What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Sunday, 12 September 2021 13:04

ပုဂ္ဂလိကကဏ္ဍများကို COVID-19 ကာကွယ်ဆေးများ ထိုးနှံရန်ခွင့်ပြုထား

ပုဂ္ဂလိကကဏ္ဍများကို COVID-19 ကာကွယ်ဆေးများထိုးနှံရန် ခွင့်ပြုထားခြင်းကြောင့် ပုဂ္ဂလိကကဏ္ဍမှ ကာကွယ်ဆေးများ ထိုးနှံပေးနေပြီး

တရုတ်ကုန်သည်ကြီးများအသင်းအနေဖြင့် ကာကွယ်ဆေးများကို ပန်းလှိုင်ဆေးရုံတွင် ပူးတွဲထိုးနှံပေးနေကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

“ပုဂ္ဂလိကကဏ္ဍကို ကာကွယ်ဆေးတွေထိုးနှံဖို့ ခွင့်ပြုထားတာဖြစ်တဲ့အတွက်ကြောင့် ပုဂ္ဂလိကကဏ္ဍကလည်း ကာကွယ်ဆေးတွေ ထိုးနှံပေးနေတာရှိပါတယ်။ တရုတ်ကုန်သည်ကြီးများ အသင်းကစီစဉ်တဲ့ သုဝဏ္ဏဘူမိ Event Park မှာ ဒါမျိုးတွေ ထိုးနှံပေးတာရှိပါတယ်။ တရုတ်ကုန်သည်ကြီးများအသင်းက ပန်းလှိုင်မှာတော့ ကာကွယ်ဆေးတွေ ပူးတွဲပြီးတော့ ထိုးနှံပေးတာရှိပါတယ်။ ကျန်တဲ့ဆေးရုံတွေမှာ စကားပြောဆိုနေဆဲရှိပါတယ်” ဟု ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သုဝဏ္ဏဘူမိ Event Park တွင် သြဂုတ် ၂၄ ရက်က ကာကွယ်ထိုးနှံရေးစင်တာ စတင်ဖွင့်လှစ်ခဲ့ပြီး ကြိုတင်စာရင်းပေးသူများကို ကာကွယ်ဆေး စတင်ထိုးနှံခဲ့သည်။

အဆိုပါစင်တာကို ကျန်းမာရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်နှင့် ရန်ကုန်တိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ် (MCCOC) က ဦးစီးဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

COVID-19 ကာကွယ်ထိုးနှံရေးစင်တာတွင် ကြိုတင်စာရင်းပေးထားသူများကိုသာ ဆေးထိုးနှံခြင်းဖြစ်ကြောင်းနှင့် Sinopharm Vaccine အမျိုးအစား ထိုးနှံပေးကြောင်း လူတစ်ဦးလျှင် ဆေးထိုးစရိတ် ကျပ်ငါးသောင်းကျသင့်ကြောင်း သိရသည်။

news-eleven.com

Read times Last modified on Sunday, 12 September 2021 13:05
Rate this item
(0 votes)