What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 18 October 2020 09:40

FORTUNE PLAZA ဝင်း တားမြစ်နယ်မြေ အဖြစ် သတ်မှတ်ထား

FORTUNE PLAZA ဝင်း တားမြစ်နယ်မြေ အဖြစ် သတ်မှတ်ထား myotaw.news

သာကေတမြို့နယ်ရှိ FORTUNE PLAZA ဝင်းအတွင်း ဖွင့်လှစ်ထားသော Happy Covid Centre ကို COVID-19 ရောဂါကုသရေးလုပ်ငန်းများဆောင်ရွက်ရာတွင်

မလိုလားအပ်သော အနှောင့်အယှက်များ မဖြစ်ပေါ်စေရေးအတွက် တားမြစ်နယ်မြေ အဖြစ် သတ်မှတ်ထားပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သာကေတမြို့နယ်၊ ၂/တောင်ရပ်ကွက်၊ မင်းနန္ဒာလမ်းမကြီးနှင့် သုမနလမ်းထောင့်ရှိ FORTUNE PLAZA ဝင်းအတွင်း ဖွင့်လှစ်ထားသော COVID-19 လူနာများထားရှိရာ Happy Covid Centre ကို အောက်တိုဘာ ၁၃ ရက်မှစ၍ တားမြစ်နယ်မြေအဖြစ် သတ်မှတ်လိုက်ကြောင်း သိရသည်။

အဆိုပါ Happy Covid Centre ၌ COVID-19 ရောဂါကုသရေးဌာနတွင် ကုသရေးလုပ်ငန်းများဆောင်ရွက် ရာတွင် မလိုလားအပ်သော အနှောင့်အယှက်များ မဖြစ်ပေါ်စေရေး၊ မလိုလားအပ်ဘဲ ဖြတ်သန်းသွားလာမှု မရှိစေရေးလူနာများနှင့် ဆေးဘက်ဆိုင်ရာတာဝန်ရှိသူများ လုံခြုံမှုရှိစေရေး၊ အများပြည်သူ စိတ်အနှောင့်အယှက် မဖြစ်ပေါ်စေရေးအတွက် တာဝန်မဲ့ ဝင်/ထွက်သွားလာခြင်းတို့ကို တားဆီးပိတ်ပင်ရန် တားမြစ်နယ်မြေအဖြစ် သတ်မှတ်ပြီး အရှေ့လားသော် မင်းနန္ဒာလမ်းမကြီး၊ အနောက်လားသော် ၂/တောင်ရပ်ကွက်၊ တောင်ဘက် လားသော်သုမနလမ်း၊ မြောက်ဘက်လားသော် ၂/မြောက်ရပ်ကွက်အထိ သတ်မှတ်ဧရိယာအတွင်း တာဝန်ရှိသူနှင့် ခွင့်ပြုချက်ရရှိသူမှအပ အခြား မည်သူမျှ ဝင်/ထွက်သွားလာခြင်းများမပြုလုပ်ရန် အမိန့်ထုတ်ပြန်သည့်နေ့မှစ၍ နှစ်လတာကာလသတ်မှတ်လိုက်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရှိရသည်။

myotaw.news

Read times
Rate this item
(0 votes)