What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 24 July 2018 10:09

မိုးရာသီမှာ ဒီလိုစားတာတွေရှောင်ပါ

မိုးရာသီမှာ ဒီလိုစားတာတွေရှောင်ပါ Google.com

မိုးတွင်းရောက်လာပြီဆိုရင် ဖျားနားခြင်းနဲ့ ရာသီဥတု ပြောင်းလဲခြင်းကြောင့် ကျန်းမာရေးပြဿနာ အမျိုးမျိုး ကြုံတွေ့ရတတ်ပါတယ်။ ကျန်းမာပြီး လှပနေဖို့ မိုးတွင်းမှာ ဒီလိုအစားအသောက်တွေကို ရှောင်ကြဉ်ပါ။ 

(၁) ဟင်းသီးဟင်းရွက်

Related image

အချို့ဟင်းသီးဟင်းရွက်တွေကို ကျန်းမာရေးကောင်းဖို့နဲက အလှအပအတွက် စားသုံးသင့်တယ်လို့ အရင်က သိကြမှာပါ။ ဒါပေမယ့် မိုးတွင်းမှာတော့ သူတို့ကို ရှောင်ရှားသင့်ပါတယ်။ ဟင်းရွက်တွေမှာ ပါဝင်တဲ့ အညစ်အကြေးတွေက ရောဂါပိုးမွှားအချို့ကို ဖြစ်စေနိုင်ပါတယ်။ အဖက်တွေများတဲ့ ဟင်းနုနယ် ၊ ဂေါ်ဖီတို့ကို ရှောင်းရှားပါ။

(၂) ဖျော်ရည်နဲ့ လမ်းဘေးက လက်ဖျော်အချို့

Image result for ဖျော်ရည်

မိုးရာသီမှာ အသီးဖျော်ရည်သောက်တော့မယ်ဆိုရင် ချက်ပြီးလှီးထားတာကို ဖျော်ရည်လုပ်သင့်ပါတယ်။ လမ်းဘေးမှာက အသီးတွေကို ကြိုခွဲထားပြီး အရည်ဖျော်ပေးထားတာကြောင့် ပြင်ပလေနဲ့ ထိတွေ့ပြီး သစ်သီးတွေက မသန့်တာကြောင့် ဗိုက်နာတာမျိုးဖြစ်တတ်ပါတယ်။
(၃) ပင်လယ်စာ

Image result for ပင်လယ်စာ

မိုးတွင်းမှာ ငါးနဲ့ ပုဇွန်တွေသားပေါက်တဲ့ကာလဖြစ်တာကြောင့် ရှောင်ရှားသင့်ပါတယ်။ အဲဒီအစားကြက်သားနဲ့ သိုးသားတွေ ရွေးချယ်ပါ။ ပင်လယ်စာက ဗိုက်နာတတ်တာကြောင့် စားမယ်ဆိုရင်လည်း သေချာချက်ပြုတ်ပြီးမှ စားသင့်ပါတယ်။

(၄)ဆီကြော်စာ

Related image

ဆီကြော်စာတွေကို ဒီရာသီမျိုးမှာ ရှောင်ကြဉ်ပါ။ မိုးတွင်းက သင့်အစယချေစနစ်ကို နှေးကွေးစေတာကြောင့် ဒီလိုရာသီမျိုးမှာ ဆီကြော်စာ စားတာများမယ်ဆိုရင် အဆီ ပိုတက်စေပါလိမ့်မယ်။

(၅) အချိုရည်

Image result for အချိုရည်

ဂတ်စ်ပါတဲ့ အချိုရည်တွေက ကိုယ်တွင်းက အင်ဇိုင်းလှုပ်ရှားမှုကို လျော့ချပေးပါတယ်။ သင်ကစောချေစနစ် နှေးကွေးတယ်ဆိုရင် ဒီလို ဂတ်စ်ပါတဲ့ အချိုရည်ကို ရှောင်ရှားသင့်ပါတယ်။

source:irrawaddy

Read: အသက်ငယ်ငယ်သွေးပေါင်တက်ခြင်း

အသက်ငယ်ငယ်သွေးပေါင်တက်ခြင်း

Read times Last modified on Tuesday, 24 July 2018 10:32
Rate this item
(1 Vote)