What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Saturday, 07 August 2021 22:17

အာရှတော်ဝင်ဆေးရုံမှ COVID - 19 လက်ခံကုသပေးရေး အစီအစဉ် (၃)ခု

အာရှတော်ဝင်ဆေးရုံမှ COVID - 19  လက်ခံကုသပေးရေး အစီအစဉ် (၃)ခု

• COVID - 19 ပြင်ပလူနာ လက်ခံကုသပေးရေးအစီအစဉ်။
• COVID - 19 ကူးစက်ရောဂါခံစားနေရသောလူနာများကို အတွင်းလူနာအဖြစ်လက်ခံကုသပေးခြင်းအစီအစဉ်။
• POST COVID - 19 ပြင်ပလူနာများ လက်ခံကုသပေးရေးအစီအစဉ်


၎င်းအစီအစဉ်များအား အာရှတော်ဝင်ဆေးရုံ၏ နေ့စဉ်နှင့်အမျှ လက်ခံကုသနိုင်သည့် အခြေအနေပေါ်မူတည်၍ကုသမှုများပေးသွားမည်ဖြစ်ရာ လူနာများအနေဖြင့် အောက်ဖော်ပြပါ သက်ဆိုင်ရာ Viber ဖုန်းနံပါတ်များသို့ လူနာ၏အချက်အလက်များကိုဖြည့်သွင်း၍ ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်းအသိပေး ကြေငြာအပ်ပါသည်။


COVID - 19 ပြင်ပလူနာ လက်ခံကုသပေးရေးအစီအစဉ်အတွက်
ဆက်သွယ်ရန် Viber ဖုန်းနံပါတ်
၀၉ ၇၅၈၉၉၂၁၂၆

(COVID - 19)ကူးစက်ရောဂါခံစားနေရသောလူနာများကို အတွင်းလူနာအဖြစ်လက်ခံကုသပေးခြင်းအစီအစဉ်အတွက်
ဆက်သွယ်ရန် Viber ဖုန်းနံပါတ်
၀၉ ၇၅၆၈၈၁၀၇၉
၀၉ ၇၇၈၃၅၂၁၃၃

POST COVID - 19 ပြင်ပလူနာများ လက်ခံကုသပေးရေးအစီအစဉ်အတွက်
ဆက်သွယ်ရန် Viber ဖုန်းနံပါတ်
၀၉ ၉၇၁၈၀၄၇၀၅

(မှတ်ချက်။ ။၎င်းဖုန်းနံပါတ်များသည် လူနာ၏အချက်အလက်များပေးပို့၍ ကြိုတင်စာရင်းပေးသွင်းခြင်းကို လက်ခံရန်သာဖြစ်ပါသည်။ အခြားသိလိုသော အကြောင်းအရာများကို လက်ခံဆွေးနွှေးပေးခြင်း မပြုလုပ်ပါ။)

ဖြည့်သွင်းရမည့် လူနာ၏အချက်အလက်များမှာ
- လူနာအမည်
- အသက်
- ကျား/မ
- ရောဂါစတင်ဖြစ်ပွားသည့်နေ့မှ ယနေ့အထိရက်ပေါင်း(?)ရက်
- သွေးအတွင်းအောက်စီဂျင်ရှိမှုရာခိုင်နှုန်း (SPO2 %) ယမန်နေ့ (?)၊ ယနေ့ (?)
- လူနာ၏ရောဂါနှင့်ပါတ်သက်သည့် ထူးခြားသည့်အချက်များ
- လိပ်စာ (မြို့နယ်)

ဩဂုတ်လမှစတင်၍ လက်ခံကုသပေးနေပြီဖြစ်ပါသည်။

Read times
Rate this item
(0 votes)