What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 07 June 2019 18:06

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကင်ဆာရောဂါ ကုသပျောက်ကင်းခဲ့သူတွေကို ဂုဏ်ပြု

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ကင်ဆာရောဂါ ကုသပျောက်ကင်းခဲ့သူတွေကို ဂုဏ်ပြု dvb

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ကုသပြီး ကင်ဆာရောဂါပျောက်ကင်းခဲ့တဲ့သူတွေကို ဇွန်လ(၆) ရက်က သူနာပြုများအဆောင်မှာ ဂုဏ်ပြုအခမ်းအနားလုပ်ပေးခဲ့ပါတယ်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ အနယ်နယ်အရပ်ရပ်က ကင်ဆာရောဂါခံစားနေရတဲ့ ဝေဒနာရှင်တွေကို လက်ခံကုသပေးနေပြီး တက်ရောက်ကုသနေသူတွေထဲက လေးဆယ်ရာခိုင်နှုန်းကို ရောဂါပျောက်ကင်းအောင် ကုသပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ကင်ဆာရောဂါပျောက်ကင်းတဲ့အထိ ဇွဲရှိရှိနဲ့ကုသမှုခံယူခဲ့တဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီလိုအခမ်းအနားပြုလုပ်ပေးခဲ့တာပါ။ ကင်ဆာရောဂါကို စောစီးစွာသိရှိရန်လိုအပ်ပြီး ရောဂါဖြစ်တယ်ဆိုတာ သိပြီးတာနဲ့ဆေးမြီးတိုတွေနဲ့ မကုပဲ ရန်ကုန်ဆေးရုံကြီးလို ကင်ဆာရောဂါဌာနရှိတဲ့ ဆေးရုံတွေမှာ စနစ်တကျကုသမှုခံယူရမယ်လို့ ကင်ဆာအထူးကုဆရာဝန်ကြီးကပြောပါတယ်။

 

ကင်ဆာရောဂါကို စောစီးစွာသိရှိရင် ကင်ဆာရောဂါ အမျိုးအစားနဲ့ အဆင့်အပေါ်မူတည်ပြီး ကင်ဆာဆေးသွင်းတာ၊ ခွဲစိတ်တာ၊ ဓာတ်ရောင်ခြည်ကင်တာတွေကို ရက်ချိန်းမှန်မှန်ဆောင်ရွက်ပြီး ပျောက်ကင်းကုသနိုင်တယ်လို့သိရပါတယ်။

 

အူသိမ်ကင်ဆာခံစားခဲ့ရတဲ့ ဦးပြည့်ဖြိုးမောင်ကတော့ သူ့ရဲ့ ကင်ဆာရောဂါကို ရှစ်လအတွင်း အနိုင်ယူခဲ့တယ်လို့ပြောပါတယ်။ကင်ဆာရောဂါ ကုသပျောက်ကင်းအောင်မြင်ခဲ့တဲ့သူတွေကို ဂုဏ်ပြုတဲ့ပွဲကို ရန်ကုန်ဆေးရုံကြီးမှာ ဒုတိယအကြိမ် ပြုလုပ်တာဖြစ်ပြီး ကင်ဆာရောဂါကုသအောင်မြင်ခဲ့သူ အယောက်နှစ်ရာနီးပါးတက်ရောက်ခဲ့ပါတယ်။

 

အမျိုးသမီးတွေမှာ ရင်သားကင်ဆာက ဖြစ်ပွားမှုနှုန်းအမြင့်ဆုံးဖြစ်ပြီး အမျိုးသားတွေမှာတော့ ဆေးရွက်ကြီးသုံးစွဲလို့ နောက်ဆက်တွဲဖြစ်လာတဲ့ ခံတွင်းကင်ဆာ၊ ပါးစောင်ကင်ဆာ၊ အစာအိမ်ကင်ဆာနဲ့ အူမကြီးကင်ဆာတွေအဖြစ် များလာတယ်လို့ ရန်ကုန်ဆေးရုံကြီးမှ သိရပါတယ်။

 

Source: mrtv4

Read times Last modified on Friday, 07 June 2019 18:12
Rate this item
(1 Vote)