What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Monday, 04 May 2020 16:05

အွန်လိုင်းကနေတဆင့် စင်ကာပူနိုင်ငံ Gleneagles ဆေးရုံကြီးမှ အထူးကုသမားတော်ကြီးနှင့် ဆေးကုကြမယ်

အွန်လိုင်းကနေတဆင့် စင်ကာပူနိုင်ငံ Gleneagles ဆေးရုံကြီးမှ အထူးကုသမားတော်ကြီးနှင့် ဆေးကုသမှုကို ဂရန်း(ဒ်)ဟံသာ အင်တာနေရှင်နယ်ဆေးရုံမှ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

အဆိုပါ ဆေးကုသမှု ခံယူဖို့အတွက် လူနာသည် ဂရန်း(ဒ်)ဟံသာ အင်တာနေရှင်နယ်ဆေးရုံ သို့ လာရောက်၍ အွန်လိုင်းမှတစ်ဆင့်ဆွေးနွေးမှု ပြုရမည်ဖြစ်ပြီး တာဝန်ကျ ဆရာဝန်မှ ပူးပေါင်းဆောင်ရွက်ပေးမည် ဖြစ်ပါတယ်။

 

အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးကုသခြင်းကို စင်ကာပူနိုင်ငံ Gleneagles ဆေးရုံကြီးမှ အစာအိမ်နှင့် အူလမ်းကြောင်း အထူးကု သမားတော်ကြီး ဒေါက်တာသွင်မောင်အေး  MBBS (Yangon), MRCP (UK), FRCP (Edin), FAMS Gastroenterology (S’pore) မှ တိုင်းပင်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

 

ဒေါက်တာသွင်မောင်အေးသည် အင်္ဂလန်နိုင်ငံ King’s College Hospital, London နှင့် John Radcliffe Hospital, Oxford ဆေးရုံများတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး စင်္ကာပူနိုင်ငံ National University Hospital (NUH) ဆေးရုံကြီးရှိ အစာအိမ် အူလမ်းကြောင်း အသည်းဌာနတွင် Consultant Physician & Assistant Professor ဖြစ်သည်အထိ ၁ဝနှစ်ကြာ လုပ်ကိုင်ခဲ့သည်။ အသည်းအစားထိုးကုသမှုဆေးပညာကို ကမ္ဘာ့ထိပ်တန်းအဆင့်ရှိ King’s College Hospital, London တွင် လက်တွေ့သင်ယူလေ့လာပြီးနောက် National University Hospital တွင် ဦးဆောင်အသည်း အစားထိုး အထူးကုသမားတော်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ ၂၀၁၆ မှစတင်၍ ဒေါက်တာသွင်မောင်အေးသည် စင်ကာပူနိုင်ငံ Gleneagles ဆေးရုံကြီးတွင် အစာအိမ်၊ အူလမ်းကြောင်း၊ အသည်းရောဂါများနှင့် အသည်း အစားထိုးရောဂါများကို အတိုင်ပင်ခံ ကုသပေးလျက်ရှိပါသည်။

 

ဆွေးနွေးနိုင်သောရောဂါအခြေအနေများ

အသည်းနှင့်ပတ်သက်သော ရောဂါများ

- အသည်းရောင် ဘီပိုး၊ စီပိုး နှင့် တခြားသောဗိုင်းရပ်(စ) (hepatitis A/B/C/D/E)

- အသည်းကင်ဆာ (hepatocellular Carcinoma)

- အသည်းကြွတ်ခြင်း (cirrhosis) နှင့် နောက်ဆက်တွဲရောဂါများ

- အသည်းအဆီဖုံးခြင်း နှင့် အသည်းရောင်ခြင်း (fatty Liver/ steatohepatitis)

- အရက်ကြောင့်အသည်းရောင်ခြင်း (alcoholic Hepatitis)

- Autoimmune ကြောင့်ဖြစ်သော အသည်းရောဂါများ

- အသည်းအစားထိုးရန် သင့်မသင့် စစ်ဆေးခြင်း၊ အကြံဉာဏ်ပေးခြင်းနှင့် ၊အသည်းအစားထိုးပြီး ကုသစောင့်ရှောက်ခြင်း

အစာအိမ်အူလမ်းကြောင်း၊သည်းခြေ၊သရက်ရွက်ဆိုင်ရာ ရောဂါများ

- အစာအိမ် နှင့် အူမကြီးအား မှန်ပြောင်းဖြင့် ရောဂါရှာခြင်း၊ ကုသခြင်း

- အစာမကြေ လေပွလေအောင့်ခြင်း (non-ulcer dyspepsia)

- Helicobacter pylori အစာအိမ်ပိုး

- အစာအိမ်၊အူသိမ်အနာနှင့် အစာအိမ်ရောဂါ (ulcer dyspepsia)

- လေချင်တက်ခြင်း (acid reflux)

- အစာအိမ်နှင့် အူလမ်းကြောင်း လှုပ်ရှားမှု မမှန်ကန်ခြင်း (irritable bowel syndrome)

- နာတာရှည် ဝမ်းချုပ်ဝမ်းပျက်ခြင်း (chronic constipation / chronic diarrhea)

- သရက်ရွက်ရောင်ခြင်း /သရက်ရွက်နှင့်သက်ဆိုင်သောရောဂါရှာဖွေခြင်း

- သည်းခြေအိတ်ကျောက်တည်ခြင်း (gall bladder stone)

 

အသေးစိတ်စုံစမ်းရန်နှင့် လူနာရက်ချိန်းရယူရန်အတွက် အောက်ပါဖုန်းနံပါတ်များသို့ ပိတ်ရက်မရှိ အချိန်မရွေးဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

ဖုန်းနံပါတ် - 01 231 7617 ၊ 01 523 000 ၊ 01 523 111 (Ext 2070)

 

" Green. Grand. Care For The People “

Grand Hantha International Hospital

အမှတ် (၃)၊ နာနတ်တောလမ်း နှင့် ကြည့်မြင့်တိုင်လမ်း ထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။

Read times
Rate this item
(0 votes)