ကမ္ဘာတစ်ဝန်း ကင်ဆာရောဂါကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးနေရပါတယ်။
ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းကလည်း မြင့်တက်လာပြီး ကင်ဆာရောဂါကို ကုသဆေးဝါများကြောင့်လည်း ဆံပင်ကျွတ်တာ၊ ကိုအလေးချိန်ကျလာတာ ၊ အစားအသောက်ပျက်လာတာ၊ သွေးပေါင်ကျတာများ ဖြစ်ပေါ်စေနိုင်ပါတယ်။ လည်ချောင်းကင်ဆာ၊ ဦးနှောက်ကင်ဆာ ၊ သွေးကင်ဆာ၊ အဆုတ်ကင်ဆာ ၊ သားအိမ်ကင်ဆာ ၊ ရင်သားကင်ဆာ ၊ လျှာကင်ဆာ ဆိုပြီး ကင်ဆာရောဂါအမျိုးမျိုးရှိပါတယ်။
လျှာကင်ဆာရောဂါဆိုတာ လျှာ၏ အရှေ့သို့မဟုတ် အနောက်ဘက်တွင် ကင်ဆာအကျိတ်ဖြစ်ပေါ်ခြင်းကို ဆိုလိုပါတယ်။ လျှာကင်ဆာရောဂါက ခံတွင်း၊ လည်ချောင်း၊ မေးရိုး၊ လည်ပင်း စတဲ့ အစိတ်အပိုင်းများ သာမက အသည်း၊ အဆုတ်၊ တင်ပဆုံရိုးအထိ ကင်ဆာဆဲလ်များ လျင်မြန်စွာ ပြန့်ပွားစေနိုင်ပါတယ်။
လျှာကင်ဆာရောဂါ လက္ခဏာများ
လျှာနာတာ ၊ လျှာလှုပ်ရှားရန် ခက်ခဲတာ၊ ခံတွင်းအနံ့ဆိုးတာ၊ အသံပြောင်းတာ ၊ အစားအေသာက်စားရန် ခက်ခဲတာ ၊ စကားပြောရန်ခက်ခဲတာ၊ လျှာပတ်ဘေးပတ်လည် အနီရောင် ၊ အဖြူရောင် အစက်များဖြစ်ပေါ်လာတာစတဲ့ လက္ခဏာများဖြစ်ပေါ်စေနိုင်ပါတယ်။
Dentists & Dental Clinics (သွား နှင့် ခံတွင်း ဆေးကုခန်းပေါင်း ၇၀၀ ကျော်ကို ကြည့်ရန် နှိပ်ပါ)
လျှာကင်ဆာရောဂါ အများဆုံး ဖြစ်နိုင်ချေရှိသူများ
ဆေးလိပ် အလွန်အကျွံ့သောက်သုံးတာ၊ ၊ ကွမ်းစားတာ ၊ အရက်အလွန်သောက်တာ ၊ HIV ကူးဆက်ခံရသူ၊ ခံတွင်းအနံဆိုး သူများ၊ အစားအသောက် မဆင်ချင် စားသုံးတာ ၊ မျိုးရိုးရှိသူများ ၊ ဆေးရွက်ကြီးငုံတာ ၊ စားသုံးခြင်းက လျှာကင်ဆာရောဂါကို အများဆုံးဖြစ်ပွား စေနိုင်ပါတယ်။
လျှာကင်ဆာ ကုသနည်း
လျှာကင်ဆာရောဂါကို ဆရာဝန်နဲ့ စစ်ဆေးပြီး လျှာကင်ဆာရောဂါရဲ့ အခြေအနေများ အလိုက် ကုသတာ၊ ဓာတ်ရောင်ခြည်နည်းဖြင့် ကုသခံတာ၊ ဓာတ်ကင်တာ၊ ကင်ဆာဆေးများပေးတာ စတဲ့နည်းလမ်းများဖြင့် ဆရာဝန်ရဲ့ လမ်းညွှန်ချက်များအတိုင်း လျှာကင်ဆာရောဂါကို ကုသမှုခံယူပါ။
Written By Health Products Directory
(Zawgyi)
=====
လျှာကင်ဆာရောဂါ အကြောင်း သိကောင်းစရာ
လျှာကင်ဆာ ကုသနည်း