What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Wednesday, 02 May 2018 16:14

အိပ်ရေးပျက်ခြင်းကြောင့် ဝိတ်တတ်ရခြင်းအကြောင်းရင်း (၅ )မျိုး

အိပ်ရေးပျက်ခြင်းကြောင့် ဝိတ်တတ်ရခြင်းအကြောင်းရင်း (၅ )မျိုး google.com

အိပ်ချိန်လုံလုံလောက်လောက်မရချင်းဟာ ခန္ဓာကိုယ်အလေးချိန်ရုတ်တရက်တိုးလာခြင်းဟူသော အန္တရာယ်ကို သတိထားသင့်သည်။ အိပ်ရေးမဝခြင်းက ဝိတ်တတ်ခြင်းနှင့် ဆက်စပ်လျက်ရှိသည်ဟု ဆေးပညာရှင်များ၏ လေ့လာမှုတွေအရ သိရသည်။

အိပ်ချိန်လုံလုံလောက်လောက်မရပါက အောက်ပါဝိတ်တိုးစေသော အချက်များဖြစ်ပေါ်လာစေသည်။

(၁) ဆာလောင်လွယ်ခြင်း

အိပ်ရေးမဝခြင်းက ဆာလောင်မွတ်သိပ်မှုကိုပိုမို ဖြစ်ပေါ်စေပါတယ်။ အစားအစာများကို လိုအပ်သည်ထက် ပိုစားချင်စိတ်ဖြစ်ခြင်း၊ တောင်းတခြင်းမျိုးများ၊ဖြစ်နေတတ်သည်။ အိပ်ချိန်မလုံလောက်သည့်အခါ ခန္ဓာကိုယ်အတွင်းက ဟော်မုန်းမမျှတခြင်းကြောင့် ဆာလောင်မှုကို ပိုမိုဖြစ်ပေါ်လာစေသည်။ ဒါကြောင့် များများစားမိလာ၍ ဝိတ်ပိုတတ်လာမည်ဖြစ်သည်။

Image result for easyly hungry

(၂) စိတ်ဖိစီးမှုများခြင်း

ညဘက်နှစ်ခြိုက်စွာ အိပ်ချိန်လုံလုံလောက်လောက်မအိပ်ရသည့်အခါ ပင်ပန်းနွမ်းနယ်လာပြီး ခန္ဓာကိုယ်အတွင်းက stress hormone များ များစွာထုတ်လွှတ်ပါတော့တယ်။ စိတ်ဖိစီးမှုများခြင်းကလည်း ခန္ဓာကိုယ်အလေးချိန်တိုးလာစေသည့် အဓိကအချက်တစ်ချက်ဖြစ်တယ်။ စိတ်ဖိစီမှုများလာသည်နှင့်အမျှ ကယ်လိုရီများသည့် အစားအစာများကို တောင့်တတတ်လာပြီး စားသုံးမိတာနဲ့ပဲ ဝိတ်တတ်ခြင်းဖြစ်ရတာပါ။

Image result for stress

(၃) အစားအစာတောင့်တခြင်း

အိပ်ရေးမဝသည့်အခါ ခန္ဓာကိုယ်က ပင်ပန်းနွမ်းနယ်လာသည့်အတွက် အင်အားပြည့်စေရန် အစားအစာများကို တောင့်တလာပါတယ်။

Image result for thinking food about

များသောအားဖြင့် အချို၊ အဆိမ့်၊ အဆီစသည့် ကျန်းမာရေးဖြင့် မညီညွတ်သည့်အစားအစာများကို ပိုမိုတောင်းတတတ်ကြတယ်။ ထို့ကြောင့် အလေးချိန်တတ်ကြပါတယ်။

(၄) ကယ်လိုရီမလောင်ကျွမ်းနိုင်ခြင်း

ညဘက်နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်နေချိန်တွင် ခန္ဓာကိုယ်တွင်းရှိကယ်လိုရီများ က အလိုအလျောက်လောင်ကျွမ်း စေပါတယ်လို့ဆေးပညာရှင်အချို့က သုံးသပ်ပါတယ်။ ညဘက်နိုးနိုးကြားကြားရှိနေပြီး မအိပ်သူများဟာ ကယ်လိုရီလောက်ကျွမ်းနိုင်ချေ လျော့နည်းသွားပြီး တဖြည်းဖြည်းဝိတ်တတ်လာရခြင်းဖြစ်ပါတယ်။

(၅) အချိန်မတော်စားသောက်ခြင်း

အိပ်မပျော်သည့်အခါ လူအများစုပြုလုပ်လေ့ရှိသည့် အရာက အိပ်ရာကထပြီး တစ်ခုခုစားခြင်းပါ။ ဗိုက်ဆာနေခြင်းကြောင့် အိပ်မပျော်ခြင်းဖြစ်စေ၊ အိပ်မပျော်ခြင်းကြောင့် အစားတစ်ခုခုစားသည်ဖြစ်စေ၊ မလိုအပ်ပဲ စားသုံးမိမယ်ဆိုပါက ဝိတ်တတ်စေဖို့ အကြောင်းရင်းကြီးတစ်ခုပါ။

Image result for eating food  at mid-night

Source: YCDC

Read: ပင်စိမ်းပင်ကို အသုံးပြုနိုင်သည့်ဆေးနည်း (၁၀) ချက်

Image result for ပင်စိမ်းရွက်

Read times
Rate this item
(0 votes)