What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 05 September 2018 10:39

ဘီပီအိုင်စက်ရုံထုတ် အကိုက်အခဲပျောက်ဆေးဝါးများကို အယ်လ်ဂျီးရီးယားသို့ တင်ပို့မည်

ဘီပီအိုင်စက်ရုံထုတ် မူးယစ်အနွယ်ဝင် အကိုက်အခဲ ပျောက်ဆေးဝါးများကို အယ်လ်ဂျီးရီးယားနိုင်ငံသို့ တင်ပို့နိုင်ရန် ချိတ်ဆက်နေကြောင်း ဘီပီအိုင် ဆေးဝါးစက်ရုံမှူး (အင်းစိန်) ဒေါက်တာအောင်ဇော်က ပြော ကြားသည်။

‘‘တင်ပို့ဖို့ ဆွေးနွေးနေပါ တယ်။ မနှစ်ကဆိုလည်း တင်ပို့ဖို့ အတွက်ကို မှတ်ပုံတင်တွေ ဘာ တွေလုပ်ပြီး စတင်ဆောင်ရွက်နေ တာဖြစ်ပါတယ်။ ခန့်မှန်းခြေက အနည်းဆုံး တစ်နှစ်၊ တစ်နှစ်ခွဲ လောက်ရှိမယ်ထင်တယ်။ ဘာ ကြောင့်လဲဆိုတော့ ဆေးဝါးတစ်ခု က ကျွန်တော်တို့ နိုင်ငံမှာတော့ မှတ်ပုံတင်ထားပြီးသား ဖြစ်ပေ မယ့် သူများနိုင်ငံအတွက် မှတ်ပုံ တင်အသစ် ပြန်လုပ်ရမှာ ဖြစ် တယ်။ သူတို့မှာလည်း ဒီဆေးဝါး အရည်အသွေးနဲ့ ပတ်သက်ပြီး ဆန်းစစ်ဦးမယ်။ အဲဒီအတွက် မှတ်ပုံတင်ခြင်း လုပ်ငန်းစဉ်တွေ ပြီးမှသာလျှင် သူတို့နိုင်ငံကို ဖြန့် ဖြူးရောင်းချခွင့်ရှိတာ ဖြစ်ပါ တယ်’’ဟု ၎င်းကပြောသည်။

တင်ပို့မည့် ဆေးဝါးများသည် ကင်ဆာရောဂါဝေဒနာရှင်များအတွက် အသုံးပြုသော မူးယစ်အနွယ်ဝင် အကိုက်အခဲ ပျောက်ဆေးများဖြစ်သည့် Mor-phin Tablet, Tramadol Cap-sule များ ဖြစ်သည်။

‘‘ပြည်ထဲရေးဝန်ကြီးဌာနက နေပြီးတော့ ဘိန်းတွေ တရားမဝင် ဖမ်းမိတဲ့ဥစ္စာရှိတယ်။ ကျွန်တော် တို့က နိုင်ငံပိုင်စက်ရုံဖြစ်တဲ့အ တွက် ပြည်ထဲရေးဝန်ကြီးဌာနက နေ လွှဲပေးတာဖြစ်ပါတယ်။ ကုန် ကြမ်းပစ္စည်းက အလကားနီးနီးရ တာပေါ့။ ဘိန်းကနေပဲ မော်ဖင်း တို့ ထုတ်တာဖြစ်တဲ့အတွက် ကျွန် တော်တို့ရဲ့ ထုတ်တဲ့ဈေးက ပိုပြီး သက်သာပါတယ်။ အဲဒါကြောင့် တင်ပို့ရောင်းချမှာ ဖြစ်ပါတယ်’’ ဟု ၎င်းကဆက်လက်ပြောသည်။

အလားတူ ဘီပီအိုင်ဆေးဝါး စက်ရုံထုတ် မြန်မာ့မြွေဆိပ်ဖြေ ဆေးကို ပထမဦးဆုံးအကြိမ်အ ဖြစ် ၂၀၁၇-၁၈ ဘဏ္ဍာနှစ်က စတင်၍ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံသို့ တင်ပို့ရောင်းချခဲ့သည်။

အင်းစိန်မြို့နယ် ဘီပီအိုင် ဆေးဝါးစက်ရုံကို ၁၉၅၇ တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဆေးပြား၊ ဆေးတောင့်အမျိုးမျိုး၊ ဆေးဆီ၊ ဆေး ရည်အမျိုးမျိုး၊ ထိုးဆေးနှင့် သွေး ကြောသွင်းဆေးရည် အမျိုးမျိုးအပြင် မြွေဆိပ်ဖြေဆေး စသည့် ထုတ်ကုန်အမျိုးပေါင်း ၂၀၀ ကျော်ထုတ်လုပ်နေသည်။

source:7daydaily

Read:ခံတွင်းနံ့ဆိုးခြင်းကို ကာကွယ်နိုင်မည့် သဘာဝနည်းလမ်း(၁၀)ခု

ခံတွင်းနံ့ဆိုးခြင်းကို ကာကွယ်နိုင်မည့် သဘာဝနည်းလမ်း(၁၀)ခု

Read times Last modified on Wednesday, 05 September 2018 10:49
Rate this item
(1 Vote)