What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 25 June 2020 13:04

ရန်ကုန် တိုင်းဒေသကြီး မြို့နယ်လေးမြို့နယ်တွင် ပုညှက်နှုန်း ၂၉ ရာခိုင်နှုန်းနှင့်အထက် ရှိနေ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာန သည်

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းနှင့် ၂၀၁၅/၂၀၁၆ မြန်မာ နိုင်ငံ လူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်း (MDHS) တို့မှ အချက် အလက်များကို အခြေခံ၍ “မြန်မာနိုင်ငံ၏ အာဟာရအခြေအနေလေ့လာမှု အစီရင်ခံစာ” ကို ၁၅-၆-၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်လိုက်ပါသည်။ ဤအစီရင်ခံစာ၏ရည်ရွယ်ချက်မှာ သေးငယ်သော ဧရိယာခန့်မှန်းချက် (Small area estimation techniques) နည်းစနစ်များကို အသုံးပြု၍ မြန်မာနိုင်ငံရှိ အသက် ၅ နှစ်အောက် ကလေးများကြား အာဟာရမမျှတမှုဖြစ်ပွားနှုန်းကို မြို့နယ် အဆင့် ခန့်မှန်းတန်ဖိုးများ ရရှိရန် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (MSDP) သည် နိုင်ငံဖွံ့ဖြိုး တိုးတက်မှုပန်းတိုင်များ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် အရည်အသွေး ပြည့်ဝ သော အစားအစာနှင့် အာဟာရ တိုးမြှင့်ရရှိနိုင်ရေး လိုအပ်ချက်များအပေါ် အလေးပေးဖော်ပြ ထားပါသည်။ 

အဆိုပါရည်မှန်းချက်ပန်းတိုင်ကို ပြည့်မီစေရေးအတွက် အဓိကမဟာဗျူဟာ တစ်ခုအနေဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့် ကလေးများအားလုံးအတွက် ငွေကြေး ထောက်ပံ့ပေးခြင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် MSDP မှထပ်မံအကြံပြု ထားပါ သည်။ ယင်းမဟာဗျူဟာများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပြုပြင်ပြောင်းလဲမှု များနှင့် လုပ်ငန်းစဉ်များ၏ ဒီဇိုင်း၊ အကောင်ထည်ဖော်ဆောင်ရွက်နိုင်မှုနှင့် စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများအား သတင်းပေးနိုင်ရန် အရည်အသွေးပြည့်ဝသော စာရင်းအင်း အချက်အလက်များ လိုအပ်ပါသည်။ သို့ဖြစ်၍ ကလေးများ ပိန်လှီခြင်း (သို့မဟုတ်) ကိုယ် အလေးချိန်မပြည့်ခြင်းနှင့်အတူ အာဟာရချို့တဲ့မှု မြင့်မားနေသည့် နေရာဒေသများ၏ သတင်း အချက်အလက်များကို သေးငယ်သောဧရိယာအဆင့်အထိ ရရှိရန်လည်း အရေးကြီးပါသည်။ အာဟာရချို့တဲ့ခြင်းသည် ကာလတိုတွင် အနှုတ်လက္ခဏာဆောင်သည့် အကျိုးဆက်များ ဖြစ်ပေါ်စေခြင်း၊ ရှေးဦးသူငယ်ဖွံ့ဖြိုးတိုးတက်မှုနှင့် သင်ယူလေ့လာမှုရလဒ်များကို အဟန့်အတား ဖြစ်စေခြင်းစသည်တို့ကို ဖြစ်ပေါ်စေပြီး ကာလရှည်တွင် ကုန်ထုတ်စွမ်းအားလျော့ကျနိုင်သည့် အကျိုးသက်ရောက်မှုများလည်း ဖြစ်စေပါသည်။

ဤအစီရင်ခံစာတွင် မြို့နယ်အဆင့် အာဟာရရလဒ်များအတွက် ခိုင်မာတိကျသော ခန့်မှန်းတန်ဖိုး များကို တင်ပြပေးထားပါသည်။ ထို့ကြောင့် မည်သည့်မြို့နယ်သည် အခြားမြို့နယ်များထက် အထောက်အပံ့များ ပို၍လိုအပ်နေကြောင်း ဆုံးဖြတ်သတ်မှတ်နိုင်ပါသည်။ 

တူညီသော တိုင်းဒေသကြီး/ပြည်နယ်များအတွင်းရှိ မြို့နယ်များအကြား၌ပင် ကလေးငယ်များ၏ အာဟာရ ချို့တဲ့မှုအခြေအနေ များစွာကွာခြားမှုရှိကြောင်း အစီရင်ခံစာပါ တွေ့ရှိချက်များက ညွှန်ပြနေ ပါသည်။ ဥပမာ ရန်ကုန်တိုင်းဒေသကြီးသည် အခြားဒေသများနှင့် နှိုင်းစာလျှင် ပို၍ချမ်းသာ ကြွယ်ဝပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးများ၏ ပုညှက်နှုန်းသည် (၂၀.၃) ရာခိုင်နှုန်း ဖြစ်ပါသည်။ သို့သော် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် (၄) မြို့နယ်တွင် ပုညှက်နှုန်းသည် တစ်နိုင်ငံလုံး ပျမ်းမျှနှုန်းဖြစ်သည့် ၂၉ ရာခိုင်နှုန်းနှင့် အထက် ရှိနေသည်ကို တွေ့ရပါသည်။ အခြားတစ်ဖက်တွင် ပုညှက်နှုန်း အနည်းဆုံးဖြစ်သည့် မြို့နယ်များကိုလည်း ရန်ကုန်တိုင်း ဒေသကြီးအတွင်း၌ တွေ့ရှိရပါသည်။

ထိုကဲ့သို့သော နေရာဒေသကိုလိုက်၍ ကွာခြားမှုများသည် ပြည်နယ်/တိုင်းဒေသကြီးများအားလုံး တွင် ရှိနေသောကြောင့် အာဟာရမမျှတခြင်းကို ထိရောက်စွာတိုက်ဖျက်နိုင်ရေးအတွက် အစီအစဉ်များကို ဒီဇိုင်းရေးဆွဲရာတွင် သေးငယ်သောဧရိယာ ခန့်မှန်းချက်များအပေါ်တွင် အခြေခံ၍ ရေးဆွဲရန် အရေးကြီးကြောင်း အကြံပြုထားပါသည်။

ဤအစီရင်ခံ၏ အရေးအကြီးဆုံး အထောက်အကူပြုနိုင်ခဲ့မှုမှာ နိုင်ငံတွင်းရှိ နေရာဒေသအမျိုးမျိုးမှ အာဟာရမမျှတမှု အခြေအနေကို ခရိုင်နှင့် မြို့နယ်အဆင့်များအထိ လေ့လာတင်ပြပေးနိုင်ခဲ့ခြင်း ဖြစ်ပါသည်။နည်းစနစ်နှစ်ခုစလုံး၁သည် တူညီသည့် ပျမ်းမျှကိန်းဂဏန်းများကို တွက်ထုတ်ပေးနိုင်ကြပြီး တိကျမှုအပိုင်းတွင်သာ ကွာခြားမှုရှိသဖြင့် ဤအစီရင်ခံစာအတွက် မယုတ်မလွန် ခန့်မှန်းချက်များ (conservative estimates)နည်းပါးသော Fujii’s method ဖြင့် တွက်ချက်ရရှိသည့် ရလဒ်များကို အသုံးပြုခဲ့ပါသည်။ ပုံ ES 1 တွင် မြန်မာနိုင်ငံရှိ ပုညှက်ခြင်းနှင့် ကိုယ်အလေးချိန်မပြည့်မီခြင်းအတွက် အာဟာရမြေပုံများကို တွေ့ရမည်ဖြစ်ပြီးပုညှက်ခြင်းသည် နိုင်ငံ၏ အရှေ့မြောက်ပိုင်းဒေသတွင် ပိုများနေပြီး ကိုယ်အလေးချိန်မပြည့်မီခြင်းကို အနောက်ဘက်ကမ်းရိုးတန်းဒေသများတွင် ပိုတွေ့ရကြောင်း ထိုမြေပုံများက အထင်အရှား ပြသနေပါသည်။

ကလေးများ၏ အာဟာရအခြေအနေသည် ပြည်နယ် သို့မဟုတ် တိုင်းဒေသကြီးတစ်ခုတည်း အတွင်းရှိမြို့နယ်များကြားမှာပင် များစွာ ကွာခြားမှု ရှိနေပါသည်။

ဥပမာ ပို၍ ချမ်းသာကြွယ်ဝသော တိုင်းဒေသကြီး/ပြည်နယ်များအတွင်းတွင်ပင် အာဟာရရလဒ်များ နိမ့်ကျနေသည့် မြို့နယ်များ ရှိနေပါသည်။ တူညီသောတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ မြို့နယ်များအကြား ကွာခြားမှုကို ပုံ ES 2 တွင် ပြသထားပါသည်။ ဥပမာ ရန်ကုန်တိုင်းဒေသကြီးသည် အခြားဒေသများနှင့် နှိုင်းစာလျှင် ပို၍ ချမ်းသာကြွယ်ဝပြီး တိုင်းဒေသကြီးအတွင်းရှိ ကလေးများ၏ ပုညှက်နှုန်းသည် ၂၀ . ၃ ရာခိုင်နှုန်း ဖြစ်ပါသည်။

သို့သော် ရန်ကုန် တိုင်းဒေသကြီးရှိ မြို့နယ်လေးမြို့နယ်တွင် ပုညှက်နှုန်းသည် တစ်နိုင်ငံလုံး ပျမ်းမျှနှုန်းဖြစ်သည့်  ၂၉ ရာခိုင်နှုန်းနှင့် တူညီ သို့မဟုတ် ပို၍ မြင့်မားနေပါသည်။ ၎င်းတို့မှာ မှော်ဘီ၊ ထန်းတပင်၊ တိုက်ကြီးနှင့် သုံးခွတို့ဖြစ်ပြီး ပုညှက်နှုန်းမှာ  ၂၉ နှင့် ၃၁ ရာခိုင်နှုန်း ကြားတွင် ရှိပါသည်။

အခြားတစ်ဖက်တွင်ရန်ကုန်မြို့တော်ကြီးအတွင်းရှိ မြို့နယ်အချို့၌ ပုညှက်နှုန်းအလွန်နည်းသည်ကို တွေ့ရပါသည်။

ဥပမာဆိပ်ကမ်းနှင့် ဒဂုံမြို့နယ်များရှိ ပုညှက်နှုန်း (၅%) သည် တစ်နိုင်ငံလုံးတွင် အနည်းဆုံးဖြစ်ပါသည်။

ထိုကဲ့သို့သောနေရာဒေသကိုလိုက်၍ ကွာခြားမှုများသည် ပြည်နယ်/တိုင်းဒေသကြီးများအားလုံးတွင် ရှိနေသောကြောင့်အာဟာရ မမျှတခြင်းကို ထိရောက်စွာ တိုက်ဖျက်နိုင်ရေးအတွက် အစီအစဉ်များကို ဒီဇိုင်းရေးဆွဲရာတွင် သေးငယ်သောဧရိယာ ခန့်မှန်းချက်များအပေါ်တွင် အခြေခံ၍ ရေးဆွဲရန် အရေးကြီးပါသည်။

မှတ်ချက် - ရခိုင်ပြည်နယ်မြောက်ဘက်ပိုင်းရှိ မြို့နယ်သုံးမြို့နယ် (မောင်းတော၊ ဘူးသီးတောင်၊ ရသေ့ တောင်) အတွက် ၂၀၁၄ သန်းခေါင်စာရင်းမှ အချက်အလက်များ ရရှိနိုင်မှု အကန့်အသတ်ရှိခြင်းကြောင့်

သေးငယ်သော ဧရိယာခန့်မှန်းချက် (SAE) ကို အသုံးပြု၍ အာဟာရရလဒ်များကို ခန့်မှန်းတွက်ချက်နိုင်ခြင်း မရှိခဲ့ပါ။ ဤအစီရင်ခံစာရှိ မြေပုံတိုင်းတွင် ထိုမြို့နယ်များကို မီးခိုးရောင်ခြယ်ထားပါသည

မြန်မာနိုင်ငံ၏ အာဟာရအခြေအနေ လေ့လာမှုအစီရင်ခံစာ 

အသေးစိတ်မူရင်း ရယူရန် 

အောက်ဖော်ပြပါပုံကို ထိပါ

 

ဘာကြောင့် ပုညှက်ရတာလဲ

ဗီဒီယို ကြည့်ရန် ပုံကို ထိပါ

 

 

 

 

 

Read times
Rate this item
(0 votes)