What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 29 December 2017 13:49

ဝမ်းချုပ်နေစဉ် စားသင့်သောအစားအစာများနှင့် ရှောင်သင့်သော အစားအစာများ

ဝမ်းချုပ်နေစဉ် စားသင့်သောအစားအစာများနှင့် ရှောင်သင့်သော အစားအစာများ google.com

လူတိုင်းနီးပါး ၀မ်းချုပ်ဖူးမှာပါ။ အများစုကတော့ ရောဂါကြောင့် မဟုတ်ဘဲ စားလိုက်တဲ့ အစားအစာထဲမှာ ရေနှင့်အမျှင်ဓာတ်တွေ နည်းပါးတာကြောင့် ၀မ်းချုပ်ရခြင်းဖြစ်ပါတယ်။

ဒါ့ကြောင့် ၀မ်းချုပ်ပြီဆိုရင် ဆေးမကူသေးဘဲ အစားအစာတွေနဲ့ အရင်ကုသကြည့်သင့် ပါတယ်။

၁. ပဲအမျိုးမျိုး

ဗီတာမင် B အုပ်စု၊ ကယ်လ်စီယမ်နဲ့ အမျှင်ဓာတ်များစွာပါဝင်တဲ့ ပဲအမျိုးမျိုးကလည်း ၀မ်းချုပ်နေသူများအတွက် အကောင်းဆုံးသဘာဝအစားအစာတစ်ခုဖြစ်ပါတယ်။

၂. ကီဝီသီး

အမျှင်ဓာတ်များစွာ ပါဝင်ပြီး အရသာရှိလှတဲ့ ကီဝီသီးဟာလည်း ၀မ်းကိုမှန်စေပါတယ်။

ဗီတာမင်စီနှင့် အခြားသောအာဟာရဓာတ်များပါဝင်တဲ့အတွက်လည်း ခွန်အားကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ၀မ်းချုပ်ပြီဆိုရင် တစ်နေ့ကိုကီဝီသီး 2 လုံးစားပေးပါ။

. ကောက်နှံတစ်ခုလုံးပါဝင်သော အစားအစာများ

မနက်စာမှာ ကောက်နှံတစ်ခုလုံးပါဝင်သော အစားအစာများ (ဥပမာ- ကွေကာအုပ်၊ ပေါင်မုန့်ညို) စားပေးတာကြောင့် အမျှင်ဓာတ် များစွာရရှိစေပါတယ်။

ကောက်နှံတစ်ခုလုံးပါတဲ့ အစားအစာများဟာ အူလမ်းကြောင်းလှုပ်ရှားမှုများကို ပုံမှန်ဖြစ်စေပြီး ၀မ်းမှန်စေပါတယ်။

၎. သစ်တော်သီး

သစ်တော်သီးကိုတော့ လူတိုင်းကြိုက်မယ်ထင်ပါတယ်။ သစ်တော်သီးမှာပါဝင်တဲ့ ဗီတာမင် C နှင့် အမျှင်ဓာတ်များက ၀မ်းမှန်စေရုံသာမက အရွယ်တင်နုပျိုစေနိုင်ပါတယ်။

. ဆီးသီးခြောက်

ဆီးသီးခြောက်ဟာ ဘိုးဘိုးဘွားဘွားတို့ အစားသင့်ဆုံးအစားအစာပါ။ အမျှင်ဓာတ်များစွာ ပါဝင်ပြီး Sorbitol သကြားဓာတ် ပါဝင်တာကြောင့် ၀မ်းမှန်စေပါတယ်။ ပိုတက်ဆီယမ်နဲ့ Vitamin များလည်း ပါဝင်တာကြောင့် အရွယ်တင်နုပျိုစေမှာပါ။

ဝမ်းချုပ်နေပါကရှောင်ရှားရမယ့်အစားအစာများ

၁. နို့နှင့် နို့ထွက်ပစ္စည်း

နို့၊ ဒိန်ခဲ၊ ချိစ်၊ ရေခဲမုန့်စတဲ့ နို့နှင့် နို့ထွက်ပစ္စည်းများဟာ အဆီဓာတ်ပါဝင်မှုများပြီး အမျှင်ဓာတ်နည်းတာကြောင့် ၀မ်းချုပ်စေပါတယ်။

ဒါ့အပြင် နို့ထွက်ပစ္စည်းများမှာပါတဲ့ Lactose သကြားဓာတ်ကလည်းလေပွပြီး ၀မ်းချုပ်စေနိုင်ပါတယ်။ ၀မ်းချုပ်နေရင်သာမက ၀မ်းလျှောနေရင်လည်း နို့နှင့် နို့ထွက်ပစ္စည်း စားသုံးမှုကိုခဏတော့ ရှောင်သင့်ပါတယ်။

၂. အနီရောင်အသား

အနီရောင်အသားတွေ (ဥပမာ-အမဲသား၊ ဆိတ်သား) ဟာ ၀မ်းချုပ်နေသူများရှောင်သင့်တဲ့ အစားအစာပါ။ အကြောင်းကတော့ အနီရောင်အသားမှာသံဓာတ်နှင့် အဆီဓာတ်များ ပေါများစွာပါဝင်နေလို့ပါပဲ။

၃. ငှက်ပျောသီး

ငှက်ပျောသီးစားရာမှာလည်း သတိထား၍စားပေးသင့်ပါတယ်။ ငှက်ပျောသီးအစိမ်းကို စားမိပါက ၎င်းမှာပါဝင်တဲ့ ကစီဓာတ်များကို ခန္ဓာကိုယ်ကချေဖျက်ရန် ခက်ခဲတာကြောင့် ၀မ်းချုပ်နိုင်ပါတယ်။

၎. ကဖင်းပါသောအရည်များ

ကဖင်းဓာတ်ပါဝင်သော ကော်ဖီ၊ လက်ဖက်ရည်၊ အားဖြည့်အချိုရည် စတာတွေကို သောက်သုံး ပါက ၀မ်းချုပ်တာကို ပိုဆိုးစေပါတယ်။

၅. ချောကလက်

ချောကလက်မှာ အဆီဓာတ်များစွာပါဝင်တာကြောင့် အစာခြေစနစ်ကို နှောင့်နှေးစေပြီး ၀မ်းချုပ်စေပါတယ်။

Source: drmyanmar.com

Read times
Rate this item
(1 Vote)