What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 15 February 2018 11:47

သင့်ရဲ့လက်သည်းခွံတွေပေါ်မှာ Lunula လို့ခေါ်တဲ့ အဖြူရောင်လခြမ်းပုံလေးတွေ ရှိမနေဘူးဆိုလျှင် ဆရာဝန်ထံ အမြန်ဆုံးပြသသင့်

သင့်ရဲ့လက်သည်းခွံတွေပေါ်မှာ Lunula လို့ခေါ်တဲ့ အဖြူရောင်လခြမ်းပုံလေးတွေ ရှိမနေဘူးဆိုလျှင် ဆရာဝန်ထံ အမြန်ဆုံးပြသသင့် google.com










Source: Use the nature

 

 Unicode

 

လက်သည်းခွံလေးတွေဟာ လက်ချောင်းလေးတွေရဲ့ အရေပြားသွေးဆဲလ်လေးတွေ အပေါ်မှ ဖုံးအုပ်ပေးထားတဲ့ အရာလေးတွေပါ။
များသောအားဖြင့် လက်သည်းလေးတွေဟာ အထိအခိုက်မခံကြပါဘူး။ တခါတရံတော့မမှန်ပေ မဲ့ လက်သည်းလေးတွေဟာ သင်ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးလက္ခဏာကို ညွန်ပြနေတာပါ။ Lunula လေးတွေရဲ့ ပုံသဏ္ဍာန်လေးတွေကို ကြည့်ပေးသင့်ပါတယ်။
များသောအားဖြင့် lunula လေးတွေဟာ လက်သည်းတခုရဲ့ ငါးပုံတစ်ပုံအရွယ်အစားလောက်ရှိ နေတတ်ပြီး လက်မမှာ အများဆုံးတွေ့ရတတ်ပါတယ်။
Lunula လေးတွေရဲ့ ဖွံ့ဖြိုးမှုဟာ လူတစ်ယောက်ရရှိတဲ့ အစာအာဟာရ , ရုပ်ပိုင်းဆိုင်ရာ , ပတ်ဝန်းကျင်အပေါ်ကို အခြေခံနေပါတယ်။ထိုအချက်တွေပေါ်လိုက်ပြီး Lunula လေးတွေ ဟာညှိုးနွမ်းနေခြင်း၊ ပုံမှန်ထက် သေးငယ်နေခြင်း၊ တခါခါ ပျောက်နေတတ်ပါတယ်။
1. လက်မရဲ့လက်သည်းခွံပေါ်မှာ Lunula ရှိမနေဘူးဆိုလျှင်၊ စိတ်ပိုင်းဆိုင်ရာရောဂါအချို့ရဲ့ လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။
2. လက်ညှိုးရဲ့ လက်သည်းခွံပေါ်မှာ Lunula ရဲ့ အရွယ်အစားသေးနေလျှင် / လုံးဝမရှိလျှင် အူလမ်းကြောင်းဆိုင်ရာပြသနာတွေကို ညွှန်ပြခြင်းတစ်ခုဖြစ်နိုင်ပါတယ်။
3. လက်ခလယ် လက်သည်းခွံပေါ်က Lunula ရဲ့အရွယ်အစားကျုံ့သွားလျှင်၊ သွေးဖိအားနှင့်ပတ်သတ်တဲ့ ပြသနာတွေ ဖြစ်နိုင်ပါတယ်။
4. လက်သူကြွယ် လက်သည်းခွံပေါ်မှာ Lunula မရှိလျှင် / အရွယ်အစားလျော့နည်းနေလျှင်၊ သိုင်းရွိက်ဂလင်းနဲ့ပတ်သတ်တဲ့ ပြဿနာတွေဖြစ်နိုင်ပါတယ်။
5. လက်သန်း လက်သည်းခွံပေါ်မှာ Lunula မရှိလျှင် အူ၊ ပန်ကရိယနဲ့ အသည်းတို့မှာ ပြသနာရှိနိုင်ပြီး၊ အမျိုးသမီးတွေမှာ မျိုးဆက်ပွားစနစ်နဲ့ပတ်သတ်တဲ့ ပြသနာတွေဖြစ်နိုင်ပါတယ်။


Source: Use the nature

Read times
Rate this item
(1 Vote)