What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Friday, 16 July 2021 13:03

ပုဂ္ဂလိကဆေးရုံ၊ဆေးခန်းများတွင် အီလက်ထရောနစ်ငွေပေးချေမှုနည်းလမ်းများဖြင့် အဆင်ပြေချော‌ မွေ့စွာ ဆောင်ရွက်နိုင်ရေးကိစ္စ

ပုဂ္ဂလိကဆေးရုံ၊ဆေးခန်းများတွင် အီလက်ထရောနစ်ငွေပေးချေမှုနည်းလမ်းများဖြင့် အဆင်ပြေချော‌ မွေ့စွာ ဆောင်ရွက်နိုင်ရေးကိစ္စ။


၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် Digital စီးပွားရေးအဆောက်အအုံသို့ အသွင်ကူးပြောင်း ဆောင်ရွက်မှုလုပ်ငန်းစဉ်များအား အရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန်နှင့် ငွေပေးချေမှုစနစ်များ ပိုမိုထိရောက်စွာအကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ အစိုးရအဖွဲ့အစည်း များနှင့် အများပြည်သူတို့မှ ငွေသားသုံးစွဲမှုကို လျော့ချပြီးအစိုးရဌာနများ၊ လူပုဂ္ဂိုလ်နှင့် စီးပွား ရေးလုပ်ငန်းများအကြား ငွေပေးချေမှုပြုရာတွင် Digital နည်းလမ်းကို အများဆုံးအသုံးပြု၍ ဆောင်ရွက်သွားရန် ရည်ညွှန်းပါစာများဖြင့် ညွှန်ကြားထားပြီး တွန်းအားပေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။
ရည်ညွှန်း(၃)ပါစာဖြင့် “ငွေပေးချေရာတွင် A/C Transfer ၊ Digital Payment များဖြင့် ပိုမိုပေးချေရေးကို ဘဏ်များမှ Target ထား ဆောင်ရွက်ရန်နှင့် ဘဏ်နှင့်ဆက်သွယ်သူ Merchants များ၏ Digital Sales (Pay/ Wallet/ Cards/ Account Transfer)များပေါ်တွင် တစ်လအတွင်း ရောင်းချမှုပမာဏ၏ (အများဆုံး) ၅၀ ရာခိုင်နှုန်းအထိသာ ငွေသားထုတ်ယူခွင့် (၁)လလျှင် (၂)ကြိမ် (သို့မဟုတ်) (၃)ကြိမ်ခန့်ထိ စိစစ်ခွင့်ပြုရန်” အတွက် ဘဏ်များအားလုံး သို့ ညွှန်ကြားထားပြီးဖြစ်ပါသည်။

၂။ ယခုလတ်တလော မြန်မာနိုင်ငံ၌ Covid 19 တတိယလှိုင်း ဖြစ်ပွားလျက်ပြီး၊ တိုင်းဒေသ ကြီးနှင့်ပြည်နယ်များ၌ Stay at home အစီအစဉ်များဆောင်ရွက်လျှက်ရှိရာ သက်ဆိုင်ရာ ဆေးရုံ၊ ဆေးခန်းများ၌ ဆေးကုသမှုခံယူသူများအနေဖြင့် ဘဏ်သို့သွားရောက်ရန် အခက်အခဲ များရှိနေခြင်း၊ ရောဂါကူးစက်လွယ်သည့် ငွေသားများအား ကိုင်တွယ်သုံးစွဲရန် မသင့်လျော်ခြင်း နှင့် အခြားအရေးကြီးလူနာများအနေဖြင့်လည်း ဆေးကုသစရိတ်များပေးချေရာတွင် ငွေသားဖြင့် ပေးချေရန် အခက်အခဲများရှိကြောင်း သိရှိရပါသည်။

၃။ သို့ဖြစ်ပါ၍ ပြည်သူလူထု၏ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ငွေပေးချေ မှုများအား အဆင်ပြေစွာဆောင်ရွက်နိုင်စေရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေး ဦးစီးဌာနမှ ဆေးရုံ ၊ဆေးခန်း ဖွင့်လှစ်ခွင့်လိုင်စင်ပေးထားသော ပုဂ္ဂလိကဆေးရုံ၊ဆေးခန်းများတွင် ဆေးကုသမှုခံယူခြင်းဆေးဝါးနှင့် ဆေးပစ္စည်းများဝယ်ယူခြင်းတို့အတွက် ငွေပေးချေမှုများအား အထက်အပိုဒ်(၁)ပါ အီလက်ထရောနစ်ငွေပေးချေမှုနည်းလမ်းများဖြင့် ဦးစားပေးလက်ခံဆောင် ရွက်စေရန်နှင့် အဆိုပါ Digital Payment ဖြင့်လက်ခံရောင်းချထားသည့် ငွေပမာဏ၏ အများဆုံး ၅၀ ရာခိုင်နှုန်းကို (၁)လလျှင် (၂)ကြိမ် (သို့မဟုတ်) (၃)ကြိမ်ခန့်ထိ စိစစ်၍ သက်ဆိုင်ရာဘဏ် များမှ ငွေသားထုတ်ပေးမည်ဖြစ်ပါသဖြင့် ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများအသီးသီးမှ ပူးပေါင်းဆောင်ရွက်နိုင်ရေး ညွှန်ကြားပေးနိုင်ပါရန် ညှိနှိုင်းအကြောင်းကြားအပ်ပါသည် ။

#MyanmarHealthGuide

 

214159569_2054792828006524_387533995397283591_n.jpg

210034935_2054792864673187_3901420337838982987_n.jpg

Read times
Rate this item
(0 votes)