What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 07 September 2018 10:38

ခါးနာခြင်းကိုသက်သာစေမယ့် နည်းလမ်းများ

ခါးနာခြင်းဟာ နာတာရှည်ဖြစ်တတ်တဲ့ရောဂါတစ်ခုလို့ပြောလို့ရသလို ရုတ်တရက်ဖြစ်ပွားတတ်တဲ့ရောဂါတစ်ခုလည်းဖြစ်ပါတယ်။

အလေးအပင်တွေ မမိလို့ပဲဖြစ်ဖြစ်၊ ထိုင်တဲ့ပုံစံမမှန်လို့ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် ခါးနာတတ်ကြပါတယ်။ ခါးနာခြင်းကို အများဆုံးခံစားရတာကတော့ အသက် ၄၀ ကျော်နောက်ပိုင်းမှာဖြစ်ပြီး အသက်အရွယ်ငယ်ရွယ်သူတွေထဲမှာလည်း အခန့်မသင့်လို့ ခါးနာဒဏ်ဖြစ်ပြီး တစ်သက်လုံးအိပ်ယာထဲမှာလဲနေတဲ့အထိ ခံစားခဲ့ရတဲ့သူတွေလည်းရှိပါတယ်။ ဒီတော့ ခါးနာခြင်းကို သက်သာစေဖို့အတွက် ဘယ်လိုနေထိုင်ကြမလဲ။

မတ်မတ်ထိုင်ပါ

အခုခေတ်လူငယ်အများစုက ကုလားထိုင်၊ ဆိုဖာ တွေပေါ်မှာ ထိုင်တဲ့အခါ သက်တောင့်သက်သာဖြစ်စေဖို့အတွက် ခါးကိုလျှောပြီးထိုင်ကြတာများပါတယ်။ တကယ်တမ်းကတော့ ဒီလိုထိုင်တာဟာ တစ်ခဏတာပဲ သက်တောင့်သက်သာဖြစ်ပြီး အချိန်အနည်းငယ်ကြာလာတဲ့အခါမှာ ခါးနာလာတာကို ခံစားမိမှာပါ။ တစ်ခါတစ်လေ ဒီလိုထိုင်တာ သိသာတဲ့ပြောင်းလဲမှုမရှိပေမယ့် အမြဲတမ်းဒီပုံစံအတိုင်း ထိုင်နေမယ်ဆိုရင်တော့ ခါးကဒဏ်ဖြစ်ပြီး အိပ်ယာထဲလဲတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

နည်းလမ်းတကျအိပ်စက်ပါ

လူတစ်ယောက်ဟာ တစ်နေ့ကိုအိပ်ချိန် ၈ နာရီပြည့်ဖို့လိုအပ်သလို အိပ်တဲ့ပုံစံမှန်ဖို့လည်းလိုအပ်ပါတယ်။ ပက်လက်အနေအထားနဲ့အိပ်တတ်တဲ့သူဆိုရင် ခါးနာသက်သာစေဖို့အတွက် ခေါင်းဦး(သို့)ဖက်လုံးကို ဒူးအောက်မှာထားအိပ်ရပါမယ်။ ဘေးတစောင်းအိပ်တယ်ဆိုရင်တော့ ကျောရိုးမကြီးရဲ့ တည်နေရာလွဲမသွားစေရန်အတွက် ဒူးနှစ်ဖက်ကြားမှာ ခေါင်းဦးကိုညှပ်အိပ်ရပါမယ်။ မှောက်ရက်အနေအထားကတော့ လည်ပင်းနဲ့ဦးခေါင်းကို လိမ်ထားသလိုဖြစ်ပြီး ပုံစံမမှန်တဲ့အတွက် ခါးနာတတ်တာကြောင့် ဒီလိုပုံစံနဲ့ အိပ်စက်ခြင်းမျိုးမပြုလုပ်သင့်ပါဘူး။

ခါးကုန်းပြီးအလေးအပင် မ တာမျိုးမလုပ်ပါနဲ့

ယောင်္ကျားလေးတွေအတွက် ခါး ကအရေးအကြီးဆုံးလို့ပြောလို့ရပါတယ်။ ကိုယ်ကာယစွမ်းအားကို သုံးရတဲ့ကိစ္စအများစုက ယောင်္ကျားလေးတွေသာလုပ်ရတာဖြစ်တဲ့အတွက် အလေးအပင်မတာမျိုးမှာ ခါးကုန်းပြီးမ မဘဲ ဆောင့်ကြောင့်ထိုင်ပြီးမခြင်းက ခါးနာခြင်းကိုသက်သာစေမှာပါ။ ခါးနာသွားပြီဆိုရင်လည်း အချိန်အနည်းငယ်အတွင်း ခါးကပ်ပလာစတာ အပူ၊ အအေး နှစ်မျိုးထဲက ကိုယ်နဲ့အဆင်ပြေတဲ့တစ်ခုခုကိုသုံးပြီးကုသနိုင်ပါတယ်။ ခါးကပ်ပလာစတာကပ်လို့မှ မသက်သာဘူးဆိုရင်တော့ နီးစပ်ရာဆရာဝန်ဆီ သွားပြသင့်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

လှုပ်ရှားသွားလာခြင်းဟာ ထိုင်နေတာထက်စာရင် လူကိုပိုပြီးကျန်းမာသန်စွမ်းစေပါတယ်။ ဒီလိုပဲ လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ခါးနာခြင်းကိုသက်သာစေရန် အထောက်အကူပြုပါတယ်။ ပုံမှန်နေ့စဉ်ပြုလုပ်နေကျ လေ့ကျင့်ခန်းဖြစ်တဲ့ လမ်းလျှောက်ခြင်းဟာ ခန္ဓာကိုယ်အနေအထားကို ထိုင်နေတာထက်စာရင် တည့်မတ်စေတဲ့အတွက် ခါးနာသက်သာစေပါတယ်။ တရားထိုင်ခြင်း၊ ယောဂလေ့ကျင့်ခန်းပြုလုပ်ခြင်းတို့ဟာလည်း သင့်ရဲ့ခါးကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ အပြင်းအထန်လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ ခါးနာခြင်းကိုပိုပြီးဆိုးရွားသွားစေနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။

ဆေးလိပ်မသောက်သုံးပါနဲ့

ဆေးလိပ်သောက်ခြင်းဟာ သင့်ရဲ့အဆုတ်ကို ရောဂါဖြစ်စေရုံသာမက သင့်ရဲ့ခါးကိုပါထိခိုက်စေပါတယ်။ ယခုလက်ရှိဆေးလိပ်သောက်သုံးနေသူတွေနဲ့ ယခင်က ဆေးလိပ်ကိုစွဲစွဲမြဲမြဲ သောက်သုံးခဲ့သူတွေဟာ ဆေးလိပ်တစ်ခါမှ သောက်သုံးဖူးခြင်းမရှိတဲ့သူတွေထက်စာရင် ခါးနာရောဂါခံစားရဖို့ ပိုပြီးရာနှုန်းများပါတယ်။ ခါးနာတတ်တဲ့ရောဂါအခံ ရှိပြီးသားလူဆိုရင်တော့ ဆေးလိပ်ကိုလုံးဝမသောက်သုံးသင့်ပါဘူး။

writting by:Nyi Min Khan(Healthproductsdirectory)

ဆီးချိုရုတ်တရက်တက်လာရင် အရေးပေါ်ဘယ်လိုကုသမလဲ

ဆီးချိုရုတ်တရက်တက်လာရင် အရေးပေါ်ဘယ်လိုကုသမလဲ

Read times Last modified on Friday, 07 September 2018 10:44
Rate this item
(2 votes)