What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 11 June 2019 18:07

ဆံပင်တွေကို ထူပြီး သန်လာအောင် ဂျင်းအသုံးပြုနည်း

ဆံပင်အုံထူဖို့ကတော့ လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ဆံပင် အုံထူဖို့အတွက် အဓိကကတော့ ဆံပင်တွေ မကျွတ်ဖို့ပါ။ ဆံပင်မကျွတ်တော့ရင် ဆံပင်တွေ ထူပြီး သန်လာနိုင်မှာပါ။ ဒါကြောင့် ဦးရေပြားကို အာဟာရတွေ ကျွေးဖို့လိုပါတယ်။ ဦးရေပြားကောင်းမှ ဆံသားအမြစ်ခိုင်မှာပါ။ ဂျင်းကတော့ ဦးရေပြားအတွက် အကောင်းဆုံး အစာဖြစ်ပါတယ်။

 

ဂျင်းနဲ့ သံပရိုရည်

ပါဝင်ပစ္စည်းများ – ဂျင်းကြိတ်ပြီးသား (စားပွဲတင်ဇွန်း ၂ ဇွန်း) ၊ နှမ်းဆီ (စားပွဲတင်ဇွန်း ၃ ဇွန်း) ၊ သံပရိုရည် ( လက်ဖက်ရည်ဇွန်း တစ်ဝက်) ။
ပါဝင်ပစ္စည်းများအားလုံးကို ရောမွှေပေးပါ။ ရလာတဲ့ အနှစ်နဲ့ ဦးရေပြား နဲ့ ဆံပင်ပေါ် လိမ်းပေးပြီး မိနစ် (၃ဝ) နှပ်ထားပေးပါ။ ပြီးရင် ခေါင်းလျှော်ရည် နဲ့ လျှော်ပေးပါ။ တစ်ပတ်ကို (၂)ကြိမ် လုပ်ပေးပါ။

 

Read More : တဖြည်းဖြည်း ဒုက္ခပေးလာနိုင်တဲ့ သွေးတိုး တဖြည်းဖြည်း ဒုက္ခပေးလာတဲ့ သွေးတိုးရောဂါ

တဖြည်းဖြည်း ဒုက္ခပေးလာနိုင်တဲ့ သွေးတိုး တဖြည်းဖြည်း ဒုက္ခပေးလာတဲ့ သွေးတိုးရောဂါ

 

ဂျင်း

ပါဝင်ပစ္စည်းများ -ဂျင်းကြိတ်ပြီးသား (စားပွဲတင်ဇွန်း ၂ ဇွန်း) ၊ ရေ ။ ဂျင်းကို ကြိတ်ပြီးရင် ရေနည်းနည်းရောပေးပါ။ ရလာတဲ့အနှစ်ကို ဦးရေပြားပေါ်လိမ်းပေးကြီး (၄၅)မိနစ် ကနေ (၁)နာရီထိ အခြောက်ထားပေးပါ။ ရေနဲ့ဆေးပေးပါ။ တစ်ပတ်ကို (၂)ကြိမ်လုပ်ပေးပါ။

 

ဂျင်းနဲ့ ကြက်သွန်နီ

ပါဝင်ပစ္စည်းများ – ဂျင်းကြိတ်ပြီးသား (စားပွဲတင်ဇွန်း ၂ ဇွန်း) ၊ ကြက်သွန်နီ (၁လုံး) ။ ကြက်သွန်နီနဲ့ ဂျင်း ကြိတ်ပြီးရင် အဝတ်စထဲထည့်ပြီး အရည်ကို ညှစ်ထုတ်ပေးပါ။ ရလာတဲ့အရည်ကို ဦးရေပြားပေါ် လိမ်းပေးပါ။ မိနစ် (၂ဝ) နေရင် ခေါင်းလျှော်ပေးပါ။ တစ်ပတ်ကို (၃)ကြိမ်လုပ်ပေးပါ။

 

Source: Hannwe Soe

Read times
Rate this item
(0 votes)