What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 14 November 2019 17:25

ဆီးအနံ႔က ေကာ္ဖီအနံ႔သင္းေနၿပီဆိုရင္

ဆီးသြားတဲ့အခါ ပုံမွန္ဆီးအနံ႔မဟုတ္ဘဲ ေကာ္ဖီနံ႔ထြက္လာရင္ အရမ္းႀကီး ေက်နပ္ဝမ္းေျမာက္မေနပါနဲ႔ဦး။

သာမန္ျဖစ္စဥ္တစ္ခုလည္းျဖစ္ႏိုင္သလို က်န္းမာေရးျပႆနာတစ္စုံတစ္ရာေၾကာင့္ျဖစ္ႏိုင္တာကိုလည္း သတိထားဖို႔လိုပါတယ္။ ေကာ္ဖီနံ႔ဘာေၾကာင့္ထြက္ ဆီးဟာ ခႏၶာကိုယ္ကေန အညစ္အေၾကးနဲ႔ အဆိပ္အေတာက္ေတြကို အရည္အျဖစ္နဲ႔ စြန႔္ထုတ္တဲ့ စြန႔္ပစ္ပစၥည္းပါ။ ဘာေၾကာင့္ေကာ္ဖီနံ႔ထြက္ရသလဲဆိုတာ ေလ့လာၾကည့္ရေအာင္။

 

ေကာ္ဖီအေသာက္မ်ားျခင္း

ဒါကေတာ့ သိပ္ကို သိသာထင္ရွားလွတဲ့အေၾကာင္းအရင္း တစ္ခုျဖစ္ပါတယ္။ ကဖိန္းဓာတ္ဟာ ဆီး႐ႊင္ေစပါတယ္။ ၿပီးေတာ့ ေသာက္ၿပီးခ်ိန္မွာ ခႏၶာကိုယ္က အလ်င္မွီေအာင္ ျပည့္ျပည့္ဝဝ ေျခဖ်က္ႏိုင္ျခင္းမရွိတာလည္း ျဖစ္ႏိုင္ပါတယ္။

ဒီေတာ့ ခႏၶာကိုယ္ဟာ အထဲမွာရွိတဲ့ ကဖိန္းပမာဏကို ထိန္းညႇိဖို႔အတြက္ ရွိေနတဲ့ ကဖိန္းတစ္ခ်ိဳ႕ကို ေက်ာက္ကပ္ကေန အညစ္အေၾကးအျဖစ္ စြန႔္ထုတ္လိုက္ရာက ဆီးဟာ ေကာ္ဖီနံ႔သင္းသြားတာပဲ ျဖစ္ပါတယ္။ ေကာ္ဖီပမာဏအေျမာက္အျမားေသာက္လိုက္ၿပီးခ်ိန္မွာ ကဖိန္းဓာတ္ေတြေၾကာင့္ ဆီးဟာ ေကာ္ဖီနံ႔ရေနတာပါ။

 

ေရဓာတ္ခ်ိဳ႕တဲ့ျခင္း

တစ္ေနကုန္ေရေကာင္းေကာင္းမေသာက္ဘူးဆိုရင္ ခႏၶာကိုယ္က ေရကို ရႏိုင္သမွ်မ်ားမ်ား မစြန႔္ထုတ္ပစ္ေအာင္ ဆြဲထားတတ္ပါတယ္။ အဲဒါရဲ႕ရလဒ္အျဖစ္ ဆီးသြားနည္းသြားၿပီး ဆီးသိပ္သည္းဆပိုမ်ား/ ပိုပ်စ္လာပါတယ္။ ခႏၶာကိုယ္ထဲမွာ ေရဓာတ္ရွိေနေအာင္ ဆြဲထားလို႔ပါ။

 

ဒီလိုအေနအထားမွာ ဆီးဟာ အေရာင္ရင့္ေနမွာျဖစ္ၿပီး အနံ႔ကလည္း ျပင္းေနမွာပါ။ တစ္ခ်ိဳ႕ေတြအတြက္ေတာ့ အဲဒီအနံ႔စူးစူးဟာ ေကာ္ဖီနံ႔လိုျဖစ္ေနမွာပါ။

 

ဆီးထြက္ရွိမႈအေပၚ ကဖိန္းဓာတ္ရဲ႕ အက်ိဳးသက္ေရာက္မႈ ဆီး႐ႊင္ေစေသာဂုဏ္သတၱိ- ကဖိန္းမွာ ဆီး႐ႊင္ေစတဲ့ဂုဏ္သတၱိနည္းနည္းရွိတာေၾကာင့္ ေကာ္ဖီေသာက္ၿပီးရင္ ဆီးသြားခ်င္တတ္လာပါတယ္။

 

ကဖိန္းဟာ ေက်ာက္ကပ္ကိုေလွ်ာက္တဲ့ ေသြးထုထည္ပမာဏကို ျမႇင့္တင္ေပးႏိုင္စြမ္းရွိျခင္း၊ ဆီးအိမ္ႂကြက္သားေတြကို ေျပေလ်ာ့ေစျခင္းနဲ႔ ေက်ာက္ကပ္အတြင္းရွိ ေသြးေၾကာမွ်င္ေလးေတြရဲ႕ ေသြးဖိအားကို ျမႇင့္တင္ေပးႏိုင္စြမ္းရွိျခင္းေတြေၾကာင့္ ဆီး႐ႊင္ရတာျဖစ္ပါတယ္။

 

သိပ္သည္းဆကို ေျပာင္းလဲေစျခင္း

ကဖိန္းဟာ ဆိုဒီယံ အိုင္ယြန္းစြန႔္ထုတ္မႈကို တားဆီးေပးတာေၾကာင့္ ေသြးထဲမွာ ဆိုဒီယံဓာတ္ေတြမ်ားမ်ားရွိေနေစျခင္းက ဆီးရဲ႕ သိပ္သည္းဆကို ပိုေစပါတယ္။

 

အေရာင္နဲ႔အနံ႔ေျပာင္းလဲျခင္း

သိပ္သည္းဆမ်ားတဲ့ဆီးထဲမွာ ယူရီးယား၊ အမိုးနီးယားနဲ႔ တျခားေပါင္းစပ္စြန႔္ပစၥည္းေတြ ႁပြတ္သိပ္ပါဝင္ေနတတ္ပါတယ္။ အဲဒီဟာေတြေၾကာင့္ ဆီးဟာ အေရာင္ရင့္ေနၿပီး အနံ႔ျပင္းမွာျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ဆီးကေကာ္ဖီနံ႔ထြက္ေနပါက ေကာ္ဖီေသာက္တာေလွ်ာ့ၿပီး ေရပိုေသာက္ေပးပါ။ ဒီလိုေတြလိုက္နာတာေတာင္ ဆီးအနံ႔က ရွိေနတုန္းပဲဆိုရင္ တတ္ကြၽမ္းသူနဲ႔ တိုင္ပင္ပါ။

 

ေဒါက္တာခ်စ္ေဆြ

{Unicode}

======

ဆီးအနံ့က ကော်ဖီအနံ့သင်းနေပြီဆိုရင်

ဆီးသွားတဲ့အခါ ပုံမှန်ဆီးအနံ့မဟုတ်ဘဲ ကော်ဖီနံ့ထွက်လာရင် အရမ်းကြီး ကျေနပ်ဝမ်းမြောက်မနေပါနဲ့ဦး။ သာမန်ဖြစ်စဉ်တစ်ခုလည်းဖြစ်နိုင်သလို ကျန်းမာရေးပြဿနာတစ်စုံတစ်ရာကြောင့်ဖြစ်နိုင်တာကိုလည်း သတိထားဖို့လိုပါတယ်။ ကော်ဖီနံ့ဘာကြောင့်ထွက် ဆီးဟာ ခန္ဓာကိုယ်ကနေ အညစ်အကြေးနဲ့ အဆိပ်အတောက်တွေကို အရည်အဖြစ်နဲ့ စွန့်ထုတ်တဲ့ စွန့်ပစ်ပစ္စည်းပါ။ ဘာကြောင့်ကော်ဖီနံ့ထွက်ရသလဲဆိုတာ လေ့လာကြည့်ရအောင်။

 

ကော်ဖီအသောက်များခြင်း

ဒါကတော့ သိပ်ကို သိသာထင်ရှားလှတဲ့အကြောင်းအရင်း တစ်ခုဖြစ်ပါတယ်။ ကဖိန်းဓာတ်ဟာ ဆီးရွှင်စေပါတယ်။ ပြီးတော့ သောက်ပြီးချိန်မှာ ခန္ဓာကိုယ်က အလျင်မှီအောင် ပြည့်ပြည့်ဝဝ ခြေဖျက်နိုင်ခြင်းမရှိတာလည်း ဖြစ်နိုင်ပါတယ်။

ဒီတော့ ခန္ဓာကိုယ်ဟာ အထဲမှာရှိတဲ့ ကဖိန်းပမာဏကို ထိန်းညှိဖို့အတွက် ရှိနေတဲ့ ကဖိန်းတစ်ချို့ကို ကျောက်ကပ်ကနေ အညစ်အကြေးအဖြစ် စွန့်ထုတ်လိုက်ရာက ဆီးဟာ ကော်ဖီနံ့သင်းသွားတာပဲ ဖြစ်ပါတယ်။ ကော်ဖီပမာဏအမြောက်အမြားသောက်လိုက်ပြီးချိန်မှာ ကဖိန်းဓာတ်တွေကြောင့် ဆီးဟာ ကော်ဖီနံ့ရနေတာပါ။

 

ရေဓာတ်ချို့တဲ့ခြင်း
တစ်နေကုန်ရေကောင်းကောင်းမသောက်ဘူးဆိုရင် ခန္ဓာကိုယ်က ရေကို ရနိုင်သမျှများများ မစွန့်ထုတ်ပစ်အောင် ဆွဲထားတတ်ပါတယ်။ အဲဒါရဲ့ရလဒ်အဖြစ် ဆီးသွားနည်းသွားပြီး ဆီးသိပ်သည်းဆပိုများ/ ပိုပျစ်လာပါတယ်။ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ရှိနေအောင် ဆွဲထားလို့ပါ။

ဒီလိုအနေအထားမှာ ဆီးဟာ အရောင်ရင့်နေမှာဖြစ်ပြီး အနံ့ကလည်း ပြင်းနေမှာပါ။ တစ်ချို့တွေအတွက်တော့ အဲဒီအနံ့စူးစူးဟာ ကော်ဖီနံ့လိုဖြစ်နေမှာပါ။

 

ဆီးထွက်ရှိမှုအပေါ် ကဖိန်းဓာတ်ရဲ့ အကျိုးသက်ရောက်မှု ဆီးရွှင်စေသောဂုဏ်သတ္တိ- ကဖိန်းမှာ ဆီးရွှင်စေတဲ့ဂုဏ်သတ္တိနည်းနည်းရှိတာကြောင့် ကော်ဖီသောက်ပြီးရင် ဆီးသွားချင်တတ်လာပါတယ်။

ကဖိန်းဟာ ကျောက်ကပ်ကိုလျှောက်တဲ့ သွေးထုထည်ပမာဏကို မြှင့်တင်ပေးနိုင်စွမ်းရှိခြင်း၊ ဆီးအိမ်ကြွက်သားတွေကို ပြေလျော့စေခြင်းနဲ့ ကျောက်ကပ်အတွင်းရှိ သွေးကြောမျှင်လေးတွေရဲ့ သွေးဖိအားကို မြှင့်တင်ပေးနိုင်စွမ်းရှိခြင်းတွေကြောင့် ဆီးရွှင်ရတာဖြစ်ပါတယ်။

 

သိပ်သည်းဆကို ပြောင်းလဲစေခြင်း

ကဖိန်းဟာ ဆိုဒီယံ အိုင်ယွန်းစွန့်ထုတ်မှုကို တားဆီးပေးတာကြောင့် သွေးထဲမှာ ဆိုဒီယံဓာတ်တွေများများရှိနေစေခြင်းက ဆီးရဲ့ သိပ်သည်းဆကို ပိုစေပါတယ်။

 

အရောင်နဲ့အနံ့ပြောင်းလဲခြင်း

သိပ်သည်းဆများတဲ့ဆီးထဲမှာ ယူရီးယား၊ အမိုးနီးယားနဲ့ တခြားပေါင်းစပ်စွန့်ပစ္စည်းတွေ ပြွတ်သိပ်ပါဝင်နေတတ်ပါတယ်။ အဲဒီဟာတွေကြောင့် ဆီးဟာ အရောင်ရင့်နေပြီး အနံ့ပြင်းမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဆီးကကော်ဖီနံ့ထွက်နေပါက ကော်ဖီသောက်တာလျှော့ပြီး ရေပိုသောက်ပေးပါ။ ဒီလိုတွေလိုက်နာတာတောင် ဆီးအနံ့က ရှိနေတုန်းပဲဆိုရင် တတ်ကျွမ်းသူနဲ့ တိုင်ပင်ပါ။

Read times
Rate this item
(1 Vote)