What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Thursday, 05 November 2020 16:34

ပုဂ္ဂလိက ဆေးရုံများနှင့် ပူးပေါင်း၍ COVID-19 ရောဂါရှာဖွေမှုနှင့် ကုသမှုလုပ်ငန်းများ မကြာမီ စတင်ဆောင်ရွက်မည်

ပုဂ္ဂလိက ဆေးရုံများနှင့် ပူးပေါင်း၍ COVID-19 ရောဂါရှာဖွေမှုနှင့် ကုသမှုလုပ်ငန်းများကို မကြာမီစတင်ဆောင်ရွက်တော့မည် ဖြစ်ကြောင်း

ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားခဲ့သည်။ 

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ပံ့ပိုးကူညီဆောင်ရွက်နေသော စေတနာ့ဝန်ထမ်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ နှင့် ပရဟိတအသင်းများမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ဆွေးနွေးခြင်းနှင့် အကြံပြုတင်ပြခြင်း အစည်းအဝေးအား နိုဝင်ဘာ ၄ ရက်တွင် Videoconferencing စနစ်ဖြင့် ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ထိုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံပုဂ္ဂလိကဆေးရုံများအသင်း ဥက္ကဋ္ဌ ဒေါက်တာထင်ပေါ်က "အသင်းအနေနဲ့ကတော့ လတ်တလောမှာ ရှာဖွေတာနဲ့ ကုသတာအတွက် ဝန်ကြီးဌာနကို အထူးသဖြင့် ရန်ကုန်တိုင်းမှာ ဆေးရုံ ၅၇ ရုံ ရှိတာပေါ့ ။ မန္တလေးမှာ ၄၀ ကျော် ရှိတယ်။ တစ်နိုင်ငံလုံးမှာတော့ အားလုံး ၂၃၀ ကျော် ရှိတာပေါ့ ။ အဲဒီကနေ COVID-19 လူနာတွေနဲ့ ပတ်သက်ပြီး လုပ်ပေးနိုင်တဲ့ အတိုင်းအတာပေါ့။ အဲဒါကို category A,B,C,D လေးမျိုးခွဲလိုက်တယ်။ A က COVID-19 ဟုတ်လား မဟုတ်လား စစ်ပေးမယ်။ B က လာစစ်တဲ့ သံသယလူနာတွေကို သက်ဆိုင်ရာဆေးရုံမှာ ထားပြီးတော့ Quarantine သဘောမျိုးနဲ့ ထားဖို့ ၊ C က COVID-19 လူနာ သေချာသွားရင် ကုသပေးဖို့ ၊ D အဆင့်ကတော့ အမြင့်ဆုံး ဖြစ်သွားပြီ ပြင်းထန်လူနာတွေကို ကုပေးဖို့ ဆိုပြီး အဲဒါတွေကို ဝန်ကြီးဌာနကို စာရင်းပေးလိုက်တယ်။ တစ်နိုင်ငံလုံးမှာ စာရင်းပေးတာ ၅၂ ရုံ ရှိတယ်။ အဲဒီ ၅၂ ရုံမှာ အားလုံးကို ကုပေးနိုင်တဲ့ ဆေးရုံက ၂ ရုံပဲ ရှိတယ်။ အဲဒီ ၂ ရုံကတော့ ကနဦး အစိုးရကနေပြီးတော့ ခွင့်ပြုမယ်လို့ သိရတယ်။ အစိုးရကနေပြီးတော့ အဲလို ခွင့်ပြုမယ်ဆိုတဲ့ အပေါ်မှာ သက်ဆိုင်ရာ ဆေးရုံက လျှောက်ရအုန်းမယ်။ သူက Guideline ပေးထားတဲ့အတိုင်း လျှောက်ရမယ်။ အခု Guideline တော့ ပေးပြီ။ပေးတဲ့အတိုင်း လျှောက်ဖို့ လုပ်နေတယ်။ လျှောက်ပြီးရင်လဲ တိုက်ရိုက် ခွင့်မပြုဘူး ။ လာစစ်အုန်းမှာ ။”ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အစွမ်းထက်မြက်သော COVID-19 ကာကွယ်ဆေးပေါ်ထွက်လာပြီး လူဦးရေအများစုမရရှိခင် အချိန်အထိ COVID-19 ကူးစက်မှု ဒုတိယလှိုင်း၏နောက်တွင်လည်း ကူးစက်မှုလှိုင်းငယ်များရှိလာနိုင်ကြောင်း၊ ပြည်သူများအနေဖြင့် COVID-19 ကာကွယ်ရေး စည်းကမ်းများကို မိမိအရေးကဲ့သို့ သဘောထားကာ တိကျစွာလိုက်နာပါက အဆိုပါ လှိုင်းများ တစ်ခုနှင့် တစ်ခု ဖြစ်ပွားမှု ဝေးကွာပြီး မကြီးမားနိုင်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
COVID-19 သည် ကျန်းမာရေးကဏ္ဍတွင်သာမက လူမှုရေး၊ စီးပွားရေး၊ ပညာရေးစသည့် ကဏ္ဍအမျိုးမျိုးကိုပါထိခိုက်စေခြင်းဖြစ်သဖြင့် COVID-19 ကာကွယ်ရေးစည်းကမ်းများကို အလေးထား လိုက်နာကြရန် အထူးအရေးကြီးကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၌ နိုဝင်ဘာ ၄ ရက်အထိ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း ၅၆၉၄၀ ဦး ရှိပြီး ဆေးရုံဆေးခွင့် ရရှိသူပေါင်း ၄၀,၇၇၈ ဦး ၊ သေဆုံးလူနာ ၁၃၃၀ ဦး ရှိလာခဲ့ကြောင်း သိရသည်။
(Xinhua)

Read times
Rate this item
(0 votes)