What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 24 April 2018 13:11

ကျပ်သိန်း ၁,၅၀၀ ကျော် လာဘ်စားမှုဖြင့် FDA ညွှန်ကြားရေးမှူးချုပ်ကို ဖမ်းဆီး

ကျပ်သိန်း ၁,၅၀၀ ကျော် လာဘ်စားမှုဖြင့် FDA ညွှန်ကြားရေးမှူးချုပ်ကို ဖမ်းဆီး google.com

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်အား လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုပြီး တင်ဒါအောင်ကုမ္ပဏီများထံမှ ကျပ်သိန်း ၁,၅၀၀ ကျော်တန်ဖိုး တောင်းခံခဲ့ကြောင်း

စစ်ဆေးပေါ်ပေါက်မှုဖြင့် ဇမ္ဗူသီရိမြို့နယ် ရဲစခန်းတွင် ဧပြီ ၂၀ ရက်က အမှုဖွင့် ဖမ်းဆီးထားသည်။

အဆိုပါ အရေးယူမှုသည် သမ္မတသစ် ဦးဝင်းမြင့် တာဝန်ယူ ပြီး ရက် ၂၀ ကျော်အတွင်း အဂ တိလိုက်စားမှုနှင့် ပတ်သက်၍ ပထမဆုံး အရေးယူမှုဖြစ်သလို သမ္မတ၏ နှစ်သစ်ကူးမိန့်ခွန်းတွင် အဂတိလိုက်စားမှုများ ထိထိ ရောက်ရောက် အရေးယူမည်ဟု ပြောကြားပြီးနောက် ညွှန်ကြား ရေးမှူးချုပ်အဆင့်ရှိသူ တစ်ဦးကို ဖမ်းဆီးအရေးယူခြင်း ဖြစ်သည်။

ထို့အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သစ်ကို ပြီးခဲ့သည့်နှစ်ကုန်က ပြန်လည်ဖွဲ့စည်းပြီးနောက် ယခင် ပြန်ကြားရေး ဝန်ကြီးဟောင်း ဦးအောင်ကြည် သည် ကော်မရှင်ဥက္ကဋ္ဌ ဖြစ်လာကာ ကော်မရှင်သစ်လက်ထက် ရာထူးအမြင့်ဆုံး အစိုးရအရာ ထမ်းတစ်ဦးကို အရေးယူခြင်းဖြစ် သည်။

ဖြစ်စဉ်မှာ FDA ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသန်းထွဋ် သည် ၂၀၁၇ အတွင်း ၎င်းပိုင် နေပြည်တော် ရွှေကြာပင်ရပ်ကွက်နှင့် ပုဗ္ဗသီရိမြို့နယ် ရွာသစ်ကျေးရွာအုပ်စု အနောက်ဘက်ရှိ မြေကွက်များပေါ်တွင် နေအိမ်အတွက် လိုအပ်သည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ နေအိမ်အတွင်း အသုံးအဆောင် ပစ္စည်းများ၊ ၎င်းပိုင် အခြားမြေကွက်တွင် ခြံစည်းရိုးကာရံခြင်း၊ တစ်ထပ်တိုက် နေအိမ်တစ်လုံး၊ ကားဂိုဒေါင်ပါ နှစ်ထပ်အိမ်တစ် လုံး၊ ဂိတ်တဲတစ်လုံး၊ ရေကူးကန် တစ်ခုနှင့် ရေပန်းတစ်ခုတို့ အပါ အဝင် စုစုပေါင်းတန်ဖိုး ကျပ်သိန်း ၁,၅၀၀ ကျော်ကို အဆောက်အအုံ ဆောက်လုပ်ရန် တင်ဒါအောင် ကုမ္ပဏီထံမှ တောင်းခံရယူခြင်း စစ်ဆေး ပေါ်ပေါက်ခဲ့ကြောင်း ကော်မရှင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Image result for FDA အဂတိ

ဒေါက်တာသန်းထွဋ်၏ နေအိမ်များ ဆောက်လုပ်ပေးခဲ့သော ကုမ္ပဏီသည် နေပြည်တော် FDA ဓာတ်ခွဲခန်း အဆောက်အအုံနှစ်လုံးနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ခရိုင်ရုံး ၁၂ ခု ဆောက်လုပ်ရန် တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီဖြစ်သည်။

‘‘အရင်တုန်းက ဒါမျိုး ဒီ လောက် ကြီးကြီးကျယ်ကျယ်လုပ်ခဲ့တာမှ မရှိတာ။ အခုလိုလုပ်တာကတော့ အဂတိတိုက်ဖျက်မှုအတွက် ကောင်းမွန်တဲ့ ခြေလှမ်းတစ်ခုပါပဲ။ တခြားဝန်ထမ်းတွေ လည်း သတိထားလာနိုင်တယ်။ ဒါမျိုးတွေ လုပ်မရတော့ဘူးဆိုတာ ကို’’ဟု ဝန်ကြီးဌာနတစ်ခုတွင် တာဝန် ထမ်းဆောင်နေသည့် အရာရှိတစ်ဦးက ပြောသည်။

အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်ရုံးမှ စစ်ဆေးရေးမှူး ဦးသန်းဇော်ဝင်းက တရားလိုပြုလုပ်ကာ ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် ဇမ္ဗူသီရိမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန လက်အောက်ရှိ စီမံ ကိန်းများ၊ အဆောက်အအုံများ အရည်အသွေး ပြည့်မီမှုမရှိခြင်း၊ ကိုယ်ကျိုးသုံးစွဲနေခြင်းများကို ဖော်ထုတ်စစ်ဆေးပေးရန် တိုင် ကြားလာ၍ စစ်ဆေးရာ ထိုသို့ ပေါ်ပေါက်လာကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော် မရှင်၏ ဧပြီ ၂၀ ရက် ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

ဒေါက်တာသန်းထွဋ်ကို ဖမ်း ဆီးထားပြီး တရားရုံးတွင် အချုပ် ရမန်ရယူကာ ထိန်းသိမ်းထား ကြောင်း ဇမ္ဗူသီရိမြို့မရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက အတည်ပြုပြောကြားသည်။

ဒေါက်တာသန်းထွဋ်သည် စစ်ဘက်ဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အငြိမ်းစားယူကာ ရန်ကုန်ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်အဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။

၎င်းသည် ၂၀၁၅ က FDA ဒုတိယညွှန်ကြားရေးမှူးချုပ် တာ ဝန်ထမ်းဆောင်ပြီးနောက် ညွှန် ကြားရေးမှူးချုပ်အဖြစ် ရာထူး တိုးမြှင့်ခံရကာ သက်တမ်းသုံးနှစ် အကြာ အသက်(၆၀)အရွယ်တွင် ယခုကဲ့သို့ အဂတိလိုက်စားမှုဖြင့် အရေးယူခံရခြင်းဖြစ်သည်။

အဂတိလိုက်စားမှု တိုက် ဖျက်ရေး ပုဒ်မ ၅၆ အရ နိုင်ငံရေး ရာထူး လက်ရှိဖြစ်သူမှအပ အခြားလုပ်ပိုင်ခွင့်အာဏာရှိသူ မည်သူမဆို လာဘ်ပေး၊ လာဘ်ယူမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ၁၀ နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

FDA ညွှန်ချုပ် အရေးယူခံ ရခြင်းနှင့်ပတ်သက်၍ ဝန်ကြီးဌာနဘက်မှ ညွှန်ကြားချက်တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသလို သက်ဆိုင်ရာဌာနများ၏ အရာရှိဝန်ထမ်းများဖြင့် လုပ်ငန်းများ ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်းဌာနမှ အရာရှိတစ်ဦးကပြောသည်။

လက်ရှိ အစိုးရလက်ထက် တွင် အစိုးရအရာထမ်း၊ အမှုထမ်း များထဲမှ အဂတိလိုက်စားမှုဖြင့် အရေးယူခံရသူများအနက် ထင် ရှားသည့်အမှုများသည် နေပြည် တော် စည်ပင်သာယာရေး သား သတ်ရုံဌာန ဌာနမှူးကို အဂတိ လိုက်စားမှုဥပဒေဖြင့် အရေးယူ ထားသလို နေပြည်တော်ကောင်စီ ဝင်တစ်ဦးကိုလည်း တာဝန်မှ ရပ် ဆိုင်းထားသည့် ဖြစ်စဉ်နှင့် ကရင် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေး မှူးအပါအဝင် အရာရှိအချို့ကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့် ဖမ်းဆီးထားသည်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ပြောကြားသည့် မြန်မာနှစ် သစ်ကူး နှုတ်ခွန်းဆက်စကားတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အနေဖြင့် စီမံချက်ချမှတ်၍ ယခင်ကထက် ပိုမိုဆောင်ရွက်ရန် ထည့်သွင်းပြောကြား ထားသည်။

Credit: 7Day Daily

Read: FDA မှ ထပ်မံစစ်ဆေးတွေ့ရှိသည့် မာကျူရီပါအလှကုန်ပစ္စည်း (၂) မျိုး

FDA 10.4.18

Read times Last modified on Tuesday, 24 April 2018 13:40
Rate this item
(0 votes)