွယ်ရာရောက်ပါတယ်။

 

Dental (သွားနှင့် ခံတွင်း ဆေးခန်းသုံးပစ္စည်း ရောင်းချသော် ဆိုင်ပေါင်း ၄၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Dental

 

အိပ်ရေး၀၀အိပ်တာ

လူတစ်ဦးက တစ်ရက်ကိုပုံမှန် အနည်းဆုံး ၆ နာရီ အများဆုံး ၈ နာရီ ပုံမှန်အိပ်ချိန်လိုအပ်ပါတယ်။ အိပ်ရေးပျက်ခြင်းက စိတ်ကျရောဂါ ၊ ဆုံးဖြတ်နိုင်စွမ်းလျော့နည်းတာ ၊ အဝလွန်တာ နဲ့ ဆီးချိုသွေးချိုရောဂါကို ဖြစ်ပေါ်စေနိုင်တဲ့အတွက် အိပ်ရေး၀၀အိပ်ခြင်းဖြင့် ဆီးချိုသွေးချိုးရောဂါ ဖြစ်ပေါ်ခြင်းမှာ လျော့ချနိုင်ပါတယ်။

 

အစိမ်းရောင်အရွက်များ

အစိမ်းရောင်အရွက်များက ခန္ဓာကိုယ်ရဲ့ လိုအပ်သော ဗီတာမင်ဓာတ်များကို ရရှိနိုင်သလို အဆီဓာတ်နည်းသောကြောင့် ဆီးချိုးသွေးချိုးရောဂါ နဲ့ အဝလွန်ခြင်းကို ကာကွယ်နိုင်ပါတယ်။

 

ဆေးလိပ်သောက်ခြင်းမှ ရှောင်ကျဉ်တာ

ဆေးလိပ်တွင် ပါဝင်သောဆေးရွက်ကြီးက နှလုံး၊ အဆုတ်၊ ကျောက်ကပ် ၊အသည်းများကို ထိခိုက်နိုင်တယ် ဆိုတာ လူတိုင်းနည်းပါး သိရှိပြီးသားဖြစ်ပါတယ်။ ဒါအပြင် ဆေးလိပ်သောက်ခြင်းက ဆီးချိုသွေးချိုရောဂါနဲ့ တိုက်ရိုက်ဆက်နွယ်တဲ့အတွက် ဆေးလိပ်သောက်ခြင်းမှ ရှောင်ကျဉ်ခြင်းဖြင့် ဆီးချိုသွေးချိုရောဂါကို ကာကွယ်ရာရောက်သလို လည်ချောင်းကင်ဆာရောဂါဖြစ်ပေါ်ခြင်းမှလည်း ကာကွယ်နိုင်ပါတယ်။

Written By Health Products Directory

 

90165828 212716063139335 1462378197545910272 n

 

(Zawgyi)

====

ဆီးခ်ိဳေသြးခ်ိဳေရာဂါကို ႀကိဳတင္ကာကြယ္နည္း

 

ဆီးခ်ိဳေသြးခ်ိဳေရာဂါက ကမာၻတစ္ဝွမ္း တြင္ျဖစ္ပြားေနတဲ့ ေရာဂါတစ္ခုျဖစ္ပါတယ္။ ဆီးခ်ိဳေသြးခ်ိဳေရာဂါဆိုတာ နာတာရွည္ ေရာဂါေဝဒနာတစ္ခုျဖစ္တဲ့အျပင္ ေပ်ာက္ကင္းႏိုင္တဲ့ ေဆးဝါးမ်ားလည္းမရွိပါ။ ဆီးခ်ိဳေသြးခ်ိဳ ေရာဂါျပင္းထန္ရင္ အသက္အႏၲာရာယ္ကို ထိခိုက္ႏိုင္တဲ့အတြက္ ဆီးခ်ိဳေသြးခ်ိဳးေရာဂါ ေဝဒနာရွင္မ်ားအေနျဖင့္ ဆီးခ်ိဳေသြးခ်ိဳေရာဂါကို ထိန္းညိဳႏိုင္တဲ့ အစားစာမ်ားကို စားသုံးေပးသင့္ပါတယ္။ ဒါအျပင္ ဆီးခ်ိဳေသြးခ်ိဳ ေရာဂါမျဖစ္ပြားေရေလေအာင္ ေနထိုင္မႈပုံစံကို ဂ႐ုစိုက္ျခင္းျဖင့္ ႀကိဳတင္ကာကြယ္ႏိုင္ပါတယ္။

 

ဆီးခ်ိဳးေသြးခ်ိဳေရာဂါဆိုတာ ခႏၶာကိုယ္အတြင္းရွိ Glucose မ်ားျမင့္တက္ျခင္းေၾကာင့္ ျဖစ္ေပၚလာတဲ့ ေရာဂါတစ္မ်ိဳးလည္းျဖစ္ပါတယ္။ ဒါအျပင္ ဆီးခ်ိဳေသြးခ်ိဳေရာဂါ ျပင္းထန္လာရင္ ႏွလုံး၊ ဦးေႏွာက္ ၊အာ႐ုံေၾကာမ်ားႏွင့္ ခႏၶာကိုယ္ရဲ႕ အျခားအစိတ္အပိုင္းမ်ားပါ ထိခိုက္လာႏိုင္ပါတယ္။

 

ေလ့က်င့္ခန္းျပဳလုပ္ျခင္း

ေလ့က်င့္ခန္းျပဳလုပ္တဲ့ ေနရာမွာဆိုရင္ ဂ်င္ကစားတာ ၊ အေလးမတာ မ်ားကို ျပဳလုပ္ျခင္းမွမဟုတ္ဘဲ ေပါ့ေပါ့ပါးပါးလမ္းေလွ်ာက္တာ ၊ ေတာင္တက္တာ မ်ားကို ျပဳလုပ္ျခင္းျဖင့္ ခႏၶာကိုယ္အတြင္းရွိ အင္ဆူေလထုတ္လႊတ္မႈမ်ား ထိန္းခ်ဳပ္ႏိုင္ၿပီး အဆီမ်ားကို ေခ်ဖ်က္ေလ်ာ့ခ်ႏိုင္ေသာေၾကာင့္ ဆီးခ်ိဳေသြးခ်ိဳေရာဂါျဖစ္ေပၚျခင္းမွ ေလ်ာ့ခ်ႏိုင္ပါတယ္။

 

လြတ္လပ္ေပါ့ပါးစြာျဖင့္ ေနထိုင္ျခင္း

စိတ္ဖိစီးမႈမ်ားေၾကာင့္ ခႏၶာကိုယ္တြင္းရွိ အခ်ိဳဓာတ္မ်ားကို ျမင့္တက္ေစၿပီ၊ ေဟာ္မုန္းထြက္ႏႈန္း ျမင့္တက္ေစေသာေၾကာင့္ ဆီးခ်ိဳေသြးခ်ိဳေရာဂါကို ျဖစ္ေပၚေစႏိုင္ပါတယ္။ ဒါေၾကာင့္ ဆီးခ်ိဳေသြးခ်ိဳေရာဂါကို စိတ္ဖီစီးမႈေလ်ာ့ခ်ျခင္းျဖင့္ ဆီးခ်ိဳေသြးခ်ိဳေရာဂါျပင္းထန္မႈကို သက္သာေစႏိုင္သလို မျဖစ္ပြားေအာင္လည္း ကာကြယ္ရာေရာက္ပါတယ္။

 

Dental (သြားႏွင့္ ခံတြင္း ေဆးခန္းသုံးပစၥည္း ေရာင္းခ်ေသာ္ ဆိုင္ေပါင္း ၄၀ ေက်ာ္ကို ၾကည့္ရန္ ႏွိပ္ပါ)

Image result for Dental

 

အိပ္ေရး၀၀အိပ္တာ

လူတစ္ဦးက တစ္ရက္ကိုပုံမွန္ အနည္းဆုံး ၆ နာရီ အမ်ားဆုံး ၈ နာရီ ပုံမွန္အိပ္ခ်ိန္လိုအပ္ပါတယ္။ အိပ္ေရးပ်က္ျခင္းက စိတ္က်ေရာဂါ ၊ ဆုံးျဖတ္ႏိုင္စြမ္းေလ်ာ့နည္းတာ ၊ အဝလြန္တာ နဲ႔ ဆီးခ်ိဳေသြးခ်ိဳေရာဂါကို ျဖစ္ေပၚေစႏိုင္တဲ့အတြက္ အိပ္ေရး၀၀အိပ္ျခင္းျဖင့္ ဆီးခ်ိဳေသြးခ်ိဳးေရာဂါ ျဖစ္ေပၚျခင္းမွာ ေလ်ာ့ခ်ႏိုင္ပါတယ္။

 

အစိမ္းေရာင္အ႐ြက္မ်ား

အစိမ္းေရာင္အ႐ြက္မ်ားက ခႏၶာကိုယ္ရဲ႕ လိုအပ္ေသာ ဗီတာမင္ဓာတ္မ်ားကို ရရွိႏိုင္သလို အဆီဓာတ္နည္းေသာေၾကာင့္ ဆီးခ်ိဳးေသြးခ်ိဳးေရာဂါ နဲ႔ အဝလြန္ျခင္းကို ကာကြယ္ႏိုင္ပါတယ္။

 

ေဆးလိပ္ေသာက္ျခင္းမွ ေရွာင္က်ဥ္တာ

ေဆးလိပ္တြင္ ပါဝင္ေသာေဆး႐ြက္ႀကီးက ႏွလုံး၊ အဆုတ္၊ ေက်ာက္ကပ္ ၊အသည္းမ်ားကို ထိခိုက္ႏိုင္တယ္ ဆိုတာ လူတိုင္းနည္းပါး သိရွိၿပီးသားျဖစ္ပါတယ္။ ဒါအျပင္ ေဆးလိပ္ေသာက္ျခင္းက ဆီးခ်ိဳေသြးခ်ိဳေရာဂါနဲ႔ တိုက္႐ိုက္ဆက္ႏြယ္တဲ့အတြက္ ေဆးလိပ္ေသာက္ျခင္းမွ ေရွာင္က်ဥ္ျခင္းျဖင့္ ဆီးခ်ိဳေသြးခ်ိဳေရာဂါကို ကာကြယ္ရာေရာက္သလို လည္ေခ်ာင္းကင္ဆာေရာဂါျဖစ္ေပၚျခင္းမွလည္း ကာကြယ္ႏိုင္ပါတယ္။

Written By Health Products Directory

Read times
Rate this item
(0 votes)