What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 30 August 2022 11:21

၃ ဘာသာပေါင်းရမှတ် နှင့် လူတွေ့နှုတ်ဖြေမေးစာမေးပွဲတို့ဖြစ် ဆေးတက္ကသိုလ်များ၊သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် တက်ရောက်ခွင့် ရွေးချယ်မည်

၃ ဘာသာပေါင်းရမှတ် နှင့် လူတွေ့နှုတ်ဖြေမေးစာမေးပွဲတို့ဖြစ် ဆေးတက္ကသိုလ်များ၊သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် တက်ရောက်ခွင့် ရွေးချယ်မည် ဆေးတက္ကသိုလ်

ဆေးတက္ကသိုလ်များ၊သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များကို အမှတ်ပေါင်း (၄၅၀) မှတ် ပြည့်သူတွေထဲက ဆေးပညာနဲ့သက်ဆိုင်တဲ့ ဘာသာ(၃)ခုဖြစ်တဲ့ အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ ဘာသာရပ်တွေမှာ ထူးချွန်ပြီး အဲ့ဒီ (၃)ဘာသာပေါင်း ရမှတ်များတဲ့သူတွေကို ဝင်ခွင့်စာမေးပွဲ ဖြေဆိုစေ၍ ရွေးချယ်တက် ရောက်ခွင့်ပြုမယ့်စနစ်အဖြစ် ပြောင်းလဲထားခြင်းဖြစ်ပါတယ်။

 

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနက် ဆေးတက္ကသိုလ်များနဲ့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များသို့ ပထမဦးစားပေးလျှောက်ထားသူများရဲ့ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာစာအိတ်များကို အဆင့်မြင့်ပညာဦးစီးဌာန၊ရန်ကုန်ရုံးခွဲမှာ စိစစ်ရေးတာဝန်ခံအဖွဲ့ထားရှိပြီး လက်ခံဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပထမဦးစွာ လျှောက်ထားလာတဲ့ သင်တန်းရွေးချယ်မှု ကတ်ပြားမှာ ကျောင်းသား/သူများဖြည့်သွင်းထားတဲ့ တက္ကသိုလ်ဦးစားပေးအစီအစဉ်ကိုစိစစ်ခြင်း၊ ဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်များ နှင့် ကိုက်ညီမှု ရှိ/မရှိ စိစစ်ခြင်းများကို ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။

 

၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအနက်သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် များသို့လျှောက်ထားသူများအတွက်ကတော့ (၆)ဘာသာရမှတ် စုစုပေါင်း (၄၅၀)မှတ် နှင့် အထက် ရရှိသူများအနက်(အင်္ဂလိပ်စာ၊ဓာတုဗေဒ၊ဇီဝဗေဒ)(၃)ဘာသာရမှတ်ပေါင်းအများ/အနည်းပေါ်မူတည် ပြီး အမှတ်အများဆုံးရရှိထားသူတွေအနက် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များကို ပထမဦးစား ပေးလျှောက်ထားသူများနဲ့ ဆေးတက္ကသိုလ်များအတွက် ပဏာမရွေးချယ်လျာထားဦးရေ ပြည့်သွား တဲ့အတွက်ကြောင့် ဆေးတက္ကသိုလ်များကို ဝင်ခွင့်မရရှိတဲ့သူများမှ သွားဘက်ဆိုင်ရာဆေး တက္ကသိုလ်များကို ဒုတိယဦးစားပေးလျှောက်ထားသူများကို ပဏာမအဆင့်အနေဖြင့်‌ ရွေးချယ်သွား မှာဖြစ်ပါတယ်။

My_yangon1.jpg

ဆေးတက္ကသိုလ်နှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များရဲ့ ပဏာမအဆင့်ရွေးချယ်မှုတွေ ပြီးရင်ဒုတိယအဆင့်ရွေးချယ်မှုအနေနဲ့ကတော့ ပဏာမအဆင့်ရွေးချယ်ထားတဲ့ ဆေးတက္ကသိုလ် ဝင်ခွင့်အတွက် ဖြေဆိုခွင့်ရရှိမဲ့သတ်မှတ်ဦးရေအတွင်း အကျုံးဝင်သူတွေနဲ့ သွားဘက်ဆိုင်ရာဆေး တက္ကသိုလ်ဝင်ခွင့်အတွက် ဖြေဆိုခွင့်ရရှိမဲ့ သတ်မှတ်ဦးရေအကျုံးဝင်သူတွေကို လူတွေ့နှုတ်မေး စာမေးပွဲစစ်ဆေးသွားမှာဖြစ်ပါတယ်။

 

ဒါ့အပြင် ပဏာမရွေးချယ်ထားသူအားလုံးဟာ စိတ်ပိုင်းဆိုင်ရာ ဆန်းစစ်ခြင်း(ရေးဖြေ) စာမေးပွဲကိုလည်း ဝင်ရောက်ဖြေဆိုရမှာဖြစ်ပါတယ်။ သင်တန်းသားအပြီးသတ်ရွေးချယ်ခြင်းအနေနဲ့ကတော့ (အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ) (၃)ဘာသာပေါင်းရမှတ်နဲ့ လူတွေ့နှုတ်မေးစစ်ဆေးခြင်းရမှတ်ပေါ်မူတည်ပြီးတော့ အမှတ်(အများ/ အနည်း) အလိုက်စီပြီး အမှတ်အများဆုံးရရှိတဲ့သူများကို ဆေးတက္ကသိုလ်များအတွက် သတ်မှတ် ဦးရေပေါ်မူတည်၍ ရွေးချယ်သွားမှာဖြစ်ပါတယ်။

 

သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များအတွက်ကတော့ (အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝဗေဒ) (၃)ဘာသာပေါင်းရမှတ်နဲ့ လူတွေ့နှုတ်မေးစစ်ဆေးခြင်းရမှတ်ပေါ်မူတည်ပြီးတော့ အမှတ်(အများ/ အနည်း) အလိုက်စီပြီး အမှတ်အများဆုံးရရှိတဲ့သူများကို သတ်မှတ်ဦးရေပေါ်မူတည်၍ ရွေးချယ်သွား မှာဖြစ်ပါတယ်။ ဆေးတက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုပြီး ရွေးချယ်ခြင်းမခံရသော်လည်း သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ ဒုတိယဦးစားပေးအဖြစ် လျှောက်ထားသူများဟာ ဝင်ခွင့်လူတွေ့နှုတ်မေး စာမေးပွဲနှင့်စိတ်ပိုင်းဆိုင်ရာဆန်းစစ်ခြင်း(ရေးဖြေ)စာမေးပွဲကိုထပ်မံဖြေဆိုဖို့မလိုဘဲ ဆေးတက္ကသိုလ် ဝင်ခွင့်စာမေးပွဲဖြေဆိုသူအနေနဲ့ပဲ ၎င်းရရှိထားတဲ့ရလဒ်ကို ပြန်လည်ထည့်သွင်းတွက်ချက်သွားမှာ ဖြစ်ပါတယ်။

 

လူတွေ့နှုတ်မေးစစ်ဆေးရာမှာ ကိုယ်ချင်းစာနာမှု (Empathy)၊ ရိုးသားတည်ကြည်မှု (Honesty and integrity)၊ ဆေးပညာဖြင့်အသက်မွေးဝမ်းကျောင်းပြုရန်ဆန္ဒရှိမှု (Motivation)၊ ရှင်းလင်းပြတ်သားစွာ ပြောဆိုဆက်ဆံနိုင်မှု (Communication Skill)၊ ကျင့်ဝတ်သိက္ခာ၏ တန်ဖိုးကို နားလည်မှု (Ethical Awareness)၊ တာဝန်သိမှုနှင့် အလုပ်ကိုလေးစားမှု (Respect the Duties)၊ ခံယူချက် (Attitude)၊ ပြုမူပြောဆိုဆောင်ရွက်မှု (Behaviour)၊ ဆရာဝန်တစ်ယောက်၏ ဆေးပညာ ရပ်အပေါ်ထားရှိရမည့်စိတ်နေသဘောထား (Attitude towards Professionalism) နှင့်ပတ်သက်ပြီး မေးခွန်းများ မေးမြန်းသွားမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ လူတွေ့နှုတ်မေးစာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူများအနေဖြင့် ၎င်း အကြောင်းအရာများကို ကြိုတင်လေ့လာထားဖို့ လိုအပ်ပါတယ်။

 


နိုင်ငံတော်အစီအစဉ်နဲ့ဆိုရင် ဆေးတက္ကသိုလ်များနဲ့ သွားဘက် ဆိုင်ရာဆေးတက္ကသိုလ်များမှာ တက္ကသိုလ်သင်တန်းကြေးအဖြစ် တစ်လလျှင် (၈၀၀)ကျပ် ပေးသွင်း ရမှာဖြစ်ပြီး မိမိအစီအစဉ်နဲ့ဆိုရင် ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များမှာ တက္ကသိုလ်သင်တန်းကြေးကို ပညာသင်နှစ်အလိုက် လစဉ်ပေးသွင်းရမှာဖြစ်ပါတယ်။ ဆေး တက္ကသိုလ်များအတွက်ကတော့ ပညာသင်ကာလ ပြီးဆုံးသည်အထိ ကျပ်သိန်း(၆၀၀) အကုန်အကျ ခံရမှာဖြစ်ပြီး သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များကတော့ ပညာသင်ကာလ ပြီးဆုံးသည်အထိ ကျပ်သိန်း(၇၀၀) အကုန်အကျခံရမှာဖြစ်ပါတယ်။

 

ဆေးတက္ကသိုလ်/သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များသို့ ဝင်ခွင့်မရရှိခဲ့လျှင် တက္ကသိုလ်ဝင်ခွင့် ဆုံးရှုံးမှုမဖြစ်စေရန်အတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်ထား ရမည့်ပုံစံစာအိတ်မှာ ပါရှိတဲ့ သင်တန်းရွေးချယ်မှုကတ်ပြားမှာ ဖော်ပြထားတဲ့ ဦးစားပေး အစီအစဉ် အတိုင်း ပြည့်စုံစွာဖော်ပြလျှောက်ထားရန်နှင့် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်ကိုလည်း သေချာစွာ ဖတ်ရှု၍ လမ်းညွှန်ချက်များကို တိကျစွာလိုက်နာပြီး ဝင်ခွင့်လျှောက်ထားရန် ဖြစ်ပါတယ်။

 

လျှောက်ထားရာတွင် သတ်မှတ်ရက်ထက်ကျော်လွန်ပါက ရန်ကုန်မြို့၊ကမာရွတ်မြို့နယ်၊သထုံလမ်းရှိ အဆင့်မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံးခွဲ)သို့ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရသည်။

 

Ministry of Health, Myanmar

#Myanmar Health Products Guide

My_yangon.jpg

Read times Last modified on Tuesday, 30 August 2022 11:29
Rate this item
(2 votes)