ယခုအခါ နေပြည်တော်သို့ တိုင်းဒေသကြီး/ပြည်နယ်များမှ လာရောက် ပြည်သူများအား ဓာတ်ခွဲနမူနာ ရယူစစ်ဆေးမှုများ စတင်ပြုလုပ်လျက်ရှိရာ ဓာတ်ခွဲစမ်းသပ်ခ အခကြေးငွေသတ်မှတ်ရာ၌-
- အစိုးရအဖွဲ့ဝင်များ၊ ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများ အတွက် အခမဲ့
- နေပြည်တော်အတွင်း နေထိုင်သော ပြည်သူများအတွက် တစ်ကြိမ် လျှင် (၃၀,၀၀၀)ကျပ်
- အခြားတိုင်းဒေသကြီး/ပြည်နယ်များတွင် နေထိုင်သော ပြည်သူများအတွက် တစ်ကြိမ်လျှင် (၅၀,၀၀၀)ကျပ်
- နေပြည်တော်သို့လာကြသည့် UN ဝန်ထမ်းများနှင့် INGO အဖွဲ့အစည်း များမှ နိုင်ငံခြားသားများအား တစ်ကြိမ်လျှင် (၂၀၀,၀၀၀) ကျပ်
- မည်သူမဆို ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများမှ တရားဝင်ဖိတ်ကြားစာပါပါက အခမဲ့အဖြစ် သတ်မှတ်သည်။
ထို့အပြင် နေပြည်တော် ခုတင်(၁၀၀၀)ဆေးရုံကြီးနှင့် အထူးကုဆေးရုံများ သည် အနီးပတ်ဝန်းကျင်ဒေသများမှ ပြည်သူများ ဆေးကုသမှုခံယူရာ လွှဲပြောင်းဆေးရုံကြီး(Referral Center)များအဖြစ် လက်ခံကုသမှုပေးနေရသည်ဖြစ်ရာ ဆေးပညာကျင့်ဝတ်အရလည်းကောင်း၊ လူသားချင်းစာနာသော သော ရှုထောင့်မှလည်းကောင်း၊ နယ်ဆေးရုံများမှ ဆရာဝန်များ၏ လွှဲပြောင်းစာ (Referral Letter)ဖြင့်ရောက်ရှိလာသော လူနာများနှင့် အရေးပေါ်ဆေးကုသမှု ခံယူရန် နေပြည်တော်သို့ လာရောက်သောလူနာများအား နေပြည်တော် အဝင်ဂိတ်များတွင် ခြွင်းချက်ဖြင့် လူနာနှင့် လူနာစောင့်(၂)ဦးမှ (၃)ဦးအထိ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး၊ ဆေးရုံများရှိ သီးခြားဆောင် (Isolation Room) တွင် ထားရှိ၍ CoVID-19 ဓာတ်ခွဲနမူနာ အခမဲ့ စစ်ဆေးပေးခြင်း၊ လိုအပ်သောဆေးကုသမှုပေးခြင်းတို့ကို ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ ဓာတ်ခွဲခန်းများတွင် COVID-19ဓာတ်ခွဲစမ်းသပ်ပေးရာ၌
- ပြည်ပသို့ Relief Flight ဖြင့် လိုက်ပါမည့် မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများ၊ မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် Home Quarantine နေထိုင်မည့် နိုင်ငံခြားသားများအတွက် (၁)ကြိမ်လျှင် ဓာတ်ခွဲ စမ်းသပ်ခငွေ (၂)သိန်းကျပ်
- ပြည်ပသို့ထွက်ခွာမည့် သင်္ဘောသားများအတွက် (ဓာတ်ခွဲပစ္စည်း- Reagent များ သင်္ဘောကုမ္ပဏီမှ ဝယ်ယူပေးပြီး) ဓာတ်ခွဲ စမ်းသပ်ခ (၁)ကြိမ်လျှင် ငွေ (၁)သိန်းကျပ် ကောက်ခံလျက်ရှိပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန