ဆီးချို သွေးချို သမားများအနေနဲ့ကော် မိသားစုများအနေနဲ့ပါ သိထားသင့်တဲ့ ဆီးချို၊သွေးချို တက်ခြင်းနှင့်ကျခြင်း ရဲ့ လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။
ဆီးချိုရောဂါ (Diabetesmellitus) ဆိုတာ ကိုယ်ခန္ဓာထဲက သကြားအချိုဓါတ် (Glucose) ထိန်းညှိမှုဆိုင်ရာ ပြဿနာတစ်ရပ်ပဲ ဖြစ်ပါတယ်။ ဂလူးကို့စ် အချိုဓါတ်ဟာ ကြွက်သားတွေ၊ အာရုံကြောတွေ၊ ခန္ဓာကိုယ် တစ်ရှူးတွေ အတွက် အဓိက အင်အားတစ်ရပ် ဖြစ်ပါတယ်။
ဆီးချိုရောဂါဟာ ခန္ဓကိုယ်တစ်ကိုယ်လုံးလိုလိုကို ထိခိုက်စေပါတယ်။ လူ့ခန္ဓကိုယ်မှာရှိတဲ့ ကလာပ်စည်း(ဆဲလ်) အားလုံး အစာအာဟာရချို့တဲ့သွားရပါတယ်။
ဆီးချိူသွေးချို ရောဂါဆိုတာ နာတာရှည် ခံစားရသော ရောဂါတစ်မျိုးဖြစ်ပြီး အသက်အရွယ်မ ရွေးဖြစ်ပွားနိုင်သော ရောဂါတစ်ခုဖြစ်ပါတယ်။