What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 19 April 2020 08:50

အစားအစာများ ထုပ်ပိုးထားသည့် အခွံများကို ဈေးဆိုင်မှ ဝယ်ယူလာပြီးလျှင် ပိုးသတ်သန့်စင်စရာမလို ဟု FDA မှပြောကြား

ပြီးခဲ့တဲ့ ကြာသပတေးနေ့က FDA ကနေပြီး ယခု ကိုရိုနာ ရောဂါဖြစ်ပွားနေစဉ် အစားအသောက် ဘေးကင်းရေး နှင့်ပတ်သက်သော နည်းလမ်းအသစ်များစွာကိုချမှတ်ခဲ့ပါတယ်။

ထို နည်းလမ်းအသစ်ထဲတွင် ပြင်ပဈေးဆိုင်မှ ဝယ်လာသော အစားအစာ များ၏ ဗူးခွံများကို သန့်စင်ပိုးသတ်စရာမလိုကြောင်း ထိုပြင်ပမှ ဝယ်လာတဲ့ အစားအစာ ဗူးခွံများနဲ့ ပတ်သက် မည်သူတစ်ဦးတစ်ယောက်မှ ကိုရိုနာရောဂါပိုးကူးတဲ့ ကိစ္စရပ်မဖြစ်ဖူးကြောင်း ပြောကြားခဲ့ပါတယ်။

COVID.png

သို့ပေမည့် လက်ဆေးဖို့နဲ့ မီးဖိုချောင်ကို အမြဲသန့်ရှင်းနေဖို့ကလို အရေးကြီးလိုအပ်ပါတယ်တဲ့။FDA ကသူ့တို့ ထုတ်ပြန်ချက်တွေကို လေ့လာသင့်ကြောင်းစတာတွေပါဝင်ပါတယ်။ ရောင်းသူတွေကလည်း သူတို့ အစားအသောက်ထည့်တဲ့ ဗူးတွေကို သန့်စင်ပိုးသတ်ပြီးသားပါလို့ အစားအသောက်နဲ့ ဆေးဝါး အဖွဲ့ချုပ်မှ ပြောကြားသွားခဲ့ပါတယ်။

 

စားသုံးသူတွေအနေနဲ့ ဆန္ဒ ရှိမယ်ဆိုရင်တော့ အရက်ပြန် အဝတ်နဲ့ သုတ်နိုင်သလို ပြီး သူ့သူ လေနဲ့ ခြောက်သွားတဲ့ အထိ ထား နိုင်ပါတယ် အရေးကြီးတာ သင် ဗူးကို မကိုင်ခင် လက်ကို တစ်ခါဆေး ၊ ဖွင့်ပြီး အစားအစာ ထုတ်ရင် တစ်ခါဆေး ဖို့ တော့ လိုအပ်ပါလိမ့်မယ် လို့ FDA က ပြောပါတယ်။

 

ဒီဗိုင်းရစ်ဟာ မျက်နှာပြင်တွေပေါ်မှာ နာရီ ( သို့ ) ရက်ပိုင်းတွေအထိတောင်နေနိုင်ပါတယ် အကယ်၍ အစားအစာပို့သူ က ပိုးပါလာလျှင် သို့ ဆိုင်မှာ ကတည်းက ပိုးပါလာလျှင်ဆိုပြီး တွေးရင်တွေးနိုင်ပါလိမ့်မယ်။သို့ပေမဲ့ ဒီဗိုင်းရစ်တွေဟာ အစားအသောက်မှာ ကပ်နေတယ်ဆိုတဲ့ ဖြစ်စဉ်တော့ မရှိဖူးပါဘူး။

 

ကိုရိုနာ ဗိုင်းရစ်က အသက်ရှုရေးရာ ပိုင်းဆိုင်ရာကို ထိခိုက်စေပြီး အဖျားကြီးစေပါတယ် ထို့အပြင် လူတစ်ဦးမှ တစ်ဦးသာ ကူးစက်နိုင်ပါတယ် အူရောင်ငန်းဖျားရောဂါပိုး ၊ ဝမ်းရောဂါပိုးတို့ အစားအစာ ကနေတစ်ဆင့် မကူးစက်နိုင်ပါဘူးလို့ FDA ကပြောပါတယ်။

 

အပြင်က ပြန်လာလျှင် လက်ဆေးပါ ပြီး အစားအစာများကို ရေခဲသေတ္တာထဲ ထည့်သည်ထည့် နေရာ ချပြီးသည် နှင့် လက်ကို ထပ်မံဆေးကြောပါဆိုကာ FDA မှ အကြံပေးထားပါသေးတယ်။

 

တစ်ပတ် ၁ ကြိမ်သို့ ၂ ကြိမ်သာ ဈေးဆိုင်သို့သွားရောက်ပြီး လိုအပ်သည်ကို ဝယ်ပါ။သင်လိုအပ်တာ ထက် ပိုဝယ်ချင်းက အခြားသူတွေကို ထိခိုက်စေသလို သင့် လက်ထဲရှိငွေပမာဏကို ထိခိုက်စေ နိုင်ပါတယ်။

 

FDA အနေနဲ့ ဈေးဆိုင်မှ လူအများကို မျက်နှာဖုံးတပ်ကဖို့ ညွှန်ကြားပြီးသားပါ ဥပမာ Newyork လို နေရာမျိုးတွေမှာပေါ့။ထိုစတိုးဆိုင်တွေမှာလဲ လူတွေ ၆ ပေထက်မနည်း ခွဲနေကြဖို့ FDA မှ ပြောပြီးသားပါ။ခါတိုင်း

 

FDA က ညွှန်ကြားထားတဲ့ အစားအစာ သန့်စင်ရေး နည်းလမ်းတွေကို လိုက်နာပါ။လက်ဆက်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များကို အသီးအရွက်ဆေး ဆပ်ပြာရည် အပျော့ဖြင့်ဆေးနိုင်ပါသည်။ဆီသွပ်ဗူးများကို ဖွင့်ဖောက်မစားခင် ဆေးကြောလိုက်ပါ။

HPD.png

နောက်ဖေးမီးဖိုချောင်တွေကို ဂျီးချွတ်ဆေး ၁ ဇွန်းနဲ့ ရေ ၁ လီတာ ထည့် သန့်စင်ဆေးကြောပါလို့ FDA က မှာပါတယ်။အရေးကြီးတဲ့ အကြောင်းအရာ ကတော့ ပိုသတ်ဆေးတိုင်းက လူတွေကို အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ် အစားအစာတွေမှာ မထည့်မိပါစေနဲ့ ပုပ်သိုးစေနိုင်မဲ့ အသား ၊ ငါးတွေကို နဂိုအတိုင်းပဲရေခဲသေတ္တာထဲ ထည့်သွင်းလို့ရပါတယ်။

Read times
Rate this item
(0 votes)