What's New



×

Warning

JUser: :_load: Unable to load user with ID: 62

Tuesday, 26 October 2021 09:24

အသစ်ဖွင့်လှစ်လိုက်သော “ဆေးဝါးမြို့” အား အီဂျစ်နိုင်ငံက ဒေသတွင်း ဆေးဝါးဆိုင်ရာအချက်အချာအဖြစ် ပြောင်းလဲရန် ရည်ရွယ်

ကိုင်ရိုမြို့တွင် မကြာသေးမီက ဖွင့်လှစ်ခဲ့သော ဆေးဝါးမြို့သည် အရည်အသွေးမြင့်ထုတ်ကုန်များဖြင့် ပြည်တွင်းနှင့် ဒေသတွင်း ဈေးကွက်များ အာမခံချက်ရှိသော

ဒေသတွင်း ဆေးဝါးဆိုင်ရာအချက်အချာအဖြစ်သို့ ပြောင်းလဲရန် အီဂျစ်နိုင်ငံက ရည်မှန်းထားကြောင်း သိရသည်။
“ကျွန်တော်တို့ရဲ့ ခရီးမှာ အဓိကသမိုင်းမှတ်တိုင်အဖြစ် နိုင်ငံများစွာမှ ကုမ္ပဏီတွေနဲ့ ပို့ကုန်ရည်မှန်းထားခြင်း အတွက် ဒေသတွင်း ဆေးဝါးဆိုင်ရာအချက်အချာတစ်ခု ထူထောင်ဖို့ မဟာဗျူဟာမြောက် လမ်းပြမြေပုံတစ်ခု တည်ဆောက်နေပါတယ်” ဟု ဆေးဝါးမြို့အဖြစ် လူသိများသော Gypto Pharma ၏ ဥက္ကဋ္ဌနှင့် စီအီးအို Amre Mamdouh က ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ဆေးဝါးအာမခံချက်ရရှိခြင်း၊ နိုင်ငံတကာကုမ္ပဏီများအား ဆွဲဆောင်ခြင်းနှင့် ဆေးဝါးထုတ်လုပ်မှုလုပ်ငန်း ကန့်သတ်ခြင်းသည် ၎င်းတို့၏ အဓိကပန်းတိုင်များအကြား အပါအဝင်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။
ကိုင်ရိုင်မြို့မြောက်ပိုင်း Qalyubia ပြည်နယ်တွင် တည်ရှိပြီး ဧပြီလက ဖွင့်ပွဲပြုလုပ်ခဲ့သော ဆေးဝါးမြို့သည် ဧရိယာ ၁၈၀,၀၀၀ စတုရန်းမီတာ ရှိသည်။ ဆေးဝါးမြို့တွင် ယင်းနယ်ပယ်ရှိ အဓိက နိုင်ငံတကာကုမ္ပဏီများအား ဆွဲဆောင်ရန် ဆေးဝါးထုတ်လုပ်ရေး၌ အဆင့်မြင့်နည်းပညာများနှင့် စနစ်များ တပ်ဆင်ထားကြောင်း သိရသည်။
လက်ရှိအဆင့်တွင် ဧရိယာ ၁၂၀,၀၀၀ စတုရန်းမီတာ လွှမ်းခြုံထားပြီး တိုင်းရင်းဆေးဝါးထုတ်လုပ်ခြင်း၊ စီမံခန့်ခွဲခြင်း၊ စက်မှုလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများနှင့် ကွန်ရက်များအတွက် အဆောက်အအုံများ ပါဝင်ကြောင်း ဥက္ကဋ္ဌက ပြောခဲ့သည်။
အနာဂတ်အဆင့်တွင်မူ ဧရိယာ ၆၀,၀၀၀ စတုရန်းမီတာရှိပြီး ဇီဝဗေဒထုတ်ကုန်များ၊ ကင်ဆာရောဂါဆေးဝါးများ၊ Beta-Lactam ပဋိဇီဝဆေးဝါးများ၊ ဟော်မုန်းဆေးများနှင့် ကာကွယ်ဆေးများ ထုတ်လုပ်သည့် စက်ရုံများ ပါဝင်မည်ဖြစ်သည်။
တိုင်းရင်းဆေးဝါးများနှင့် ဆက်စပ်သော အဆောက်အအုံများတွင် ဆေးပြားများ၊ ဆေးတောင့်များ၊ ဆေးအထုပ်များနှင့် ရေဆူဆေးပြား၊ ဆေးမှုန့်ထုတ်လုပ်ခြင်းများအတွက် ထုတ်လုပ်ရေးလိုင်းများ အခိုင်အမာ ပြင်ဆင်ခြင်းမတွက် စက်ရုံတစ်ရုံ ပါဝင်ကြောင်း သိရသည်။
ထို့ပြင် လိမ်းဆေးများ၊ ခရင်မ်များ၊ စအိုအတွင်းထည့်သည့်ဆေးတောင့်များနှင့် ဆေးတောင့်အပျော့များအတွက် ထုတ်လုပ်ရေးလိုင်းများ ပါဝင်သည်။
အဆောက်အအုံများတွင် သောက်ဆေးအရည်များနှင့် အစက်ချဆေးများအတွက် ထုတ်လုပ်မှုလိုင်းများ ပါဝင်သော အရည်ပြင်ဆင်မှုများအတွက် စက်ရုံတစ်ရုံလည်း ပါဝင်ကြောင်း၊ မျက်စဉ်းများ၊ သွားဘက်ဆိုင်ရာ ထုံဆေး၊ မေ့ဆေးများ၊ ထိုးပေးလေလုံပုလင်းများနှင့် အကြောဆေးအရည်များအတွက် ထုတ်လုပ်ရေးလိုင်းများပါဝင်သော ပိုးသတ်ရန်ပြင်ဆင်မှုအတွက် စက်ရုံတစ်ရုံပါဝင်ကြောင်း သိရသည်။
ကုမ္ပဏီ၏ မဟာဗျူဟာသည် ပြည်တွင်းနှင့် ကမ္ဘာ့ဈေးကွက်အား ကျင့်ဝတ်ရှိစွာထိုးဖောက်ရန်နှင့် စံချိန်မီ အရည်အသွေမြင့်ဆေးဝါးများ ထုတ်လုပ်ရန် ဖြစ်ကြောင်း Mamdouh က ဆိုသည်။
“ကျွန်တော်တို့အနေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုလုံးဝမရှိစေတဲ့ အစွမ်းထက်ဆေးဝါးတွေရရှိရေး အရင်းအမြစ်များကို ထိထိရောက်ရောက်အသုံးပြုဖို့ ကတိပြုထားပါတယ်” ဟု Mamdouh က ပြောခဲ့သည်။

(Xinhua)

 

Read times Last modified on Tuesday, 26 October 2021 09:25
Rate this item
(0 votes)