What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 28 March 2018 14:37

မဖြစ်မနေသိသင့်သော ကျန်းမာရေးဗဟုသုတများ

မဖြစ်မနေသိသင့်သော ကျန်းမာရေးဗဟုသုတများ google.com

ဝက်ခြံပေါက်လွယ်သူများရှောင့်သင့်သည့် အချက်တချက်

ဝက်ခြံရှိသူတွေက အိမ်တွင်းအောင်းနေခဲ့ရင် နေရောင်ကို ရရှိနိုင်မှာ မဟုတ်ပါဘူး။နေရောင် က ဝက်ခြံရှိသူတွေအတွက် အမှန်တကယ် လိုအပ်ပါတယ် ။ 

နေ့စဉ် ၁၀ နာရီ မထိုးခင်မှာ နေရောင်ခြည်နုနုကို မိနစ်အနည်းငယ်ထိတွေ့ပါ။

Related image

နေရောင်ခြည်ထဲမှာ ကြာကြာနေမယ်ဆိုရင်တော့ SPF 30 အနည်းဆုံးပါဝင်တဲ့ နေရောင်ကာလိမ်းဆေးကို လိမ်းထားရပါမယ်။နေရောင်နဲ့ ထိတွေ့မှုများလွန်းတာကြောင့် ဝက်ခြံပိုဆိုးရွားလာနိုင်ပါတယ်။

လိပ်ခေါင်းရောဂါမဖြစ်အောင် ရှောင်သင့်သည့်အချက်တစ်ချက်

 

လိပ်ခေါင်းရောဂါမဖြစ်အောင် ဝမ်းမချုပ်စေဖို့ ဂရုပြုရပါမည်။ ဝမ်းသွားချင်တာကိုမသွားဘဲအောင့်ထားတာမျိုး ရှောင်ပါ။ ရေများများသောက်ပါ။ ဟင်းသီးဟင်းရွက်များများစားပါ။ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပေးပါ။ ကိုယ်အလေးချိန်မတတ်အောင်ထိန်းသိမ်းပါ။ အိမ်သာတတ်တဲ့အခါ အချိန်ကြာမြင့်စွာ ထိုင်တာကို ရှောင်ကြဉ်ပါ။ သံသယရှိပါက တတ်ကျွမ်းနားလည်သူများနှင့် ဆွေးနွေးပြီး စနစ်တကျ ကုသမှုခံယူပါ။

ကြက်ဥအစိမ်းကို စားသင့်၊ မစားသင့်

Related image

ကြက်ဥအစိမ်းအတိုင်းစားတာက ခန္ဓာကိုယ်ကနေ ဘိုင်အိုတင်နဲ့ ဗီတာမင် H စုပ်ယူတာကို ဟန့်တားစေနိုင်ပါ တယ်။ အရေးကြီးတဲ့အချက်က အစိမ်းစားတာက Salmonella ဘတ်တီးရီးယား ကူးစက်နိုင်ခြေမြင့်မားစေပါ တယ်။ ပိုးသန့်စင်ထားတဲ့ ကြက်ဥ ဖြစ်တယ်ဆိုရင်တောင် ဥတဲ့ကြက်ကဖျားနေရင် သူဥတဲ့ ကြက်ဥထဲမှာ ပိုးတွေပါလာနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေမှာ ကြက်ဥကို အစိမ်းအတိုင်းစားတာ ရှောင်ကြဉ်ရပါမယ်။ ကြက်ဥအစိမ်းပါဝင်တဲ့ ဘယ်အစားအစာမဆို မစားပါနဲ့။

ကိုယ်တွင်းအပူငြိမ်းစေတဲ့ အစားအစာများ

Related image

ဖရဲသီး၊ သခွားမွှေးသီး၊ ပူဒီနာ၊ မုန်လာဥ၊ နှမ်း၊ စမုန်စပါး၊ အုန်းရည် ၊သလဲသီး၊ ပဲနံ့သာစေ့၊ နို့အေး စသည်တို့ဖြစ်ပါတယ်။ ဖရဲသီးက ရေဓာတ်ကြွယ်ဝလို့ ခန္ဓာကိုယ်အပူချိန်ကို လျှော့ချပေးနိုင်ပါတယ်။ အုန်းရည်က ကိုယ်တွင်းအပူချိန်ကို သိသိသာသာလျော့နည်းစေတဲ့ အိမ်သုံးဆေးနည်းတစ်လက်ဖြစ်ပါတယ်။ နွေရာသီမှာ ဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာတွေမဖြစ်အောင် အုန်းရည်သောက်ပြီး ကာကွယ်နိုင်ပါတယ်။

Source: ပြည်မြန်မာ

Read times Last modified on Wednesday, 28 March 2018 18:03
Rate this item
(0 votes)