What's New



×

Warning

JUser: :_load: Unable to load user with ID: 62

ရင်သားကင်ဆာရောဂါက အမျိုးသမီး အများဆုံးရင်ဆိုင်နေရတဲ့ ရောဂါတစ်မျိုးလည်းဖြစ်ပါတယ်။

Published in Health Benefits

ယခုအချိန်မှာ ကင်ဆာရောဂါက အသက်အန္တာရာယ်ချိန်းခြောက်မှု တစ်ခုလိုဖြစ်နေပါတယ်။ ကင်ဆာဖြစ်ပြီး အသက်ဆုံးရှုံးမှုကလည်း မာကြာခဏဆိုတာလို ဖြစ်ပွားနေပါတယ်။ ကင်ဆာရောဂါ ကုသစရိတ်ကလည်း ငွေကုန်ကြေးကြများတဲ့အပြင် ပျောက်ကင်းနိုင်တဲ့ဆေးဝါးများ ရှိကြောင်းလည်း အတည်မပြုနိုင်တဲ့ ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။

ကင်ဆာရောဂါဖြစ်ပွားခြင်းက အစားအသောက်ကြောင့် အများဆုံးဖြစ်ပွားတဲ့ ရောဂါလည်းဖြစ်တဲ့အပြင် မျိုးရိုးဗိဇကြောင့် လည်းဖြစ်ပွားနိုင်ပါတယ်။ ဒါကြောင့် အစားအသောက်ကို ဂရုစိုက်စားသုံးခြင်းဖြင့် ကင်ဆာရောဂါဖြစ်ခြင်းမှာ ကွာကယ်နိုင်ပါတယ်။ ဘယ်လိုအစားအသောက်များကို ရှောင်ကျဉ်သင့်လည်းဆိုတာ ကို ဖော်ပြလိုက်ပါတယ်။ 


အကင်အမျိုးမျိုး

အသားကင်၊ ငါးကင် ၊ အသားတုကင် ၊ အရွက်ကင်များကို အလွန်အကျွံစားသုံးခြင်းက ကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။

 

Dentists & Dental Clinics (သွား နှင့် ခံတွင်း ဆေးကုခန်းပေါင်း ၇၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)

Image result for Dentists & Dental Clinics


တာရှည်ခံ အသားများ

ကြက်အူချောင်း၊ ဝက်အူချောင်းတွေ၊ အသားလုံး၊ အသားပြား၊ အသားခြောက်တွေ၊ Hot Dog တွေမှာ အသားကို တာရှည်ခံစေဖို့ ဆိုဒီ ယမ်နိုက်ထရိတ်ဓာတုပစ္စည်းတွေ ထည့်သွင်းထားတာကြောင့် ကင်ဆာ ရောဂါအမျိုးမျိုး ဖြစ်စေသလို ကင်ဆာဝေဒနာသည်တွေ စားသုံးမိရင် ကင်ဆာအဖုအကျိတ်တွေကို လျင်မြန်စွာကြီးထွား ပျံ့နှံ့လာစေနိုင်ပါတယ်။



သစ်သီးခြောက်များ

ပန်းသီး၊ စတော်ဘယ်ရီ၊ စပျစ် စတဲ့သစ်သီးခြောက်စားသုံးခြင်းက ကျန်းမာရေးကို ကောင်းကျိုးပြုစေတယ်လို့ လူသားအားလုံးက ယုံကြည် နေကြပါတယ်။ သင့်တင့်မျှတတဲ့ပမာဏကကောင်းပေမယ့် လွန်ကျူးစွာ စားသောက်မိရင်တော့ သစ်သီးခြောက်တွေမှာသုံးထားသော နွမ်းခြောက်ဆေးများ၊ အချို၊ အငန်ဓာတ်တွေက လူကိုဘေး ဖြစ်စေပါတယ်။


ဆော်ဒါအချိုရည်များ

ဆော်ဒါအချိုရည်တွေကို အရသာကောင်းစေဖို့ အချို ဓာတ်တွေသာမက အရောင်လှစေဖို့ အရောင်ဆိုးဆေးတွေ သုံးထားပါတယ်။ ဒါ့အပြင် အမြှုပ်ထစေဖို့ ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့တွေ ထည့်သွင်းထားတာကြောင့် ထိုဓာတ်ပေါင်း စုက လူ့ခန္ဓာကိုယ်တွင်းကလီစာတွေကို အက်စစ်ဓာတ်ပြုပြီး ကင်ဆာဆဲလ်တွေ တိုးပွားလာစေနိုင်ပါတယ်။



ဆေးသကြားခဲများ

သကြားအစားထိုး ဆေးသကြားခဲများ၊ အချိုမှုန့်များနဲ့ သဘာဝကိုဆန့်ကျင်၍ ဓာတုပစ္စည်းများဖြင့်ပြောင်းလဲကာ ဟင်းခတ်မှုန့်ပြုလုပ်ထားကြတဲ့ (ကြက်၊ ဝက်၊ ဟင်းရွက်)အမှုန့်ချိုချိုတွေ က သွေးတိုး၊ ဆီးချိုရောဂါများသာမက၊ ကိုယ်ဝန်ဆောင်များကို သားလျှော စေတဲ့အပြင် ကင်ဆာရောဂါအမျိုးမျိုးတို့ကိုပါ ဖြစ်စေနိုင်ပါတယ်။

Written By Health Products Directory


(Zawgyi)

=====

ကင်ဆာရောဂါမဖြစ်ပွားအောင် ရှောင်ကျင်သင့်တဲ့ အစားအစာများ

 


 


 

အကင်အမျိုးမျိုး


 





တာရှည်ခံ အသားများ


 

သစ်သီးခြောက်များ



ဆော်ဒါအချိုရည်များ



ဆေးသကြားခဲများ




မုန့်ချိုအိတ်ကင်ဆာ (ပန်ကရိယကင်ဆာ) ဆိုတာ အစာအိမ်ရဲ့ အနောက်မှာရှိတဲ့ မုန့်ချိုအိတ်ရဲ့ တစ်ရှူးထဲမှာ ဖြစ်တတ်တဲ့ ကင်ဆာဖြစ်ပါတယ်။ မုန့်ချိုအိတ်ဟာ အစာခြေဖျက်ရာမှာ အရေးပါတဲ့ အင်ဇိုင်းတွေ ထုတ်လုပ်ပြီး အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်း တစ်ခုဖြစ်ပါတယ်။ 

 

မုန့်ချိုအိတ်က ဂလူကဂွန်၊ အင်ဆူလင် စတဲ့ သွေးတွင်းသကြားဓါတ် ဇီဝဖြစ်ပျက်မှုတွေကို ထိန်းချုပ်ပေးတဲ့ ဟော်မုန်းတွေ ထုတ်လုပ်ပေးပါတယ်။ အင်ဆူလင်ဟာ ဂလူးကို့စ်ကနေ စွမ်းအင်ဖြစ်စေပြီး ဂလူကဂွန်ဟာ သကြားဓါတ်နည်းနေချိန်မှာ မြှင့်တင်ပေးပါတယ်။

 

ပန်ကရိယကင်ဆာဟာ အမေရိကန်နိုင်ငံမှာ ကင်ဆာရောဂါနဲ့ ပတ်သက်တဲ့ သေဆုံးမှုတွေမှာ စတုတ္ထမြောက် သေဆုံးမှုအမြင့်ဆုံး ဖြစ်ပါတယ်။ မုန့်ချိုအိတ်ရဲ့ တည်နေရာကြောင့် ရောဂါရှာသိဖို့ ခဲယဉ်းပြီး ကြာမှ သိလာရတတ်ပါတယ်။ 

 

“ ကင်ဆာတွေထဲမှာ အဆိုးဆုံးကင်ဆာကတော့ Pancreatic Cancer ပန်ကရိယကင်ဆာ ( မုန့်ချိုအိတ်ကင်ဆာ ) ဖြစ်ပါတယ်။ ဒီရောဂါ ဖြစ်ပြီဆိုရင် များသောအားဖြင့် (၂) လမှ (၆)လ လောက်ပဲ အသက်ရှင်ပါတယ်။ ဒါကြောင့် ကင်ဆာဘုရင်လို့ ခေါ်ပါတယ်။ “ လို့ ဒေါက်တာမော်နီကာသူရိန်က ပြောပါတယ်။

 

ရောဂါလက္ခဏာများ

 

  • ဝမ်းဗိုက်အပေါ်ပိုင်းအောင့်ပြီး နောက်ကျောကိုပါ ပြန့်နှံ့ခြင်း
  • အသားရောင်ဝါပြီး မျက်လုံးဖြူခြင်း
  • အစားအသောက်ပျက်ခြင်း
  • ကိုယ်အလေးချိန်ကျဆင်းခြင်း
  • စိတ်ကျခြင်း
  • သွေးခဲခြင်း တို့ ဖြစ်ပြီး ရောဂါဆိုးလာတဲ့ အချိန်မတိုင်မီထိ လက္ခဏာ မပြတတ်ပါဘူး။ 

 

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

 

စောစီးစွာ ရောဂါရှာဖွေကုသခြင်းဟာ အခြေအနေ ပိုဆိုးမသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ ဆရာဝန်နဲ့ မြန်နိုင်သမျှ မြန်အောင် ပြသပါ။ အထက်ပါ လက္ခဏာတွေရှိနေရင်၊ သိလိုတာတွေရှိရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ တယောက်နဲ့ တယောက် ဖြစ်ပျက်ပုံတော့ မတူနိုင်ပါဘူး။ ကိုယ့်အတွက် ဘယ်အရာက အကောင်းဆုံးဖြစ်မယ် ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပါ။

 

Advertisement

 Click Here > Beauty Promo Pwal

 

ဒေါက်တာက “ အစောပိုင်းမှာ ဒီကင်ဆာရောဂါ ဖြစ်နေတာကို မသိဘဲ အစာအိမ်ရောဂါအနေနဲ့ မှားယွင်းပြီး ကုသနေတတ်ကြပါတယ်။ ပန်ကရိယရဲ့ ကိုယ်နဲ့ အမြီးမှာ ကင်ဆာဖြစ်နေရင် လူနာက ဗိုက်နာပါတယ်။ အစာအိမ်နဲ့ ကပ်နေတာကြောင့် အစာအိမ်က နာတယ်၊ အစာအိမ်ရောဂါ ဖြစ်တယ်လို့  ဆရာဝန်တွေက ထင်ကြပြီး အစာမကြေတာ၊ အစာအိမ်ရောင်တာ၊ အစာအိမ်အနာဖြစ်တာလို့ မှားယွင်းစွာ ဆုံးဖြတ်ကြပါတယ်။ အဲဒီလို တခြားရောဂါအနေနဲ့ မှားယွင်းစွာ ကုသနေပြီး ပန်ကရိယကင်ဆာ ဖြစ်နေတယ်ဆိုတာ သိတဲ့အချိန်မှာတော့ အရမ်း အရမ်း နောက်ကျနေပါပြီ။ “ လို့ ဆိုပါတယ်။

 

ရောဂါဖြစ်စေတဲ့ အကြောင်းရင်းများ

 

ပန်ကရိယကင်ဆာ ဖြစ်ရတဲ့ အကြောင်းအရင်းကိုတော့ ယနေ့တိုင် မသိရသေးပါဘူး။ ဒီကင်ဆာအမျိုးအစားဟာ ပုံမှန်မဟုတ်တဲ့ဆဲလ်တွေ မုန့်ချိုအိတ်ထဲမှာ ကြီးထွားလာပြီး အကျိတ်ဖြစ်ပေါ်ရာကနေ စတင်ဖြစ်ပွားပါတယ်။ ပုံမှန်ဆဲလ်တွေဟာ သူ့ပမာဏအတိုင်းပဲ ကြီးထွားလာပြီး သေဆုံးတတ်ပါတယ်။ ကင်ဆာဖြစ်ရင်တော့ ဆဲလ်အရေအတွက် ပုံမှန်ထက်များပြားလာပြီး ပုံမှန်ဆဲလ်တွေကိုပါ ဝါးမြိုသွားပါတယ်။

 

ရောဂါဖြစ်နိုင်ခြေများ

  • ဆေးလိပ်သောက်ခြင်း
  • အဝလွန်ခြင်း
  • လေ့ကျင့်ခန်းပုံမှန်မလုပ်ခြင်း
  • အသီးအနှံအစားနည်းခြင်း
  • အဆီများသော အစာစားခြင်း
  • အရက်သောက်လွန်းခြင်း
  • ဆီးချီုရှိခြင်း
  • ပိုးသတ်ဆေး၊ ဓါတုဆေးဝါးများဖြင့် အလုပ်လုပ်နေရခြင်း
  • မုန့်ချိုအိတ်နာတာရှည်ရောင်ရမ်းခြင်း
  • အသည်းပျက်စီးခြင်း
  • မုန့်ချိုအိတ်ကင်ဆာနှင့်ပတ်သက်၍ မိသားစုရာဇဝင်ရှိခြင်း၊ ကင်ဆာနှင့် ဆက်နွယ်သော မျိုးရိုးဗီဇ ချို့ယွင်းမှုရှိခြင်း စတဲ့ အခြေအနေတွေမှာ ဖြစ်ပွားနိုင်ခြေ ပိုမိုများပြားစေပါတယ်။

 

“ ပန်ကရိယကင်ဆာမဖြစ်ခင် တစ်နှစ်ခွဲကနေ ခြောက်လအတွင်းမှာ သွေးထဲက သကြားဓာတ်က ပိုမြင့်လာပါတယ်။ ကိုလက်စထရော စတဲ့ သွေးတွင်းအဆီဓာတ်တွေက ကျဆင်းလာပါတယ်။ အရေပြားအောက်က အဆီတွေ ကျလာပြီး ကိုယ်အလေးချိန်က ကျမသွားဘူး။ ပန်ကရိယကင်ဆာ မဖြစ်ခင် ခြောက်လအတွင်းမှာ သိသိသာသာ ပိန်သွားတယ်။ သွေးတွင်းအဆီဓာတ်တွေ ထပ်ပြီး ကျဆင်းလာတယ်။ သွေးတွင်းအချိုဓာတ် တဖြည်းဖြည်း တက်လာပြီး အကြောင်းထူးမရှိဘဲ တဖြည်းဖြည်း ကိုယ်အလေးချိန် ကျသွားရင် အထူးသတိထားဖို့ ကောင်းပါတယ်။ “ လို့ ဒေါက်တာမော်နီကာသူရိန်က သတိပေးပါတယ်။

 

Advertisement

Click Here > Central Ko Soe Myint

 

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

 

ဒီရောဂါရှိတယ်လို့ သံသယရှိရင် အောက်ပါစမ်းသပ်မှုတွေ အသေးစိတ်ပြုလုပ်ပါလိမ့်မယ်။ လက္ခဏာတွေကို သုံးသပ်ပြီး ရောဂါရာဇဝင် မေးပါလိမ့်မယ်။ အောက်ပါစစ်ဆေးနည်းတွေ ပါဝင်ပါတယ်။

  • မုန့်ချိုအိတ်အနေအထားကို အသေးစိတ်သိနိုင်ရန် CT၊ MRI ရိုက်ခြင်း
  • အစာအိမ်လမ်းကြောင်းအတွင်း မှန်ပြောင်းဖြင့် အာထရာဆောင်းရိုက်ခြင်း
  • အသားစနမူနာစစ်ဆေးခြင်း
  • အကျိတ်လက္ခဏာ CA 19-9 ရှိမရှိ သွေးစစ်ခြင်း

 

ရောဂါအတည်ပြုပြီးရင် အောက်ပါအတိုင်း အဆင့်သတ်မှတ်ပါလိမ့်မယ်။

အဆင့် ၁။ အကျိတ်ဟာ မုန့်ချိုအိတ်အတွင်းမှာပဲ ရှိနေပါတယ်။

 

အဆင့် ၂။ အကျိတ်များဟာ နီးစပ်ရာ ဝမ်းဗိုက်အတွင်းက တစ်သျှူးနဲ့ ပြန်ရည်ကြောဖုတွေဆီ ပြန့်နေပါတယ်။

 

အဆင့် ၃။ အကျိတ်များဟာ အဓိကကျတဲ့ သွေးကြောနဲ့ ပြန်ရေကြောဖုတွေဆီ ပြန့်နှံ့နေပါတယ်။

 

အဆင့် ၄။ အကျိတ်များဟာ တခြား အင်္ဂါအစိတ်အပိုင်းများ ( ဥပမာ - အသည်း ) ကို ပြန့်နှံ့နေပါတယ်။

 

ဘယ်လိုကုသနိုင်သလဲ

 

ကင်ဆာအဆင့်ပေါ် မူတည်ပါတယ်။ ကုသမှုမှာ ရည်ရွယ်ချက် (၂) ခု ရှိပါတယ်။ ပထမတစ်ချက်က ကင်ဆာဆဲလ်တွေကို သေစေဖို့နဲ့ ဒုတိယတချက်က ရောဂါပြန့်နှံ့ခြင်းကို တားဆီးဖို့ ဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကျခြင်း၊ အူလမ်းကြောင်းပိတ်ဆို့ခြင်း၊ ဗိုက်အောင့်ခြင်း၊ အသည်းပျက်စီးခြင်း စတာတွေဟာ မုန့်ချိုအိတ်ကင်ဆာကုသစဉ်မှာ တွေ့ရများတဲ့ နောက်ဆက်တွဲပြသနာတွေပဲ ဖြစ်ပါတယ်။

 

ခွဲစိတ်ခြင်း

 

အကျိတ်ဟာ မုန့်ချိုအိတ်ထဲမှာပဲ ရှိသေးရင် ခွဲစိတ်ကုသပါတယ်။ နေရာအတိအကျ သိရပါတယ်။ မုန့်ချိုအိတ်ရဲ့ ခေါင်းနဲ့ လည်ပင်းပိုင်းမှာရှိရင် ဖြတ်တောက်ဖယ်ရှားတဲ့နည်း သုံးပါတယ်။ မုန့်ချိုအိတ်ရဲ့ ခေါင်းပိုင်းနဲ့ ကိုယ်ပိုင်းရဲ့ (၂၀) ရာခိုင်နှုန်းကို ဖယ်ရှားပါတယ်။ သည်းခြေအိတ် အောက်ခြေတစ်ဝက်နဲ့ အူရဲ့ အစပိုင်းကိုပါ ဖယ်ထုတ်ရပါတယ်။ နောက်နည်းလမ်းတစ်ခုမှာတော့ အစာအိမ်ရဲ့ တစိတ်တပိုင်းပါ ဖယ်ရှားပါတယ်။

 

Advertisement

Click Here > Central Ko Soe Myint

 

ဒေါက်တာက “ ပန်ကရိယကင်ဆာကို ပျောက်အောင်ကုသနိုင်တဲ့ နည်းကတော့ ခွဲစိတ်ကုသခြင်းပါပဲ။ အထက်က ပြောသလို ဒီရောဂါကို သိတဲ့အချိန်မှာ နောက်ကျနေပြီ ဖြစ်တဲ့အတွက် လူနာ ၈၀% က ခွဲစိတ်လို့ မရတဲ့ အခြေအနေကို ရောက်နေပါပြီ။ ကီမိုဆေးသွင်းခြင်း၊ ဓာတ်ကင်ခြင်း တွေကလည်း ပန်ကရိယကင်ဆာအပေါ် ထိရောက်မှု မရှိပါဘူး။ အခြား ကုသနည်းတွေ၊ ဆေးဝါးအသစ်တွေကလည်း စမ်းသပ်ဆဲ အဆင့်မှာပဲ ရှိပါသေးတယ်။ “ လို့ ပြောပါတယ်။

 

ဓါတ်ရောင်ခြည်သုံး ကုသခြင်း

 

မုန့်ချိုအိတ်အပြင်ကို အကျိတ်တွေ ပြန့်လာရင် X Ray နဲ့ တခြားစွမ်းအားမြင့် ရောင်ခြည်တွေကို ကင်ဆာဆဲလ်တွေ သတ်ဖို့ သုံးပါတယ်။

 

ကင်ဆာဆေးသွင်းခြင်း

 

ကင်ဆာဆဲလ်တွေ ထပ်မံမပြန့်ပွားရအောင် တခြားနည်းလမ်းတွေနဲ့ပါ ပေါင်းစပ် အသုံးပြုပါတယ်။

 

နေထိုင်မှုပုံစံနှင့် အိမ်တွင်းကုထုံးများ

 

  • ဆေးလိပ်ဖြတ်ခြင်း
  • အာဟာရပြည့်ဝအောင် စားသောက်ခြင်း
  • တနေ့လျှင် နာရီဝက်ခန့် လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်း
  • အသီးအရွက် များများစားခြင်း
  • အဆီများသော အစာများ ရှောင်ခြင်း
  • အရက်ရှောင်ခြင်း စတဲ့ နေထိုင်မှုပုံစံနဲ့ အိမ်တွင်းကုထုံးတွေက ပန်ကရိယကင်ဆာအတွက် အထောက်အကူ ပြုပါတယ်။

 

ပန်ကရိယကင်ဆာကို ကုသခြင်းထက် ကြိုတင်ကာကွယ်ရေးက ပိုအရေးကြီးပါတယ်။ ဒါကြောက့် ဆေးလိပ်ဖြတ်တာ၊ အရက်အလွန်အကျွံသောက်ခြင်းနဲ့ အချိုရည် အလွန်အကျွံ သောက်ခြင်းကို ရှောင်ကျဉ်တာ၊ ပြုပြင်ထားတဲ့ အသားနဲ့ အသားကင်တွေကို လျှော့စားပြီး သန့်ရှင်း လတ်ဆတ်တဲ့ အသီးအနှံ၊ အရွက်တွေကို စားသုံးတာမျိုး အလေ့အကျင့် လုပ်ထားသင့်ပါတယ်။

 

အထူးသဖြင့် လူကြီးပိုင်းတွေအနေနဲ့ အသက် (၅၀) ကျော်ရင် သွေးတွင်းအချိုဓာတ် Blood Glucose Levels ကို အမြဲတိုင်းပါ။ သွေးအချိုဓာတ်တွေ တဖြည်းဖြည်း တက်လာမယ်၊ အဆီဓာတ်တွေ တဖြည်းဖြည်း ကျသွားမယ်၊ အကြောင်းထူးမရှိဘဲ ကိုယ်အလေးချိန်ကျမယ်  ဆိုရင် အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။

 

Ref : Hello Sayarwon,

ဒေါက်တာမော်နီကာသူရိန်

Published in Diseases

နယူးယောက်တွင် ကင်ဆာကုသမှုနဲ့ ကုသစရိတ်က စျေးကြီးပါတယ်။

Published in Diseases

သားအိမ်ခေါင်းကင်ဆာရောဂါကို အမျိုးသမီးအများဆုံးဖြစ်ပွားတဲ့ ကင်ဆာရောဂါတစ်ခုဖြစ်ပါတယ်။

Published in Diseases

ကင်ဆာရောဂါထဲတွင် ရင်သားကင်ဆာရောဂါကလည်း များဆုံးဖြစ်ပွားသော ကင်ဆာရောဂါတစ်မျိုးလည်းဖြစ်ပါတယ်။

Published in Diseases

ကမ္ဘာတစ်ဝန်း ကင်ဆာရောဂါကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးနေရပါတယ်။

Published in Diseases

ယခုချိန်များတွင် ကင်ဆာရောဂါကြောင့် အသက်များစွာ ဆုံးနေရပါတယ်။

Published in Diseases

(၁)ပုံမှန်မဟုတ်တဲ့ အဖြူ /အကျိအချွဲတွေဆင်း

Published in Diseases