What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 27 February 2018 11:06

အဆိပ္သင့္ဓာတုပစၥည္းမ်ားပါဝင္ေနသည့္ အလွကုန္ (၄) မ်ိဳး

အဆိပ္သင့္ဓာတုပစၥည္းမ်ားပါဝင္ေနသည့္ အလွကုန္ (၄) မ်ိဳး FDA

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနသည္ အရည္အေသြးစစ္မွန္ေကာင္းမြန္ၿပီး၊ ေဘးဥပါဒ္အႏၲရာယ္ ကင္းရွင္းကာ အက်ိဳးအာနိသင္ရွိေသာ အလွကုန္မ်ားကို

အမ်ားျပည္သူတို႕ သံုးစြဲနိုင္ရန္ စနစ္တက်စီစစ္ ကြပ္ကဲၾကပ္မတ္လ်က္ရွိရာ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန (FDA) အေနျဖင့္ ေစ်းကြက္ အတြင္းစီစစ္ခဲ့ရာ မွတ္ပံုတင္ထားျခင္း မရွိသည့္အျပင္ က်န္းမာေရးအတြက္ ေဘးအႏၲရာယ္ျဖစ္ေစနုိင္ေသာ အဆိပ္သင့္တားျမစ္ဓာတုပစၥည္း မ်ားပါဝင္ေနေသာ အလွကုန္ပစၥည္း (၄) မ်ိဳးစစ္ေဆး ေတြ႕ရွိရပါတယ္။

23826337 1641488622540715 7438992148628029864 o

အဆိပ္သင့္ဓာတုပစၥည္းမ်ားသည္ အေရျပားယားယံျခင္း၊ ေရာင္ရမ္းျခင္း၊ အျဖဴအနီကြက္မ်ားျဖစ္ ျခင္း၊ အေရျပားမွတဆင့္ ခႏၶာကိုယ္အတြင္းသို႕ စုပ္ယူ၍ ထံုက်င္ျခင္း၊ ၾကြက္သားတုန္ရိျခင္း၊ ပင္ပန္းႏြမ္းနယ္ ျခင္း၊ ေခါင္းကိုက္ျခင္းႏွင့္ စိတ္က်ေရာဂါမ်ား အျပင္ ေရရွည္သံုးစြဲပါက ေက်ာက္ကပ္ပ်က္စီး လာနုိင္ျခင္း၊ အျခား ေျမာက္မ်ားစြာေသာ ေရာဂါမ်ားျဖစ္ပြားနုိင္ပါတယ္။

အလွကုန္ပစၥည္း တင္သြင္း ျဖန္႔ျဖဴးေရာင္းခ်သည့္ ကုမၸဏီႏွင့္ လက္လီလက္ကား ဆိုင္မ်ားသည္ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရး ဦးစီးဌာနတြင္ မွတ္တမ္းတင္ထားျခင္းမရွိေသာ ေဆးဝါးမ်ားကို တင္သြင္းျဖန္႕ျဖဴးေရာင္းခ်ျခင္းမျပဳရန္ႏွင့္ လိုက္နာျခင္းမရွိပါက သက္ဆိုင္ရာအာဏာပိုင္အဖြဲ႕အစည္းက ျပည့္သူ႕က်န္းမာေရး ဥပေဒပုဒ္မ ၃၊ အပိုဒ္ (၃) (ဃ) အရ အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

Source: FDA

 

Unicode

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး၊ ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းကာ အကျိုးအာနိသင်ရှိသော အလှကုန်များကို

အများပြည်သူတို့ သုံးစွဲနိုင်ရန် စနစ်တကျစီစစ် ကွပ်ကဲကြပ်မတ်လျက်ရှိရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) အနေဖြင့် စျေးကွက် အတွင်းစီစစ်ခဲ့ရာ မှတ်ပုံတင်ထားခြင်း မရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော အဆိပ်သင့်တားမြစ်ဓာတုပစ္စည်း များပါဝင်နေသော အလှကုန်ပစ္စည်း (၄) မျိုးစစ်ဆေး တွေ့ရှိရပါတယ်။

23826337 1641488622540715 7438992148628029864 o
အဆိပ်သင့်ဓာတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ် ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ရိခြင်း၊ ပင်ပန်းနွမ်းနယ် ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများ အပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီး လာနိုင်ခြင်း၊ အခြား မြောက်များစွာသော ရောဂါများဖြစ်ပွားနိုင်ပါတယ်။
အလှကုန်ပစ္စည်း တင်သွင်း ဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီနှင့် လက်လီလက်ကား ဆိုင်များသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိသော ဆေးဝါးများကို တင်သွင်းဖြန့်ဖြူးရောင်းချခြင်းမပြုရန်နှင့် လိုက်နာခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြည့်သူ့ကျန်းမာရေး ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃) (ဃ) အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရပါတယ်။
Source: FDA

Read times Last modified on Tuesday, 27 February 2018 11:41
Rate this item
(1 Vote)