What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 26 December 2020 21:08

ရန်ကုန်တိုင်းဒေသကြီးတွင် လူထုအခြေပြုဖျားနာကုဆေးခန်းစုစုပေါင်း ၂၉ ခုဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိ

ရန်ကင်းပညာရေးကောလိပ်နှင့် ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်တို့တွင် ဖွင့်လှစ်ထား သော COVID-19 ကုသရေးဌာနများကို အချိန်မရွေး ပြန်လည်အသုံးပြုနိုင်သည့်

အနေအထားဖြင့် ပိတ်သိမ်းခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဆေးတက္ကသိုလ် - ၁ (ရန်ကုန်) ၏ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

COVID-19 စစ်ဆေးကုသမည့် ပုဂ္ဂလိကဆေးရုံများတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကုသရေးလမ်းညွှန်ချက်များ၊ လုပ်ငန်းလမ်းညွှန်များ၊ အရေးပေါ်လူနာလွှဲပြောင်းရေး စနစ်များနှင့်အညီ ဆောင်ရွက်နိုင်ရေးတို့နှင့်ပတ်သက်၍လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ပေါင်းစပ်ညှိနှိုင်းရေး အစည်းအဝေးတွင် ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးက ဆွေးနွေးပြောကြားခဲ့ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ယခုရက်ပိုင်း၌ COVID-19 တွေ့ရှိမှု ၅၀၀ အောက်သို့ ဆက်တိုက်ကျဆင်းခဲ့ကြောင်း၊ COVID-19 ကုသရေးဌာနများတွင်သာမက လူထုအခြေပြုဖျားနာကုဆေးခန်းများတွင်လည်း COVID-19 လူနာများလာရောက်ပြသမှုလျော့နည်းသွားကြောင်း သိရသည်။
လူထုအခြေပြုဖျားနာကုဆေးခန်းများ၏ ပြန်ကြားရေးတာဝန်ခံ ဒေါက်တာနေမင်းထက်က “ကျွန်တော်တို့ Fever Clinic တွေမှာ လူနာတွေက လျော့လာပါတယ်။ အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ယှဉ်ရင် တစ်ဝက်နီးပါးလျော့သွားတယ်။ ရန်ကုန်တိုင်းဒေသကြီးမှာ နိုဝင်ဘာလလယ်ကစပြီး လျော့သွားတာ အခုထိပါပဲ။’’ ဟု ဆင်ဟွာသို့ ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် လူထုအခြေပြုဖျားနာကုဆေးခန်းစုစုပေါင်း ၂၉ ခုဖွင့်လှစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
“ရန်ကုန်တိုင်းဒေသကြီးမှာ လူနာတွေလျော့လာတာတော့အမှန်ပဲ။ ရန်ကုန်လျော့ပေမယ့် တခြားနေရာတွေမှာ တက်လာတယ်။ ဒါပေမယ့် ပိုးတွေ့တဲ့နှုန်းက ၅ ရာခိုင်နှုန်းအောက်နည်းသွားတယ်။’’ ဟုဒေါက်တာနေမင်းထက် က ဆက်ပြောခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့နှင့် My Event တို့ ပူးပေါင်း၍ ပြည်သူ လူထုအတွင်း အမူအကျင့်ပြောင်းလဲခြင်းဆိုင်ရာ သင်္ကေတများ (Stop COVID Sign) အသုံးပြု ၍ ဆောင်ရွက်မည့် COVID-19 ရောဂါ ကာကွယ်ရေး အမူအကျင့်ပြောင်းလဲရေးဆိုင်ရာ လူထု လှုပ်ရှားမှု (New Normal Life in Yangon) ကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
(Xinhua)

Read times
Rate this item
(0 votes)