What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 22 December 2020 22:49

Mandarin Orchard ဟိုတယ်တွင် Q ဝင်သူ ၁၃ ဦး ကိုဗစ်ကူးစက်မှု ဖြစ်ပွားခဲ့

ဘာရိန်း၊ မြန်မာ၊ ကနေဒါ၊ အင်ဒိုနီးရှားဦ နယ်သာလန်၊ တောင်ကိုရီးယား၊ ယူအေအီး၊ ယူကေ၊ အမေရိကန်နှင့် ဖိလစ်ပိုင် နိုင်ငံများ ရောက်ရှိလာကြသူများ ဖြစ်ပြီး

ကိုဗစ်ကူးစက်ခံရသော ပြည်ပဆိုက်ရောက် ခရီးသွား ၁၃ ဦးတို့သည် Mandarin Orchard ဟိုတယ်တွင် အောက်တိုဘာလ ၂၂ ရက်မှ နိုဝင်ဘာလ ၁၁ ရက်အထိ quarantine ဝင်ခဲ့ကြသူများ ဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

Mandarin Orchard သည် စင်ကာပူတွင် နေထိုင်သူများ ပြည်ပသို့ ခရီးမထွက်ရသဖြင့် ရသေ့စိတ်ဖြေ ဟိုတယ်မှာ staycation နေထိုင်ရန် အာဏာပိုင်တို့က အတည်ပြု ခွင့်ပြုချက် ပေးထားသော ဟိုတယ်တစ်ခု ဖြစ်သည်။

quarantine ဝင်သူများကို သတ်မှတ်ထားသော အထပ်များတွင် သီးခြားထားရှိပြီး အခြားဧည့်သည်များနှင့် တသီးတခြား အမြဲဖြစ်နေအောင်လည်း စီမံထားသော်ငြားလည်း ရောဂါကူးစက်မှု ဖြစ်ပွားမည်ကို စိုးရိမ် ပူပန်မှုများ ရှိနေသည်။
ပြည်တွင်းကူးစက်မှုများ အမြစ်ပြတ်ဖို့ လုပ်ကိုင်နေချိန်တွင် ယခုလို အုပ်စုလိုက် ကူးစက်ခြင်းကြောင့် စိုးရိမ်ပူပန်မှု ရေချိန် မြင့်မားစေသည်။

Mandarin Orchard တွင် လုပ်ကိုင်နေသော ဝန်ထမ်း ၅၇၁ ဦးကို ဆေးစစ်ခဲ့ရာ ကိုဗစ်ကူးစက်ခံထားရခြင်း မရှိကြောင်း တွေ့ရသည်။
ဟိုတယ်တွင် quarantine ဝင်သည့် နိုင်ငံခြားသားများအကြားတွင်သာ ကူးစက်မှု ၁၃ ခု ဖြစ်ပွားခဲ့ခြင်းဖြစ်ရာ ဟိုတယ်တွင် quarantine ဝင်နေစဉ် ကူးစက်ကုန်သည်ဖြစ်ရာ ရောဂါကူးစက်ရာ နေရာတစ်ခု ဖြစ်နေနိုင်သည်ဟု သံသယ ရှိနေသည်။

bloomberg.com/news

Read times
Rate this item
(0 votes)