What's New
×
Warning
JUser: :_load: Unable to load user with ID: 62
Thursday, 22 February 2018 13:02
သင့်ကျန်းမာရေးအတွက် ဒါတွေသိပြီးပြီလား???
သင့်ကျန်းမာရေးအတွက် ဒါတွေသိပြီးပြီလား??? google.com
Source: ပြည်မြန်မာ
Unicode
ဂွမ်းတံနဲ့ နားကျပ်ခြင်း ရှောင်ပါ။
ဂွမ်းတံနဲ့ နားကျပ်တာက ချေးတွေကို အတွင်းရောက်အောင် တွန်းထုတ်လိုက်သလိုဖြစ်သွားနိုင်ပါတယ်။
နားစည် (သို့မဟုတ်) နားထဲက အရိုးနုလေးတွေတောင် ပျက်စီးတဲ့အထိ ဆိုးရွားနိုင်ပါတယ်။ နားထဲက နားဖာချေးများကို ခန္ဓာကိုယ်က သူ့အလိုလိုသန့်စင်နိုင်ပါတယ်။ ( တစ်ဖက်စောင်းအိပ်လိုက်ရင် သူ့အလိုလို ပျော့ပြီး အပြင်ကို ထွက်သွားတာပါ။) ဒါပေမဲ့ နားထဲမှာ နားဖာချေးတွေပြည့်နေလို့ နားအူနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသသင့်ပါတယ်။
တိုက်ဖွိုက်ရောဂါကို ကာကွယ်လို့ရနိုင်ပါသလား။
ကာကွယ်ဆေး ရှိတယ်ဆိုပေမဲ့ (၁)ကျယ်ကျယ်ပြန့်ပြန့်မသုံးစွဲနိုင်ခြင်း၊ (၂) ကာကွယ်ဆေးတွေဟာ ကျွန်တော်တို့ နိုင်ငံမှာဖြစ်တဲ့ တိုက်ဖွိုက်ရောဂါပိုးတွေ အတွက် အာနိသင်ရှိ၊ မရှိမသေချာခြင်းတွေ ရှိနိုင်တာ ကြောင့် မိမိကိုယ်တိုင် တစ်ကိုယ်ရေသန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ အစားအသောက်သန့်ရှင်းရေး တို့ဖြင့် ကြိုတင်ကာကွယ်ထားကြပါ။
ကလေးငယ်တွေ အဝလွန်ရောဂါမဖြစ်အောင် ရှောင်ကြဉ်သင့်တာတွေ
ကလေးငယ်တွေ အဝလွန်ရောဂါမဖြစ်အောင် အသင့်စားအစားအစာများ ရှောင်ပါ။ အသင့်သောက်အချိုရည်တွေ ရှောင်ပါ။ ထမင်းအများကြီးကျွေးတတ်တဲ့ အကျင့်၊ စားတတ်တဲ့ အကျင့်၊ ကိုရှောင်ပါ။ အသားများများစားပါ။ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို စားပေးပါ။ အရွက်ကြော်တွေ စားတတ်တဲ့ အကျင့်လေးကို လုပ်ပေးပါဗျာ။
နေရောက်ခြည်ရဲ့ ဆိုးကျိုးနဲ့ ကောင်းကျိုး
နေရောင်ခြည်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်က အရေပြားကင်ဆာဖြစ်စေပါတယ်။နေရောက်ခြည်အောက်မှာ အချိန်ကြာကြာအလုပ်လုပ်တာ ၊ နေပူဆာလှုံတာ မျိုးတွေဟာ အရေပြားကို နေလောင်စေနိုင်ပါတယ်။
ဒါပေမဲ့ နေရောင်ခြည်နဲ့ လုံးဝမထိတွေ့တာမျိုးတော့ မနေသင့်ပါဘူး၊နေရောင်ခြည်မှ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော ဗီတာမင်ဒီ ပမာဏကို ထိန်းညှိုပေးပါတယ်။ ဗီတာမင်ဒီက နှလုံးရောဂါအတွက်လည်း ကာကွယ်ပေးနိုင်ပါတယ်။
Source: ပြည်မြန်မာ
Read times Last modified on Thursday, 22 February 2018 13:23
Rate this item
(0 votes)