What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 14 February 2018 16:53

က်န္းမာေရးအတြက္ ေခ်ာကလက္

က်န္းမာေရးအတြက္ ေခ်ာကလက္ google.com

အခုေခတ္မွာ ေတာေရာ ၊ ၿမိဳ႕ပါမက်န္ လူတိုင္းနီးပါး ေခ်ာကလက္ စားဖူးၾကမွာပါ။

အထူးသျဖင့္ ေဖေဖာ္ဝါရီလမွာဆိုရင္ ကမာၻတစ္ဝန္းမွာ ေခ်ာကလက္အေရာင္းရဆုံးပါ။ ခ်စ္သူမ်ားေန႔မွာ ပန္းစည္းနဲ႔ ေခ်ာကလက္ သို႔မဟုတ္ အ႐ုပ္နဲ႔ေခ်ာကလက္ လက္ေဆာင္ေပးတာဟာ ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာ ခုဆိုေတာ္ေတာ္ႀကီးကို ေခတ္စားေနပါၿပီ။ ဘယ္ေလာက္ေခတ္စားလား၊ မစားလားဆိုရင္ ေဖေဖာ္ဝါရီလမွာ လမ္းေဘးမွာ song box ေလးေတြနဲ႔ ေခ်ာကလက္တို႔ ပန္းစည္းတို႔အ႐ုပ္တို႔ ေရာင္းတဲ့ဆိုင္အေရအတြက္ကိုပဲ ၾကည့္ရင္သိႏိုင္ပါတယ္။

ေခ်ာကလက္ကို ကိုကိုးအပင္ရဲ႕အသီးကေနထုတ္လုပ္ပါတယ္။ အရင့္အရင္ေခတ္တုန္းကေတာ့ ကိုကိုးအသီးကို ေနပူလွမ္းၿပီး ႀကိတ္လို႔ရလာတဲ့ ကိုကိုးမႈန႔္ကို ေသာက္ခဲ့ၾကတာပါ။ အဲ့တုန္းကေတာ့အရသာကခါးပါတယ္။ ေနာက္ပိုင္း နည္းပညာေတြတိုးတက္လာတဲ့အခါမွာမွ ကိုကိုးသီးရဲ႕ခါးတဲ့အရသာကို ေဖ်ာက္ဖို႔အတြက္ သၾကား ႏို႔၊ မလိုင္၊ သစ္သီးေျခာက္၊ ေျမပဲစတာေတြ ေပါင္းထည့္လာၾကၿပီး အခဲပုံ လုပ္လာၾကပါတယ္။ ေခ်ာကလက္ရဲ႕ သဘာဝအေရာင္ကေတာ့ အမည္းေရာင္ပါ။

ေခ်ာကလက္အျဖဴေရာင္ဆိုတာက တိက်စြာေျပာရင္ ေခ်ာကလက္မွာပါဝင္တဲ့ ကိုကိုးမပါဝင္တဲ့အတြက္ ေခ်ာကလက္ မဟုတ္ပါဘူး။ ေခ်ာကလက္သည္ စြဲလမ္းေစေသာ ဓါတ္ပါဝင္သည္ဟု တခ်ိဳ႕ကဆိုၾကသည္။ ဒါမဟုတ္ပါဘူး။ ေခ်ာကလက္အမည္း(Dark Chocolate)ဟာဆိုရင္ လူ႔က်န္းမာေရးကို အမ်ားႀကီးအေထာက္အကူ ျဖစ္ေစပါတယ္။

သူ႔ရဲ႕ေကာင္းက်ိဴးေတြကေတာ့ ဦးေႏွာက္နဲ႔ အာ႐ုံေၾကာရဲ႕ စြမ္းေဆာင္ရည္ကိုျမႇင့္ေပးႏိုင္တဲ့ စီ႐ိုတိုနင္(Serotonin) ပါဝင္တာေၾကာင့္ စိတ္ဖိစီးမႈကိုေလ်ာ့နည္းေစျခင္း၊ စိတ္ကိုလန္းဆန္း တက္ႂကြလာေစျခင္း၊ စားေကာင္း၊ အိပ္ေပ်ာ္ျခင္းေတြကိုျဖစ္ေစႏိုင္ပါတယ္။ မွတ္ဉာဏ္ခ်ိဳ႕ယြင္းမႈကိုလည္း အတိုင္းအတာတစ္ခုထိ ကာကြယ္ေပးပါတယ္။

မၾကာေသးခင္ကမွ ေလ့လာခဲ့တဲ့ သုေတသနအရ အမည္းေရာင္ေခ်ာကလက္ကို အနည္းငယ္မွ် ေန႔စဥ္ပုံမွန္စားေပး႐ုံျဖင့္ ႏွလုံးေရာဂါျဖစ္ႏိုင္ေခ် ၃၇ ရာခိုင္ ႏႈန္းနဲ႔ ေလျဖတ္ႏိုင္ေခ် ၂၀ကေန၂၉ ရာခိုင္ႏႈန္း ေလ်ာ့က်ေစပါတယ္။ ခႏၶာကိုယ္ထဲက ကိုလက္စထေရာ(အဆီဓါတ္)ေတြကို ေလ်ာ့နည္းေစပါတယ္။ အမ်ိဴးသမီးေတြအေနနဲ႔လည္း ေခ်ာကလက္အနည္းငယ္ စားသုံးေပးတာဟာ စိတ္ကိုၾကည္လင္ေစပါတယ္။ ရာသီလာခါနီး ေခါင္းကိုက္တာ၊ စိတ္ပင္ပန္း လူပင္ပန္းျဖစ္တာကို သက္သာေစႏိုင္ပါတယ္။

သို႔ေသာ္တန္ရင္ေဆး လြန္လွ်င္ေဘးဆိုတာလည္းရွိပါတယ္။ ကိုယ္စားလိုက္တဲ့ ေခ်ာကလက္က ကယ္လိုရီတန္ဖိုးမ်ားတဲ့ အမ်ိဴးအစားျဖစ္ေနရင္ ပမာဏနည္းနည္းပဲစားသင့္ပါတယ္။ အဲ့လိုမဟုတ္ဘဲ စားေကာင္းေကာင္းနဲ႔ တဝႀကီးစားလိုက္လို႔ မိမိခႏၶာကိုယ္ရဲ႕တစ္ေန႔တာလိုအပ္ခ်က္ထက္ ေက်ာ္သြားရင္၊ ေနာက္ကိုယ္ကလည္း ကိုယ္လက္လႈပ္ရွားမႈ ပုံမွန္မလုပ္ျဖစ္တဲ့သူဆိုရင္ ေရရွည္မွာ ကိုယ္အေလးခ်ိန္တိုးလာႏိုင္ပါတယ္။ ဒါေၾကာင့္ ဆီးခ်ိဳ၊ ေသြးတိုး၊ ေက်ာက္ကပ္ေရာဂါ၊ ေသြးတြင္းအဆီမ်ားတဲ့ ေရာဂါရွိတဲ့သူေတြဆိုရင္ေတာ့ မိမိရဲ႕ဆရာဝန္နဲ႔စမ္းသပ္စစ္ေဆးၿပီးမွ သင့္ေတာ္မယ့္ ပမာဏေလာက္ပဲ စားသင့္ပါတယ္။

ေနာက္ဆုံးအေနနဲ႔ ေျပာခ်င္တာကေတာ့ လူစားသည့္ ေခ်ာကလက္ကို အိမ္တြင္ခ်စ္စႏိုး လက္သပ္ေမြးထားသည့္ တိရစာၦန္မ်ားအား လုံးဝမေကြၽးပါနဲ႔။ အထူးသျဖင့္ ေခြးေတြအတြက္ ပိုအႏၲရာယ္ရွိပါတယ္။တိရစာၦန္မ်ားအား ေကြၽးခ်င္ပါက တိရစာၦန္အစားအစာ ေရာင္းသည့္ဆိုင္မ်ားတြင္ တိရစာၦန္မ်ားအတြက္အထူးျပဳျပင္ထားေသာ ေခ်ာကလက္မ်ားရွိပါသည္။

Source: ondoctor

Read: ေခ်ာကလက္ရဲ႕ အက်ိဳးေက်းဇူးမ်ား

 

 Unicode

အခုခေတ်မှာ တောရော ၊ မြို့ပါမကျန် လူတိုင်းနီးပါး ချောကလက် စားဖူးကြမှာပါ။ အထူးသဖြင့် ဖေဖော်ဝါရီလမှာဆိုရင် ကမ္ဘာတစ်ဝန်းမှာ ချောကလက်အရောင်းရဆုံးပါ။ ချစ်သူများနေ့မှာ ပန်းစည်းနဲ့ ချောကလက် သို့မဟုတ် အရုပ်နဲ့ချောကလက် လက်ဆောင်ပေးတာဟာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ခုဆိုတော်တော်ကြီးကို ခေတ်စားနေပါပြီ။ ဘယ်လောက်ခေတ်စားလား၊ မစားလားဆိုရင် ဖေဖော်ဝါရီလမှာ လမ်းဘေးမှာ song box လေးတွေနဲ့ ချောကလက်တို့ ပန်းစည်းတို့အရုပ်တို့ ရောင်းတဲ့ဆိုင်အရေအတွက်ကိုပဲ ကြည့်ရင်သိနိုင်ပါတယ်။
ချောကလက်ကို ကိုကိုးအပင်ရဲ့အသီးကနေထုတ်လုပ်ပါတယ်။ အရင့်အရင်ခေတ်တုန်းကတော့ ကိုကိုးအသီးကို နေပူလှမ်းပြီး ကြိတ်လို့ရလာတဲ့ ကိုကိုးမှုန့်ကို သောက်ခဲ့ကြတာပါ။ အဲ့တုန်းကတော့အရသာကခါးပါတယ်။ နောက်ပိုင်း နည်းပညာတွေတိုးတက်လာတဲ့အခါမှာမှ ကိုကိုးသီးရဲ့ခါးတဲ့အရသာကို ဖျောက်ဖို့အတွက် သကြား နို့၊ မလိုင်၊ သစ်သီးခြောက်၊ မြေပဲစတာတွေ ပေါင်းထည့်လာကြပြီး အခဲပုံ လုပ်လာကြပါတယ်။ ချောကလက်ရဲ့ သဘာဝအရောင်ကတော့ အမည်းရောင်ပါ။
ချောကလက်အဖြူရောင်ဆိုတာက တိကျစွာပြောရင် ချောကလက်မှာပါဝင်တဲ့ ကိုကိုးမပါဝင်တဲ့အတွက် ချောကလက် မဟုတ်ပါဘူး။ ချောကလက်သည် စွဲလမ်းစေသော ဓါတ်ပါဝင်သည်ဟု တချို့ကဆိုကြသည်။ ဒါမဟုတ်ပါဘူး။ ချောကလက်အမည်း(Dark Chocolate)ဟာဆိုရင် လူ့ကျန်းမာရေးကို အများကြီးအထောက်အကူ ဖြစ်စေပါတယ်။
သူ့ရဲ့ကောင်းကျိူးတွေကတော့ ဦးနှောက်နဲ့ အာရုံကြောရဲ့ စွမ်းဆောင်ရည်ကိုမြှင့်ပေးနိုင်တဲ့ စီရိုတိုနင်(Serotonin) ပါဝင်တာကြောင့် စိတ်ဖိစီးမှုကိုလျော့နည်းစေခြင်း၊ စိတ်ကိုလန်းဆန်း တက်ကြွလာစေခြင်း၊ စားကောင်း၊ အိပ်ပျော်ခြင်းတွေကိုဖြစ်စေနိုင်ပါတယ်။ မှတ်ဉာဏ်ချို့ယွင်းမှုကိုလည်း အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးပါတယ်။
မကြာသေးခင်ကမှ လေ့လာခဲ့တဲ့ သုတေသနအရ အမည်းရောင်ချောကလက်ကို အနည်းငယ်မျှ နေ့စဉ်ပုံမှန်စားပေးရုံဖြင့် နှလုံးရောဂါဖြစ်နိုင်ချေ ၃၇ ရာခိုင် နှုန်းနဲ့ လေဖြတ်နိုင်ချေ ၂၀ကနေ၂၉ ရာခိုင်နှုန်း လျော့ကျစေပါတယ်။ ခန္ဓာကိုယ်ထဲက ကိုလက်စထရော(အဆီဓါတ်)တွေကို လျော့နည်းစေပါတယ်။ အမျိူးသမီးတွေအနေနဲ့လည်း ချောကလက်အနည်းငယ် စားသုံးပေးတာဟာ စိတ်ကိုကြည်လင်စေပါတယ်။ ရာသီလာခါနီး ခေါင်းကိုက်တာ၊ စိတ်ပင်ပန်း လူပင်ပန်းဖြစ်တာကို သက်သာစေနိုင်ပါတယ်။
သို့သော်တန်ရင်ဆေး လွန်လျှင်ဘေးဆိုတာလည်းရှိပါတယ်။ ကိုယ်စားလိုက်တဲ့ ချောကလက်က ကယ်လိုရီတန်ဖိုးများတဲ့ အမျိူးအစားဖြစ်နေရင် ပမာဏနည်းနည်းပဲစားသင့်ပါတယ်။ အဲ့လိုမဟုတ်ဘဲ စားကောင်းကောင်းနဲ့ တဝကြီးစားလိုက်လို့ မိမိခန္ဓာကိုယ်ရဲ့တစ်နေ့တာလိုအပ်ချက်ထက် ကျော်သွားရင်၊ နောက်ကိုယ်ကလည်း ကိုယ်လက်လှုပ်ရှားမှု ပုံမှန်မလုပ်ဖြစ်တဲ့သူဆိုရင် ရေရှည်မှာ ကိုယ်အလေးချိန်တိုးလာနိုင်ပါတယ်။ ဒါကြောင့် ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်ရောဂါ၊ သွေးတွင်းအဆီများတဲ့ ရောဂါရှိတဲ့သူတွေဆိုရင်တော့ မိမိရဲ့ဆရာဝန်နဲ့စမ်းသပ်စစ်ဆေးပြီးမှ သင့်တော်မယ့် ပမာဏလောက်ပဲ စားသင့်ပါတယ်။
နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ လူစားသည့် ချောကလက်ကို အိမ်တွင်ချစ်စနိုး လက်သပ်မွေးထားသည့် တိရစ္ဆာန်များအား လုံးဝမကျွေးပါနဲ့။ အထူးသဖြင့် ခွေးတွေအတွက် ပိုအန္တရာယ်ရှိပါတယ်။တိရစ္ဆာန်များအား ကျွေးချင်ပါက တိရစ္ဆာန်အစားအစာ ရောင်းသည့်ဆိုင်များတွင် တိရစ္ဆာန်များအတွက်အထူးပြုပြင်ထားသော ချောကလက်များရှိပါသည်။
Source: ondoctor

Read times Last modified on Wednesday, 14 February 2018 17:02
Rate this item
(0 votes)