What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 07 June 2022 13:17

ကင်ဆာကုသမှုကုန်ကျစရိတ် နယူးယောက်တွင် ဘယ်လောက်ထိရှိသလဲ....

နယူးယောက်တွင် ကင်ဆာကုသမှုနဲ့ ကုသစရိတ်က စျေးကြီးပါတယ်။

သင့်ကျန်းမာရေး၊ စိတ်ခံစားမှု၊ အချိန်၊ ဆက်ဆံရေးနှင့် ငွေကြေး ကုန်ကျမှုအပေါ် အနည်းငယ် ကွားဟမှုလည်းရှိနိုင်ပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါကို ကုသမှုဖို့အတွက် ပိုက်ဆံအကြောင်းပြောလာတဲ့အခါ အခက်ခဲများနေတာကို တွေ့မြင်ရပါတယ်။

ကင်ဆာရောဂါဆိုတာက ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အချို့သောဆဲလ်များ ကြီးထွားမလာဘဲ ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေကို ပျံ့နှံ့သွားတဲ့ (တခြားအစိတ်ပိုင်းများကို လိုက်စားသွားခြင်း) ရောဂါမျိုးဖြစ်ပါတယ်။ ထရီလီယံပေါင်းများစွာရှိတဲ့ ကင်ဆာဆဲလ်တွေကို အချိန်နဲ့တပြေးညီ မထိန်းချုပ်နိုင်ဘူးဆိုရင် လူ့ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတိုင်းနီးပါးသို့ ပျံ့နှံ့သွားနိုင်ပါတယ်။

ဒီကင်ဆာဆဲလ်တွေကို ပုံမှန်အားဖြင့် ခွဲခြမ်းစိပ်ဖြာပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဆဲလ်အသစ်များဖွဲ့စည်းခြင်း (ဆဲလ်ခွဲဝေမှု သာမန်လူနားမလည်နိုင်သော လုပ်ငန်းစဉ်) တွေ ပြုလုပ်ရပါတယ်။

ကင်ဆာကုသခြင်း ဆေးဘက်ဆိုင်ရာကုန်ကျစရိတ်

ကင်ဆာရောဂါကို ကုသမှုမလုပ်ခင်မှာ မိမိအနေနဲ့ တက်နိုင်သမျှလေ့လာဖို့လိုအပ်ပါတယ်။ ကင်ဆာရောဂါ ကုသမှုပြုလုပ်နေတဲ့ မိတ်ဆွေတွေ ၊ ကုသမှုပုံစံတွေ ၊ ကုန်ကျစရိတ်တွေကို ကြိုတင်လေ့လာထားမှသာ ကင်ဆာရောဂါ ကုသမှုအတွက် ကုန်ကျစရိတ်တွေကို အောက်ဖော်ပြပါ လုပ်ငန်းစဉ်များအတွက် ငွေကြေး စီမံရာမှာ အဆင်ပြေလွယ်ကူစေမှာ ဖြစ်ပါတယ်။

- ဆေးခန်းသို့လာရောက်၍ ကုသမှုခံယူရန် ကုန်ကျစရိတ်၊

- ဓာတ်ခွဲစစ်ဆေးခြင်း (သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း နှင့် အခြားအရာများအတွက် ကုန်ကျစရိတ်)၊

- နည်းစနစ်များ (အခန်းခများ၊ ပစ္စည်းကိရိယာများ၊ မတူညီသောဆရာဝန်များနှင့် အခြားအရာများ ပါဝင်နိုင်သည့် ရောဂါရှာဖွေခြင်း သို့မဟုတ် ကုသမှုအတွက် ကုန်ကျစရိတ်)၊

- ပုံရိပ်ဖော်စစ်ဆေးမှုများ (ဥပမာ- ဓာတ်မှန်ရိုက်ခြင်း၊ CT စကင်န်နှင့် MRI များ ၊ စက်ကိရိယာများနှင့် စမ်းသပ်မှုအတွက် ကုန်ကျစရိတ်)၊

- ဓာတ်ရောင်ခြည်ကုထုံး (ထည့်သွင်းခြင်း၊ ပြင်ပဓါတ်ရောင်ခြည် သို့မဟုတ် နှစ်မျိုးလုံးအတွက် ကုန်ကျစရိတ်တစ်မျိုးမျိုး)၊

- ဆေးဝါးစျေးနှုန်းများ (ဆေးစာ သို့မဟုတ် ဆရာဝန်မှညွန်းကြားသော ဆေးညွန်းအတွက် ကုန်ကျစရိတ်)၊

- ဆေးရုံတက်ကုသခြင်း (ဆေးဝါးများ၊ စမ်းသပ်မှုများ၊ လုပ်ထုံးလုပ်နည်းများအပြင် သူနာပြုစောင့်ရှောက်မှု၊ ဆရာဝန်လာရောက်ခြင်းနှင့် အထူးကုများနှင့် တိုင်ပင်ခြင်းစသည့် ကုန်ကျစရိတ်များစွာပါဝင်နိုင်သည်)၊

- ပြန်လည်ထူထောင်ရေး၊ ခွဲစိတ်မှုဆိုင်ရာကုန်ကျစရိတ်များ၊

- အိမ်တွင်းကျန်းမာရေးစောင့်ရှောက်မှု ကုန်ကျစရိတ် (စက်ပစ္စည်းများ၊ ဆေးဝါးများ၊ အထူးလေ့ကျင့်ထားသည့် သူနာပြုများမှ လာရောက်စောင့်ရှောက်မှုနှင့် အခြားအရာများ ပါဝင်နိုင်သည်)၊

- အထူးကုများထံ လွှဲပြောင်းပေးခြင်းများ (အခြားအထူးပြုဆရာဝန်များ၊ ကာယကုထုံးနှင့် အခြားသူများ) နှင့် သယ်ယူပို့ဆောင်ရေးစရိတ်များ (ကား၊ လေယာဉ်၊ ရထား၊ တက္ကစီ သို့မဟုတ် ဘတ်စ်ကားဖြင့်ဖြစ်စေ အသွားအပြန် ကုသမှုစရိတ်များ ပါဝင်နိုင်ပါသည်။ အချို့သောဆေးရုံများတွင် ကားပါကင်ခကောက်ခံနိုင်ပါသည်။ သို့မဟုတ် ဆေးခန်းများ)။


နယူးယောက်ရှိ ကင်ဆာကုသမှု ကုန်ကျစရိတ်

AARP မဂ္ဂဇင်း၏ အဆိုအရ ကင်ဆာကုသမှုတစ်ခုရဲ့ ပျမ်းမျှစုစုပေါင်းကုန်ကျစရိတ်မှာ $150,000 ဝန်းကျင်ရှိတယ်လို့ ပြောထားခဲ့ဖူးပေးမယ့်လည်း အမှန်တကယ်ကတော့ အ့လိုမျိုးတော့မဟုတ်ပါဘူး။ ဘာလို့လည်းဆိုတော့ အာမခံအကျုံးဝင်မှုတွေ၊ ကင်ဆာအမျိုးအစားများနှင့် ကုသမှုတွေ၊ ကုသမှုအကြိမ်ရေနှင့် ကင်ဆာစင်တာစျေးနှုန်းများ အပါအဝင် စုစုပေါင်း နဲ့ အိတ်ကပ်ပြင်ပကုန်ကျစရိတ်များအပေါ် သက်ရောက်မှုပါတယ်။

ရလဒ်အနေနဲ့ ကင်ဆာအမျိုးအစားအားလုံးအတွက် ကင်ဆာကုထုံးကုန်ကျစရိတ်ကို ခန့်မှန်းဖို့ကတော့ မဖြစ်နိုင်ပါဘူး။ နယူးယောက်မြို့ရဲ့ အချိန်ပြည့်လုပ်အားခ (သို့) လစာအလုပ်သမားတစ်ယောက် အခွန်မဆောင်မီ သူရဲ့ တလဝင်ငွေက $3,600 ရှိပါတယ်။ အချို့ကင်ဆာ ဓာတုကုထုံး နဲ့ ခုခံအားဆေးသွင်းတဲ့ ကုန်ကျစရိတ်က တစ်လလုပ်အားခရဲ့ သုံးပုံတစ်ပုံမျှသာရှိပါတယ်။

အာမခံအစီအစဥ်အရ တစ်လလျှင် $10,000 ကုန်ကျသော ကင်ဆာဆေးအတွက် 25% coinsurance rate ရှိသော လူနာသည် တစ်လလျှင် $2,500 ပေးရမှာဖြစ်ပြီးတော့ ၎င်းက အမေရိကန်နိုင်ငံရဲ့ ပျမ်းမျှ လစဉ်ဝင်ငွေ၏ 70% ကျော်ဖြစ်ပါတယ်။ နယူးယောက်တွင် ကင်ဆာကုသမှုကုန်ကျစရိတ်ကို ကင်ဆာရောဂါ တိုးမြင့်လာမှုအပေါ် ကုန်ကျစရိတ်ကို အချက်များစွာဖြင့် ဆုံးဖြတ်ပါတယ်။ လေ့လာမှုများအရ ကင်ဆာကုသမှုများ ပိုမိုထိရောက်လာလေလေ ၎င်းက ပိုမိုစျေးကြီးလာလေ ဖြစ်ပါတယ်။

နယူးယောက်ရှိ ကင်ဆာကုသမှု ကုန်ကျစရိတ် နိဂုံးချုပ်

ကင်ဆာအားလုံးသည် အတူတူမဟုတ်သလို ဆေးဝါကုသမှု ကုန်ကျစရိတ်လည်း အတူတူမဟုတ်ပါဘူး။ ကင်ဆာရောဂါရဲ့ ငွေကြေးဆိုင်ရာ ကုန်ကျမှုတွေကတော့ ကင်ဆာရဲ့ အမျိုးအစားနဲ့ ကုသမှုပုံစံအမျိုးမျိုးတွေက ဆုံးဖြတ်ပေးသွားမှာဖြစ်ပါတယ်။

 

နယူးယောက်ရှိ ကင်ဆာကုသမှု နှင့် ပတ်သက်ပြီ အမေးများသော မေးခွန်းများ

ဘယ်ကင်ဆာရောဂါက သေဆုံးမှုအမြင့်ဆုံးလည်း?

အဆုတ်ကင်ဆာက ကင်ဆာကြောင့်သေဆုံးမှုရဲ့ အဖြစ်အများဆုံး အကြောင်းရင်းဖြစ်ပြီး ကင်ဆာသေဆုံးမှုအားလုံး၏ ၂၃ ရာခိုင်နှုန်းရှိပါတယ်။ အစာအိမ်အူလမ်းကြောင်းကင်ဆာ (၉ %) ၊ ပန်းကရိယာကင်ဆာ (၈%) ၊ အမျိုးသမီးရင်သားကင်ဆာ (၇ %) ၊
ဆီးကျိတ်ကင် (၅ %) ၊ အသည်း နှင့် သည်းခြေပြွန်ကင်ဆာ (၅%)၊ တခြားသောကင်ဆာအမျိုးမျိုးကြောင့်သေဆုံးမှု (၅%) ။

 

ကင်ဆာလူနာကို ကုသဖို့ ဘယ်လောက်ကုန်ကျလဲ။

အကယ်၍ UK ကင်ဆာ ဓာတုကုထုံးကို ရွေးချယ်မယ်ဆိုရင်တော့ ကုန်ကျစရိတ်မြင့်မားပါတယ်။ ဆေးဘက်ဆိုင်လိုအပ်ချက်အပေါ်မူတည်ပြီ ကင်ဆာ ဓာတုကုထုံးတစ်ကြိမ်ကို ပေါင် ၃ သောင်း အထိ ကုန်ကျနိုင်ပါတယ်။ အကယ်၍ တစ်ဦးတည်း သီးသန့်သွားရန် ရွေးချယ်ပါက UK တွင် ဓာတုကုထုံး ကုန်ကျစရိတ် မြင့်မားသည်။

စျေးနှုန်းသည် လူတစ်ဦးချင်းစီ၏ ဆေးဘက်ဆိုင်ရာလိုအပ်ချက်ပေါ်မူတည်၍ များစွာကွာခြားသော်လည်း ဓာတုကုထုံးတစ်ကြိမ်လျှင် ပေါင် 30,000 အထိ ကုန်ကျနိုင်ပါသည်။ NHS(National Health Service) ရဲ့ ခန့်မှန်းချက်အရ ကင်ဆာဓာတုကုထုံးရဲ့ ကုန်ကျစရိတ်က တစ်နှစ်ကို ၁.၄ ဘီလီယံ ကုန်ကျမှာ ဖြစ်ပါတယ်။

 

ကင်ဆာဖြစ်စေတဲ့ အဖြစ်အများဆုံး အကြောင်းရင်းက ဘာလဲ။

ဆေးလိပ်သောက်ခြင်းက ကင်ဆာရောဂါ နဲ့ ကင်ဆာကြောင့်သေဆုံးမှုဖြစ်စေတယ်လို့ ဆိုထားပေမယ့်လည်း အဝလွန်ခြင်းတွေ ၊ အစားအသောက်ညံ့ဖျင်းမှုတွေ နဲ့ အရက်အလွန်အကျွံ သောက်ခြင်းတို့ကြောင့်ဖြစ်ပွားလာတာတဲ့ ကင်ဆာနှင့် ကင်ဆာကြောင့်သေဆုံးမှုတွေက မြင့်တက်လာတာကို တွေ့ရပါတယ်။

 

Written By Aung Win (Myanmar Health Products Directory)

Ref: idealmedhealth

Read times
Rate this item
(2 votes)