What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 01 October 2020 08:54

" Fortune Plaza Covid Center " အလှူဒါန

EFD Group ၏ ဥက္ကဋ္ဌနှင့် Golden Environmental Construction Co., Ltd. ၏ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ

ဦးစိုင်းမျိုးဝင်း( #SaiMyoWin )သည် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ(၂၇)ရက်နေ့တွင် ကုမ္ပဏီမှ ပိုင်ဆိုင်သည့် သာကေတမြို့နယ်၊ မင်းနန္ဒာလမ်းနှင့် သုမနလမ်းထောင့်၊ မြေ(၁၆)ဧကကျော်ရှိ (၁)ရက်လျှင် ငှားရမ်းခ သိန်း(၃၀၀)ခန့် ကျသင့်သော Fortune Plaza, Myanmar Expo တွင် ပြပွဲကြီးများ ကျင်းပရာ ခန်းမကျယ်ကြီး၌ ကုတင်(၁,၀၀၀)ဆံ့ " #Fortune_Plaza_Covid_Center " အဖြစ် COVID-19 ပြီးဆုံးသည့် အချိန်အထိ အခမဲ့ အသုံးပြုခွင့်နှင့် " Fortune Plaza Covid Center " ၏ ကုသရေးဆိုင်ရာနှင့် လိုအပ်သော ကဏ္ဍများတွင် သုံးစွဲရန်အတွက် မတည်ရန်ပုံငွေ ကျပ်သိန်း(၁,၀၀၀)ကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသို့ လှူဒါန်း ခဲ့ပါသည်။
" Fortune Plaza Covid Center " ၏ စီမံ အုပ်ချုပ်ရေး၊ ကုသရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် ပေါင်းစပ် ညှိနှိုင်းရေးကော်မတီတို့မှ တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ပြီး COVID-19 ကုသရေးစင်တာအဖြစ် (၇)ရက်မှ (၁၀)ရက်အတွင်း ပြီးစီးအောင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်း၍ နေ့ဆိုင်း၊ ညဆိုင်းတို့ဖြင့် အင်တိုက်အားတိုက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
" Fortune Plaza Covid Center " တွင် တာဝန်ထမ်းဆောင်မည့် ကျန်းမာရေး ဆရာဝန်များ၊ စေတနာ့ ဝန်ထမ်းများနှင့် ကုသမှု ခံယူမည့်သူများ အားလုံးတို့အတွက် (၂၄)နာရီ လျှပ်စစ်ဓါတ်အားနှင့် ကောင်းမွန်သည့် Free Wifi ၊ လုံလောက်သည့် Air Condational စနစ်၊ ရေခဲသေတ္တာများ၊ ရေပူရေအေး (၂)မျိုးသုံး Water Cooler များ၊ အဝတ် လျှော်စက်များ၊ အဝတ် အခြောက်ခံစက်များနှင့် Hair Dryer များကို စီမံ ဆောင်ရွက်ထားပြီး လိုအပ်သည့် သောက်ရေသန့် များကို ကုသရေးစင်တာ ပြီးစီးသည်အထိ လှူဒါန်း သွားမည် ဖြစ်ပါသည်။
စားသောက်ရေးနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ၊ We Love Yangon တို့နှင့် ပူးပေါင်း၍ စီမံဆောင်ရွက် ပေးသွားမည် ဖြစ်ပါသည်။
ကုသရေးစင်တာတွင် အထူးကြပ်မတ် စောင့်ရှောက်မှု အခန်းများ ( HDU / ICU ) ပါရှိမည့်အပြင် ရေချိုးခန်းနှင့် သန့်စင်ခန်းများကိုလည်း လုံလောက်မှုရှိစေရန် ထားရှိ ပေးသွားမည် ဖြစ်ပါသည်။

 

capture_myo.jpg

EFD Group ၏ ဥက္ကဋ္ဌနှင့် Golden Environmental Construction Co., Ltd. (Fortune Plaza, Myanmar Expo)၏ Managing Director ဖြစ်သူ အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးစိုင်းမျိုးဝင်း( #SaiMyoWin ) က " အခုလို နိုင်ငံနှင့်တစ်ဝန်း ကျန်းမာရေး စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကာလမှာ ပြည်သူတစ်ယောက် အနေနဲ့ #အမျိုးသားရေးတာဝန် အဖြစ် ခံယူပြီး နေရာဒေသနှင့် လူမျိုး၊ ဘာသာ မခွဲခြားဘဲ မိမိတို့ တတ်နိုင်တဲ့ ဘက်ကနေ ပါဝင်အားဖြည့်ပြီး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ပြည်သူများ အနေဖြင့်လည်း ရောဂါကူးစက်ခြင်း မခံရအောင် အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့် အညီ နေထိုင်ပြီး လိုက်နာ ဆောင်ရွက်ခြင်းဖြင့် မိမိကိုယ်တိုင်နှင့် မိသားစုကို ကယ်တင်ရာရောက်ပြီး နိုင်ငံတော်ကိုလည်း တစ်ဖက်တစ်လမ်းမှ ကူညီရာ ရောက်ကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် ရောဂါကူးစက်ခြင်းကို ခံရသူများ အနေဖြင့်လည်း COVID-19 ကို တထစ်ချ အနိုင်ယူ၊ နိုင်ရမည်ဟု ယုံကြည်စွာ စိတ်နှလုံးသွင်း၍ လုံလောက်သည့် ကျန်းမာရေး စောင့်ရှောက်မှုကို ခံယူစေလိုကြောင်းနှင့် လူသားများအနေဖြင့် မဝေးတော့သော ကာလတွင် COVID-19 ကို အနိုင်ယူပြီး ပျော်ရွှင်ဖွယ်ကောင်းသော ကမ္ဘာကြီးကို ပြန်လည်၍ ရရှိနိုင်မယ်လို့ ယုံကြည်ပါကြောင်း " ပြောကြား ခဲ့ပါသည်။

Read times
Rate this item
(0 votes)