What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 06 February 2018 09:56

ေကာင္းက်ိဳးမ်ားတဲ့ သြားတိုက္ေဆး

ေကာင္းက်ိဳးမ်ားတဲ့ သြားတိုက္ေဆး google.com

ကၽြန္ေတာ္တို႕ဟာ အိမ္မွာသြားတိုက္ေဆးကို သြားတုိက္ဖို႕တစ္ခုတည္းအတြက္ပဲ သံုးတတ္ၾကပါတယ္။

ဒါေပမဲ့ သြားတိုက္ေဆးကို အျခားအိမ္တြင္း ျပႆနာေလးေတြမွာ လည္းအသံုးျပဳလို႕ရပါေသးတယ္။ ဒါေၾကာင့္ သြားတိုက္ေဆးရဲ႕ အျခားေကာင္းက်ိဳးမ်ားကို သိသူနည္းပါးတဲ့အတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) အမဲစက္နဲ႔ အမဲကြက္ျပႆနာ

သြားတိုက္ေဆး ၁ ဇြန္း နွင့္ သံပုရာရည္ ၂ စက္ တို႕ကို ေရာစက္ၿပီး ခႏၶာကိုယ္ေပၚမွာ ရွိတဲ့ အမဲစက္ နွင့္ အမဲကြက္မ်ားေပၚသို႕ ပြတ္လိမ္းေပးၿပီး ၁၀ မိနစ္ (သို႕) ၁၅ မိနစ္ခန္႕ ထားၿပီး ေရေဆးခ်လိုက္ပါ။

(၂) ဝက္ၿခံျပႆနာမ်ား

သြားတိုက္ေဆးကို နားၾကပ္တံ (သို႕) ဂြမ္းတံေလးနဲ႕ ယူၿပီး ဝက္ျခံေပါက္ေနသည့္ ေနရာမ်ားကို ပါးပါးေလးပြတ္လိမ္းေပးပါ။ နာရီအနည္းငယ္ (သို႕) တစ္ညလံုးနီးပါး လိမ္းထားၿပီး ေရနဲ႕ ေဆး ခ်လိုက္မယ္ဆုိရင္ ဝက္ျခံေတြ ခ်ပ္သြားတာကို ေတြ႕နုိင္မွာပါ။(မွတ္ခ်က္ ။         ။ လူတိုင္းနဲ႕ေတာ့ အဆင္မေျပပါဘူး)

(၃) အသားအရည္ေခ်ာေမြ႕ ေစခ်င္ရင္

သြားတိုက္ေဆး ၁ ဇြန္းနွင့္ ခရမ္းခ်ဥ္သီးအရည္ ၁ ဇြန္းတို႕ကို ေရာၿပီး သုတ္လိမ္းေပးပါ။ ၁၀ မိနစ္ခန္႕ ထားၿပီး ေရေဆးခ်လိုက္ပါက ေခ်ာ့မြတ္တဲ့ အသားအေရကို ပိုင္ဆိုင္ရမွာပါ။

(၄) ဆားဝက္ျခံ ေတြမ်ားေနရင္

သြားတိုက္ေဆးနဲ႕ ဆားနဲ႕ Rose Water အရည္တို႔ကို ေရေမႊၿပီး ဆားဝက္ျခံရွိတဲ့ ေနရာေတြကို ခပ္ပါးပါးေလးလိမ္းၿပီး ၁၀ မိနစ္ခန္႔ ညင္သာစြာ ပြတ္လိမ္းေပးထားပါ။ ၿပီးရင္ေရေအး နဲ႕ ေဆးခ် လုိက္တာနဲ႕ ဆားဝက္ျခံေတြ သိသိသာသာ ေပ်ာက္သြားမွာပါ။

(၅) မလိုခ်င္တဲ့ အေမႊးအမွ်င္ေတြ ဖယ္ရွားနိုင္ျခင္း

သြားတိုက္ေဆး၊ သံပုရာရည္နွင့္ သၾကားတို႕ကို ေရာေမႊၿပီး လိမ္းေပးပါ။ေျခာက္ပါက ေရေအးနဲ႕ ေဆးခ်လုိက္ပါ။

(၆) အနံ႕အသက္စြဲျခင္း မ်ားကို ဖယ္ရွားနုိင္ျခင္း

ငါးစိမ္းေတြ၊ အျခားအနံ႕ ျပင္းတဲ့ အရာေတြကို ကိုင္မိလွ်င္ လက္မွာေတာ္ေတာ္နဲ႕ အနံေပ်ာက္ဖို႕ ခက္ပါတယ္။အာဒါဆို သြားတိုက္ေဆးနဲ႕ ေဆးေၾကာသန္႕စင္ေပးလိုက္ပါ။

(၇) လက္သည္းေျခသည္း ေတြပါ သန္႕စင္နိုင္ျခင္း၊

သြားတိုက္ေဆးနဲ႕ လက္သည္း၊ ေျခသည္းတို႕ကို သြားပြတ္တံ (သို႕) ဂြမ္းစေလးနဲ႕ ၆ မိနစ္ခန္႔ပြတ္တိုက္ေပးၿပီး ေရေဆးခ်လိုက္မယ္ဆိုရင္ ပိုမိုလွပေတာက္ေျပာင္တဲ့ လက္သည္း၊ ေျခသည္းေလးေတြကို ပိုင္ဆိုင္ရမွာပါ။

(၈) မ်က္နာအဆီျပန္ျခင္းကို ေလ်ာ့နည္းေစျခင္း

သြားတိုက္ေဆးနဲ႕ ဆားအနည္းငယ္ေလာက္ကို ေရေအးနဲ႕ ေဖ်ာ္ၿပီး မ်က္နာသစ္ေပးရင္ တစ္ေနတာလံုး အဆီျပန္တာကို ေလ်ာ့နည္းသြားေစမွာပါ။

(၉) ႏႈတ္ခမ္းသားေလးေတြ ကိုနႈးညံ့ေအာင္ ျပဳလုပ္နိုင္ျခင္း

သြားတိုက္ေဆးကို ႏႈတ္ခမ္းသားေလးေတြ ႏူးညံ့အိစက္ေအာင္ ဆဲလ္ေသေတြကို ဖယ္ရွားတဲ့ ေနရာမွာလည္း အသံုးျပဳနုိ္င္ပါတယ္။ သြားတုိက္ေဆးနဲ႕ မုန္႕ဖုတ္ဆိုဒါနဲ႕ကို ေရာၿပီး ႏႈတ္ခမ္းသားကို သြားတိုက္တံ (သို႕) ဂြမ္းစေလးနဲ႕ ညင္ညင္သာသာေလး ပြတ္တုိက္ ေပးရမွာပါ။ နႈတ္ခမ္းသားမွ ဆဲလ္ေသေတြကို ကင္းစင္ၿပီး ႏူးညံ့တဲ့ ႏူတ္ခမ္းသားတစ္စံုကို ပိုင္ဆိုင္ရမွာပါ။

မူရင္းပိုစ္အား crd ေပးပါတယ္။

 

Unicode

 

ကျွန်တော်တို့ဟာ အိမ်မှာသွားတိုက်ဆေးကို သွားတိုက်ဖို့တစ်ခုတည်းအတွက်ပဲ သုံးတတ်ကြပါတယ်။ ဒါပေမဲ့ သွားတိုက်ဆေးကို အခြားအိမ်တွင်း ပြဿနာလေးတွေမှာ လည်းအသုံးပြုလို့ရပါသေးတယ်။ ဒါကြောင့် သွားတိုက်ဆေးရဲ့ အခြားကောင်းကျိုးများကို သိသူနည်းပါးတဲ့အတွက် ဖော်ပြပေးလိုက်ပါတယ်။
(၁) အမဲစက်နဲ့ အမဲကွက်ပြဿနာ
သွားတိုက်ဆေး ၁ ဇွန်း နှင့် သံပုရာရည် ၂ စက် တို့ကို ရောစက်ပြီး ခန္ဓာကိုယ်ပေါ်မှာ ရှိတဲ့ အမဲစက် နှင့် အမဲကွက်များပေါ်သို့ ပွတ်လိမ်းပေးပြီး ၁၀ မိနစ် (သို့) ၁၅ မိနစ်ခန့် ထားပြီး ရေဆေးချလိုက်ပါ။
(၂) ဝက်ခြံပြဿနာများ
သွားတိုက်ဆေးကို နားကြပ်တံ (သို့) ဂွမ်းတံလေးနဲ့ ယူပြီး ဝက်ခြံပေါက်နေသည့် နေရာများကို ပါးပါးလေးပွတ်လိမ်းပေးပါ။ နာရီအနည်းငယ် (သို့) တစ်ညလုံးနီးပါး လိမ်းထားပြီး ရေနဲ့ ဆေး ချလိုက်မယ်ဆိုရင် ဝက်ခြံတွေ ချပ်သွားတာကို တွေ့နိုင်မှာပါ။(မှတ်ချက် ။ ။ လူတိုင်းနဲ့တော့ အဆင်မပြေပါဘူး)
(၃) အသားအရည်ချောမွေ့ စေချင်ရင်
သွားတိုက်ဆေး ၁ ဇွန်းနှင့် ခရမ်းချဉ်သီးအရည် ၁ ဇွန်းတို့ကို ရောပြီး သုတ်လိမ်းပေးပါ။ ၁၀ မိနစ်ခန့် ထားပြီး ရေဆေးချလိုက်ပါက ချော့မွတ်တဲ့ အသားအရေကို ပိုင်ဆိုင်ရမှာပါ။
(၄) ဆားဝက်ခြံ တွေများနေရင်
သွားတိုက်ဆေးနဲ့ ဆားနဲ့ Rose Water အရည်တို့ကို ရေမွှေပြီး ဆားဝက်ခြံရှိတဲ့ နေရာတွေကို ခပ်ပါးပါးလေးလိမ်းပြီး ၁၀ မိနစ်ခန့် ညင်သာစွာ ပွတ်လိမ်းပေးထားပါ။ ပြီးရင်ရေအေး နဲ့ ဆေးချ လိုက်တာနဲ့ ဆားဝက်ခြံတွေ သိသိသာသာ ပျောက်သွားမှာပါ။
(၅) မလိုချင်တဲ့ အမွှေးအမျှင်တွေ ဖယ်ရှားနိုင်ခြင်း
သွားတိုက်ဆေး၊ သံပုရာရည်နှင့် သကြားတို့ကို ရောမွှေပြီး လိမ်းပေးပါ။ခြောက်ပါက ရေအေးနဲ့ ဆေးချလိုက်ပါ။
(၆) အနံ့အသက်စွဲခြင်း များကို ဖယ်ရှားနိုင်ခြင်း
ငါးစိမ်းတွေ၊ အခြားအနံ့ ပြင်းတဲ့ အရာတွေကို ကိုင်မိလျှင် လက်မှာတော်တော်နဲ့ အနံပျောက်ဖို့ ခက်ပါတယ်။အာဒါဆို သွားတိုက်ဆေးနဲ့ ဆေးကြောသန့်စင်ပေးလိုက်ပါ။
(၇) လက်သည်းခြေသည်း တွေပါ သန့်စင်နိုင်ခြင်း၊
သွားတိုက်ဆေးနဲ့ လက်သည်း၊ ခြေသည်းတို့ကို သွားပွတ်တံ (သို့) ဂွမ်းစလေးနဲ့ ၆ မိနစ်ခန့်ပွတ်တိုက်ပေးပြီး ရေဆေးချလိုက်မယ်ဆိုရင် ပိုမိုလှပတောက်ပြောင်တဲ့ လက်သည်း၊ ခြေသည်းလေးတွေကို ပိုင်ဆိုင်ရမှာပါ။
(၈) မျက်နာအဆီပြန်ခြင်းကို လျော့နည်းစေခြင်း
သွားတိုက်ဆေးနဲ့ ဆားအနည်းငယ်လောက်ကို ရေအေးနဲ့ ဖျော်ပြီး မျက်နာသစ်ပေးရင် တစ်နေတာလုံး အဆီပြန်တာကို လျော့နည်းသွားစေမှာပါ။
(၉) နှုတ်ခမ်းသားလေးတွေ ကိုနှုးညံ့အောင် ပြုလုပ်နိုင်ခြင်း
သွားတိုက်ဆေးကို နှုတ်ခမ်းသားလေးတွေ နူးညံ့အိစက်အောင် ဆဲလ်သေတွေကို ဖယ်ရှားတဲ့ နေရာမှာလည်း အသုံးပြုနို်င်ပါတယ်။ သွားတိုက်ဆေးနဲ့ မုန့်ဖုတ်ဆိုဒါနဲ့ကို ရောပြီး နှုတ်ခမ်းသားကို သွားတိုက်တံ (သို့) ဂွမ်းစလေးနဲ့ ညင်ညင်သာသာလေး ပွတ်တိုက် ပေးရမှာပါ။ နှုတ်ခမ်းသားမှ ဆဲလ်သေတွေကို ကင်းစင်ပြီး နူးညံ့တဲ့ နူတ်ခမ်းသားတစ်စုံကို ပိုင်ဆိုင်ရမှာပါ။
မူရင်းပိုစ်အား crd ပေးပါတယ်။

Read times
Rate this item
(0 votes)