What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 16 February 2017 14:27

ကိုယ်ဝန်ဆောင်မိခင်များ ညအချိန်တွင် ကောင်းမွန်စွာ အိပ်ပျော်စေမည့် နည်းလမ်းကောင်းများ

ကိုယ်ဝန်ဆောင်မိခင်များ ညအချိန်တွင် ကောင်းမွန်စွာ အိပ်ပျော်စေမည့် နည်းလမ်းကောင်းများ Google.com

ကိုယ်ဝန်ဆောင်ချိန်တွင် မိခင်လောင်းတိုင်း မဖြစ်မနေကြုံတွေ့ရတာကတော့ ကောင်းမွန်စွာ အိပ်မပျော်ခြင်း ဖြစ်ရတဲ့အကြောင်းကတော့ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဖိစီးမူများခြင်း၊ ဟော်မုန်း အပြောင်းအလဲ ဖြစ်ပေါ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲဖြစ်ပေါ်မူတွေကြောင့် သက်တောင့်သက်သာမရှိခြင်း တွေကြောင့် ဖြစ်ပါသည်။ ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ အဆင်ပြေစွာ အိပ်စက်ဖို့ ပိုမိုခက်ခဲလာကြပါတယ်။

ိခင်လောင်းများ နှစ်ခြိုက်စွာ အိပ်ပျော်နိုင်စေရန် နည်းလမ်းကောင်းများကို ဖော်ပြပေးလိုက်ပါတယ်။

၁. ဘေးတစောင်းအိပ်ပါ။

ကိုယ်ဝန် အပတ်၂၀ မှ စတင်ကာ ဘယ်ဖက်သို့ စောင်းအိပ်ခြင်းဖြင့် ကျောက်ကပ်၊ အချင်း နှင့် ကလေးငယ်ထံ သွေးလည်ပတ်မှုကို ပိုမိုအားကောင်းစေပါတယ်။ တစ်ညလုံး ပုံစံတစ်မျိုးတည်း အိပ်ဖို့တော့မဖြစ်နိုင်တဲ့အတွက် ညာဘက်သို့လည်း ခဏပြန်စောင်း အိပ်နိုင်ပါတယ်။ ပက်လက်လှန်အိပ်ခြင်းကိုတော့ ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ ရှောင်ကြဉ်နိုင်သလောက် ရှောင်ကြဉ်သင့်ပါတယ်။

၂. လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ပေးပါ။

လမ်းလျှောက်ခြင်း၊ ယောဂ၊ ရေကူးခြင်းများ ကဲ့သို့သော အပေါ့စား လေ့ကျင့်ခန်းများကို တစ်ရက် မိနစ် ၃၀ ခန့် ပြုလုပ်ပေးခြင်းဖြင့် ပိုမိုအိပ်ပျော်စေနိုင်ပါတယ်။

၃. စိတ်ဖိစီးမှု နှင့် အပူအပင် မရှိအောင်နေပါ။

စိတ်ဖိစီးမှုတွေဟာ ညအခါနှစ်ခြိုက်စွာ အိပ်ပျော်ခြင်းကို များစွာ အနှောက်အယှက် ဖြစ်စေနိုင်တဲ့အတွက် တရားထိုင်ခြင်းဖြင့်လည်း စိတ်ဖိစီးမှုကို လျှော့ကျစေနိုင်ပါတယ်။

၎. နေ့အချိန်တရေးအိပ်ခြင်းကို လျှော့ချပါ။

နေ့အခါတရေးအိပ်ခြင်းဟာ ကိုယ်ဝန်ဆောင်မိခင်များအတွက် လိုအပ်ပေမယ့် တရေးအိပ်ချိန်ဟာ နာရီပေါင်းများစွာ ကျော်လွန်ပါက ညအခါပုံမှန်အိပ်စက်ခြင်းကို ထိခိုက်စေနိုင်သည့်အတွက် တရေးအိပ်ပါကလည်း မိနစ် ၃၀ ထက်ပိုပြီး မအိပ်မိစေရန်ဂရုစိုက်ပါ။

၅. ည ၇နာရီ ကျော်လျှင် အရည်ကိုလျှော့သောက်ပါ။

နေ့ အချိန်တွင် အရည်များများသောက်သင့်ပြီး ညနေဖက်တွင် အရည်များကို လျှော့သောက်ခြင်းဖြင့် ညအခါအပေါ့သွားသည့်အကြိမ်ကို လျှော့ချနိုင်ပြီး အိပ်ရေးပျက်ခြင်းကို သက်သာစေနိုင်ပါတယ်။

၆. ကျန်းမာစွာ စားပါ။

တစ်နေ့တာ အစားအသောက်ကို ဆင်ခြင်စွာ စားသောက်ပါ။ အစပ်လျှော့စားပါ၊ ဆီကြော်စာများကို ရှောင်ကြဉ်ပါ၊ ကဖင်းဓာတ်ပါသော အစားအသောက်များကိုဖြတ်ပါ။ အရက်ဆေးလိပ်မသောက်ပါနှင့်။ အစာကို မျှတစွာ စားသုံးပေးခြင်းဖြင့် အဟာရပြည့်ဝကာ ကျေနပ်မှုရရှိစေပြီး ညအခါပိုမို အိပ်ပျော်စေရန် အထောက်အကူဖြစ်ပါတယ်။

၇. ခေါင်းအုံးလုံလောက်စွာ ဆောင်ထားပါ။

သက်သောင့်သက်သာပုံစံဖြင့် အိပ်စက်နိုင်ရန် လုံလောက်သော ခေါင်းအုံးများ အသုံးပြုပါ။ ရင်ပူခြင်း၊ အော့အန်ချင်စိတ်ဖြစ်ပေါ်ပါက ခေါင်းအုံးများ အသုံးပြုကာ ကိုယ်ခန္ဓာအပေါ်ပိုင်းအား ခုပြီး မြင့်တက်အောင် ထားခြင်းဖြင့် သက်သောင့်သက်သာဖြစ်စေနိုင်ပါတယ်။

ခြေထောက်နှစ်ချောင်းကြား၊ ကြောအနောက်ဖက်ခြမ်းနှင့် ၀မ်းဗိုက်အောက်တို့တွင် ခေါင်းအုံးခုခြင်းဖြင့်လည်း ခန္ဓာကိုယ်၏ဖိအားကြောင့် ကိုက်ခဲခြင်းများကိုသက်သာစေကာ နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်ပါတယ်။

၈. ညနေအချိန်အခါတိုင်းကို သက်သောင့်သက်သာရှိစွာ ဖြတ်ကျော်ပါ

ညနေစာ စားသုံးပြီး ချိန်မှစတင်ကာ ကဖင်းဓာတ်မပါဝင်တဲ့ အရည်ပူပူ၊ နို့ပူပူတစ်ခွက်နှင့် စာရေးခြင်း၊ စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ အနှိပ်ခံခြင်း ကဲ့သို့သော စိတ်ဖိစီးမှုကို လျှော့ကျစေနိုင်သော လုပ်ဆောင်မှုမျိုးကို ဆောင်ရွက်ခြင်းဖြင့် ညအခါပိုမို အိပ်ပျော်စေနိုင်ပါသည်။

Credit: pho thu taw

Read times
Rate this item
(1 Vote)