What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 21 September 2017 10:43

နို့တိုက်မိခင်များအတွက် နို့ရည်အထွက်များစေသည့် အစားအစာများ

နို့တိုက်မိခင်များအတွက် နို့ရည်အထွက်များစေသည့် အစားအစာများ google.com

၁. အုတ်ဂျုံများ (Oatmeal)

အုတ်ဂျုံများသည် အောက်စီတိုစင်ဟော်မုန်းထွက်လာအောင် အားပေးသည်။ ထိုဟော်မုန်းသည် ကလေးမွေးသည့်ဖြစ်စဉ်တွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သလို မိခင်နှင့် ကလေးကြား ချစ်ခင်ရင်းနှီးမှုကိုလည်း တိုးအောင်လုပ်ပေးသည့် ဟော်မုန်းတစ်မျိုးဖြစ်သည်။ နို့ရည်ထုတ်လုပ်မှုကိုလည်း များစေပါသည်။

အုတ်ဂျုံပူပူနွေးနွေးတစ်ခွက်ဟာ မိခင်များအတွက် ကလေးမွေးပြီး ဖြစ်တတ်သည့် သံဓာတ်လျော့နည်းခြင်းကြောင့် ဖြစ်သည့် သွေးအားနည်းခြင်း သက်သာစေသလို၊ စိတ်ဖိစီးမှုများနှင့် စိတ်ဓာတ်ကျခြင်းများကို လျော့နည်းစေပါတယ်။

၂. အယ်မွန်စေ့ (Almonds)

အယ်မွန်စေံနှင့် အခြားအခွံမာသီးများတွင် မိခင်ရောကလေးအတွက်ပါ လိုအပ်သည့် အသားဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင်၊ သတ္ထူဓာတ်နှင့် ရောဂါကာကွယ်စေသော ဓာတ်များစွာ ပါဝင်ပါတယ်။ နို့တိုက်မိခင်များအတွက် ပိုလိုအပ်သည့် ကယ်စီယမ်ဓာတ်ကြွယ်ဝစွာ ပါဝင်ပါသည်။ နို့ထဲတွင် အယ်မွန်စေ့ကို သားရေစာအဖြစ် စားသင့်ပါတယ်။

၃. အုန်းဆီ (coconut oil)

အုန်းဆီတွင် အိုမီဂါ ၃ ဖက်တီးအက်ဆစ်များစွာ ပါဝင်ပါတယ်။ ထိုဖက်တီးအက်ဆစ်သည် နို့ရည်ထွက်ခြင်းကို အားပေးသည့် ဟော်မုန်းများ ထုတ်လုပ်မှုကို အားပေးပါတယ်။ အရွက်သုတ်ထဲတွင် အုန်းဆီ လက်ဖက်ရည်ဇွန်း ၁-၃- ဇွန်း ထည့်၍ စားနိုင်ပါသည်။

READ - ကလေးတွေအတွက် လိုအပ်တဲ့ဗီတာမင်များ

၎. လိမ္မော်သီး

ဗီတာမင်စီ ကြွယ်ဝစွာ ပါဝင်သည့် လိမ္မော်သီးသည် အမေရော၊ ကလေးအတွက်ပါ ကိုယ်ခံအားကို ကောင်းစေသလို နို့ရည်အထွက်လည်း ကောင်းစေပါတယ်။ နို့တိုက်မိခင်များသည် လိမ္မော်သီး ဖျော်ရည် တစ်နေ့ ၂ ခွက် နေ့စဉ် သောက်သင့်ပါတယ်။

၅. ပဲနံ့သာပင်

ပဲနံ့သာပင်၏ အစေ့နှင့် အရွက်နှစ်မျိုးလုံးသည် နို့ရည်အထွက်ကောင်းစေပါတယ်။ သံဓာတ်၊ အမျှင်ဓာတ်၊ ကယ်စီယမ်နှင့် အခြားဗီတာမင်နှင့် သတ္တူဓာတ်များစွာ ပါဝင်ပါတယ်။ ပဲနံ့သာအမှုန့်ကို ဆန်ပြုတ်တွင် ဖြူး၍ စားနိုင်သလို အရွက်ကို သုတ်စားနိုင်ပါတယ်။

၆. ဥအမျိုးမျိုး

ဥများတွင် အသားဓာတ်၊ ဗီတာမင် B2၊ B12၊ ဗီတာမင် ဒီ၊ ဖောလစ်အက်စစ်နှင့် ကိုလင်းဓာတ်များစွာ ပါဝင်ပါသည်။ ဥများတွင် ပါဝင်သည့် ပရိုတင်းဓာတ်တွင် မရှိမဖြစ် လိုအပ်သည့် အမိုင်နိုအက်ဆစ် ၈ မျိုး ပြည့်စုံစွာ ပါဝင်ပါတယ်။ နေ့စဉ်စားနေသည့် အစားအသောက်ထဲတွင် ဥအမျိုးမျိုးနှင့် ပြင်ဆင်ချက်ပြုတ်ထားသည့် အမယ် ၂ မျိုးပါဝင်သင့်ပါတယ်။

၇. ဆယ်လ်မွန်ငါး

ဆယ်လ်မွန်ငါးတွင် အသားဓာတ်နှင့် အိုမီဂါ ၃ ဖက်တီးအက်ဆစ်များ ပေါများစွာ ပါဝင်ပါတယ်။ ထိုဖက်တီးအက်ဆစ်သည် ကလေးအာရုံကြောစနစ်ဖွံ့ဖြိုးမှုအတွက် အရေးပါပါသည်။

၈. မုန်လာဥနီ

ကိုယ်ဝန်ဆောင်နှင့် နို့တိုက်စဉ်ကာလတွေမှာ ဗီတာမင်အေ ကြွယ်ဝသည့် မုန်လာဥနီကို စားသင့်ပါတယ်။ ဗီတာမင်အေသည် သန္ဓေသားနှင့် မွေးကင်းစများ၏ အဆုတ်ဖွံ့ဖြိုးမှုအတွက် အရေးပါပါတယ်။ မုန်လာဥနီတွင် ပါဝင်သည့် အယ်လ်ဖာနှင့် ဘီတာကယ်ရိုတင်းဓာတ်သည် ရင်သားတစ်သျူးများကို ကျန်းမာစေပြီး နို့ရည်အထွက် ကောင်းစေပါတယ်။

၉. ဒေါက်ခွရွက်

ဒေါက်ခွရွက်နှင့် အခြားအစိမ်းရောင်ရှိသော အသီးအရွက်များတွင် ဗီတာမင် အေ၊ ကယ်စီယမ်နှင့် အခြားရောဂါကာကွယ်ပေးသော ဓာတ်များစွာ ပါဝင်ပါသည်။

၁၀. ဆန်လုံးညို

နို့ရည်အထွက်များစေသည့် နောက်အစားအစာတစ်ခုမှာ ဆန်လုံးညိုဖြစ်ပါတယ်။ ဆန်လုံးညိုတွင် ဖြူအောင် ဖွပ်ထားသည့် ဆန်များထက် အမျှင်ဓာတ်နှင့် အာဟာရဓာတ်များ ပိုမိုပါဝင်ပါတယ်။

READ - ကလေးနေမကောင်းတဲ့အခါ အစာကျွေးရမှာလား အစာဖြတ်ရမှာလား

Source: health care

Read times Last modified on Thursday, 21 September 2017 10:56
Rate this item
(0 votes)