What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 06 July 2018 15:28

ရင်သား ကျန်းမာရေးအကြောင်း သိကောင်းစရာ

ရင်သား ကျန်းမာရေးအကြောင်း သိကောင်းစရာ Google.com

ပြည့်ဖြိုး တင်းရင်းတဲ့ ရင်သားအလှကို ပိုင်ဆိုင်လိုတာ အပျိုပဲဖြစ်ဖြစ် အိမ်ထောင်သည်ပဲဖြစ်ဖြစ် ထိန်းသိမ်းမှုပေါ်မူတည်ပြီး ပုံကျလှပနိုင်သလို ပုံပျက်တွဲကျလာနိုင်ပါတယ်။


မြန်မာပြည်က အမျိုးသမီးတွေတွေက ရင်သားကြီးထွားမှာ ကြောက်ကြတာများပါတယ်။ အများစုက တော့ မိန်းမပီသတဲ့ အလှတော့ ရှိချင်ကြတာမိန်းကလေးတိုင်းရဲ့ ဆန္ဒဖြစ်ပါ လိမ့်မယ်။ မိန်းကလေး တစ်ယောက်ရဲ့ အလှတရားကို ထင်ရှား ပေါ်လွင်စေပြီး ဆွဲဆောင်မှု ရှိစေတဲ့ အရာတွေထဲမှာ ရင်သားက မရှိမဖြစ်ပါ။ ဒါပြင် အမျိုးသမီးတွေရဲ့ ကျန်းမာရေး အခြေအနေတွေကို ရင်သားပုံစံကနေလည်း တဆင့်သိနိုင်ပါတယ်။

 

၁။ ရင်သားကြီးထွားလာခြင်း

အမျိုးသမီးတွေ ကိုယ်အလေးချိန်တိုးလာခြင်း ဒါမှမဟုတ် ကိုယ်ဝန်ရှိခြင်း ၊ သန္ဓေတားဆေးသုံးစွဲတဲ့အခါ ၊ ရာသီချိန် ဟော်မှုန်းအပြောင်းအလဲ တွေကြောင့် အမျိုးသမီးတွေရဲ့ ရင်သားဟာ ပုံမှန်ထက် အရွယ်အစား ကြီးထွားလာတတ်ပါတယ်။ ရင်သားအတွင်းထဲမှာ ရှိတဲ့ Glandular တစ်ရှှုးများအပြင် ၊ အဆီဆဲလ်တွေ တိုးပွားလာတာကြောင့် ရင်သားဟာ ပုံမှန်အရွယ်အစားထက် ကြီးထွားလာရလည်း ဖြစ်တတ်ပါတယ်။ ဒါကတော့ စိုးရိမ်းစရာတစ်ခု မဟုတ်ပါဘူး။ ဒါပေမဲ့လည်း အမျိုးသမီးတွေအတွက် ရင်သား ကျပ်စည်းခံနေရတဲ့ဒဏ် ကင်းဖို့အတွက် ဘရာဇီယာအသစ်ဝယ်ဖို့ လိုပါလိမ့်မယ်။

 

၂။ ရင်သားကျုံ့သွားခြင်း


ခန္ဓာကိုယ်အလေးချိန် လျော့ကျသွားခြင်း ၊ အီစရိုဂျင် Levels ကျဆင်းသွားခြင်း ၊ သင့်နေ့စဉ်အသုံးပြုနေတဲ့ သောက်ဆေးတွေ နဲ့ မီးယပ်သွေးဆုံးခြင်းတွေ ကြောင့်လဲ အမျိုးသမီးတွေရဲ့ ရင်သားတွေဟာ ကျုံ့ဝင်သွားတက်ပါတယ်။ အမျိုးသမီးတွေရဲ့ ရင်သားကျုံ့ဝင်သွားတဲ့အပြင် တချို့တွေမှာ ဆံပင်ကျွတ်ခြင်း ၊ ဝက်ခြံများထွက်ခြင်းစတာတွေ ဖြစ်တက်ပါတယ်။ ရင်သားကျုံ့သွားတဲ့ လက္ခဏာကတော့ မကောင်းပါဘူး။ အမျိုးသမီးတွေအတွက် သားအိမ်ပိုင်ဆိုင်ရာ ရောဂါတွေကို စမ်းသပ်ဖို့လိုပါလိမ့်မယ်။ ဒါကတော့ ပုံမှန်ထက် ခန္ဓာကိုယ်ထဲမှာ ဟော်မုန်းတိုးပွားလာခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

 

၃။ အကြီးစားရင်သား

ရင်သားကြီးထွားတဲ့သူတွေကဟာ မျိုးရိုဗီဇ ကြောင့် ကြီးထွားတာက များပါတယ်။ တချို့သောလေ့လာတွေရှိချက်အရ ရင်သားအရမ်းကြီးထွားသူတွေမှာ ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ပိုများပါတယ်။ ရင်သားအရမ်းကြီးထွားသူတွေမှာ စိုးရိမ်းပူပန်မှုတွေအတူ ရှင်သန်နေရတာများတာကို လည်းတွေ့ရတက်ပါတယ်။

 

၄။ ရင်သားပုံမမှန်ခြင်း

ရင်သားရဲ့ ပုံသဏ္ဍန်နဲ့ အသွင်ပြင်ကလည်း အသက်အရွယ်အပေါ်မှာ အခြေခံနေတာ များပါတယ်။ရင်သားမညီတဲ့ ပြဿနာကို နို့တိုက်မိခင်တွေမှာ အဖြစ်များလေ့ရှိတာကို တွေ့ရပါတယ်။ နို့တိုက်ခြင်း နှင့် အရွယ်ရောက်ပြီးတဲ့အခါတွေမှာ အရွတ်ထွက်ခြင်း ၊ ရင်သားတစ်ရှုးများပျက်စီးခြင်း ၊ ရင်သားကျုံ့ဝင်သွားခြင်း ၊ ရင်သားပျော့တွဲကျခြင်းတွေဟာ ရင်သားမညီတဲ့ အမျိုးသမီးတွေမှာ အဖြစ်များလေ့ရှိပါတယ်။

 

၅။ ရင်သားပေါ်အဖုများထွက်ခြင်း

အမျိုးသမီးတွေ ရာသီစက်ဝန်းကာလတစ်လျောက်ရင်သားတွေမှာ အဖုတွေထွက်လေ့ရှိပါတယ်။ ဒါကတော့ ဟော်မုန်းအပြောင်းအလဲ နှင့် နူးညံတဲ့ဆဲလ်တွေပြောင်းလဲခြင်းကြောင့် အဖု နဲ့ အကျိတ်တွေလဲ ထွက်တက်ပါတယ်။ အမျိုးသမီးတွေ ဓမ္မတာသွေးဆင်းတဲ့အချိန် ခန္ဓာကိုယ် တစ်ရှုးပြောင်းလဲအချိန်တွေမှာလည်း ရင်သားဟာ ပုံမှန်အရွယ်အစားထက်ပြောင်းလဲ တက်ပါတယ်။

 

၆။ သိပ်သည်းဆ

အမျိုးသမီးတစ်ချို့တဝက်မှာ Fibrous တစ်ရှုး နှင့် glandular တစ်ရှုးတွေဟာ သိပ်သည်းဆ အရမ်းများတက်ပါတယ်။ ၎င်းတစ်ရှုးတွေကို ဖယ်ရှားပစ်ဖို့ဆိုတာ မလွယ်ကူသလို ရင်သားကင်ဆာ ဖြစ်နိုင်တဲ့အထိ ရှိတတ်ပါတယ်။ ထိုတစ်ရူးနှစ်မျိုးစလုံးဟာ ရင်သားကင်ဆာဖြစ်နိုင်တဲ့ ရှေ့ပြေးလက္ခဏာဆိုလဲ မမှားနိုင်ပါဘူး။

 

၇။ ရင်သားကိုက်ခဲခြင်းဝေဒနာ

ရင်သားကိုက်ခဲခြင်း နှင့် ပျော့ပြောင်းနေတဲ့ လက္ခဏာတွေဟာ ရှည်လျားတဲ့ လက္ခဏာတွေလဲ ဖြစ်ပါတယ်။ ဟော်မှုန်း နှင့် ကဖိန်းဓာတ်များ အလွန်အကျွံ ဖြစ်တဲ့အခါတွေမှာ ရင်သားနှစ်ဖက်စလုံး ကိုက်ခဲခြင်းဝေဒနာကို ခံစားရတက်ပါတယ်။ ကဖိန်းဓာတ် အပြောင်းအလဲဖြစ်ခြင်း ၊ ပျိုဖော်ဝင်စ အရွယ် အပြောင်းအလဲဖြစ်ခြင်း ၊ ဘရာဇီယာကြောင့် ဒဏ်ဖြစ်တဲ့ အခါ နဲ့ လေးလံတဲ့ အိတ်တွေကို လွယ်လာတဲ့အခါတွေမှာ ပိုခံစားရတက်ပါတယ်။

 

၈။နို့သီးခေါင်းတွဲကျခြင်း

နို့သီးခေါင်းတွဲကျတက်တဲ့ သူတွေဟာ သူတို့အစဉ်အမြဲမှာ ၎င်းအတိုင်းဘဲ ဖြစ်နေပါမှာဘဲ ဖြစ်ပါတယ်။ နို့သီခေါင်းကို တွဲကျနေခြင်းက တစ်ရှုးများရှင်သန်ရေးအတွက် ပြဿနာတွေရှိနေတက်ပါတယ်။ နို့သီးခေါင်းတွဲကျနေတဲ့ လက္ခဏာတွေဟာ ရင်သားကင်ဆာဖြစ်နိုင်တဲ့ စာရင်းတွေထဲမှာ ပါဝင်ပါတယ်။ ဒါကတော့ ညအိပ်ယာဝင်တဲ့အခါ ဝတ်ဆင်ထားတဲ့ ဘရာဇီယာ ကြောင့် ဖြစ်နိုင်တယ်လို့လည်း ဆိုကြပေမဲ့ အခုအထိတော့ ခိုင်လုံတဲ့ အထောက်အထား မရှိသေးပါဘူး။


ဒီလက္ခဏာကတော့ လူအများလျစ်လျူရှုတဲ့ ကင်ဆာ ၁၀ မျိုးထဲမှ လက္ခဏာတစ်မျိုး ဖြစ်ပါတယ်။

 

၉။ နို့သီးခေါင်းက နို့ရည်နေကျခြင်း

အမျိုးသမီးတွေမှာ နို့သီးခေါင်းကနေ နို့ရည် အလိုအလျောက်နို့ရည်ကျတာက သိပ်တော့မထူးဆန်းပါဘူး။ဒါဟာ လိင်ပိုင်းဆိုင်ရာစိတ် နှိုးဆွပြီးတဲ့နောက် ဖြစ်တတ်ပါတယ်။ ဒါပေမဲ့လည်း ပြဿနာတစ်ခုလို ဖြစ်နေတတ်တယ်။ ထိုလက္ခဏာဖြစ်တဲ့အခါတွေမှာ အမျိုးသမီးအများစုဟာ ရင်သားကင်ဆာကြောင့်ပဲလားဆိုပြီး ပုံသေထင်မြင်ယူဆတတ်ကြပါတယ်။ ဒါပေမဲ့ နို့ရည်စိမ့်ထွက်နေတာကြောင့်နဲ့တော့ ရင်သားကင်ဆာ လက္ခဏာလို့ အတတ်ပြောလု့ိ မရပါဘူး။ အမျိုးသမီး ဟော်မုန်းပြဿနာဖြစ်လာတဲ့ အခါတွေမှာ နို့သီခေါင်းကနေ နို့ရည်ကျခြင်း စတဲ့ ပြဿနာတွေ ဖြစ်လာတက်ပါတယ်။

 

၁၀။ အရောင်ပြောင်းခြင်း

ရင်သားအရောင်ပြောင်းလာခြင်း ၊ အသားရေတွေခြောက်လာခြင်း ဖြစ်လာတဲ့အချိန်ကတော့ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်လွယ်တဲ့အချိန်တွေမှာ ဖြစ်လေ့ရှိပါတယ်။ အမျိုးသမီးတွေကိုယ်ဝန်ဆောင်တဲ့အချိန်တွေမှာ အမျိုးသမီးတွေရဲ့ နို့သီးခေါင်း ဟာ ကြီးလာခြင်း နဲ့ မဲမှောင်သွားခြင်းတွေဖြစ်တတ်ပါတယ်။ အမျိုးသမီးတွေ ငယ်ရွယ်စဉ်မှာ နို့သီးခေါင်းတွေဟာ ပန်းနုရောင် ရှိနေခဲ့ပြီ အသက်ကြီးလာတာနဲ့အမျှ မဲမှောင်သွားတာ ဖြစ်လေ့ဖြစ်ထတစ်ခုပါ။

 

written by: Oudious

Read times Last modified on Monday, 01 June 2020 16:10
Rate this item
(2 votes)